ပစ်ဖို့ဒ်ကို အနီကတ်ပြခဲ့သင့်ကြောင်း မိုက်ကယ်အိုလီဗာ ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ မိုက်ကယ်အိုလီဗာက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဗန်ဒိုက်ကို ဒဏ်ရာရအောင် ဖျက်ထုတ်ခဲ့တဲ့ ဂျော်ဒန် ပစ်ဖို့ဒ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့သင့်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အဲဗာတန်ဂိုးသမားဟာ လီဗာပူး ကြယ်ပွင့် ကစားသမားအပေါ် ရှင်းထုတ်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခြင်း မခံခဲ့ရပေမယ့် နယ်သာလန်ကြယ်ပွင့်ကတော့ ဒူးအရွတ်ပျက်စီးမှု ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရဖွယ် ရှိနေပါတယ်။ အိုလီဗာ နှင့် VAR ဒိုင်လူကြီး ဒေးဗစ် ကူတီတို့ဟာ အဆိုပါ ဖြစ်စဉ်ကို ကိုယ်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပါတယ်။

ကူတီက အဆိုပါ ဖြစ်ရပ် မတိုင်ခင် တစ်မိနစ်အလိုမှာ ဗန်ဒိုက်အနေနဲ့ လူကျွံနေခဲ့တဲ့အတွက် လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့ပြီး ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုကို ထည့်သွင်းစဉ်းစားခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။ လူကျွံနေတဲ့အတွက် ပင်နယ်တီပေးလို့ မရပေမယ့် ပစ်ဖို့ဒ်ကိုတော့ အနီကတ်ပြသဖို့ အခွင့်အရေး ရှိခဲ့ကြောင်း အိုလီဗာက ဝန်ခံပြောကြားခဲ့ပါတယ်။

အနီကတ် ပြစ်ဒဏ်က ဗန်ဒိုက်ရဲ့ ဒဏ်ရာကို ပြန်လည်သက်သာစေနိုင်မှာ မဟုတ်ပေမယ့် ( 1 – 0 ) ရလာဒ်နဲ့ ဦးဆောင်နေတဲ့ လီဗာပူးအတွက် ကြီးမားတဲ့ အားသာချက်တစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ပွဲပြီးချိန်မှာတော့ တစ်ဖက် ( ၂ ) ဂိုးစီ သရေကျခဲ့ပါတယ်။

မိုက်ကယ် အိုလီဗာက Daily Mail သတင်းစာနဲ့ အင်တာဗျူး တစ်ခုမှာ ယခုလို ပြောကြားခဲ့ပါတယ်။ ” အစောပိုင်းမှာ လူကျွံဘော ဖြစ်နေတဲ့အတွက် ပင်နယ်တီပေးလို့ မရဘူး ဆိုတာပဲ အဓိက တွေးမိပါတယ်။ ” ” ဒါကြောင့် VAR ကို အကူအညီ တောင်းခဲ့ပါတယ်။ တကယ်လို့ လူကျွံမနေဘူးဆိုရင် ပင်နယ်တီပေးမှာပါ။ ”

” ကျွန်တော် ဒါကို အကြိမ်များစွာကြည့်ခဲ့တယ်။ ပစ်ဖို့ဒ်အနေနဲ့ သူ့ကိုယ်သူ ကာကွယ်ဖို့ လှုပ်ဆောင်ခဲ့တာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်က မှားယွင်းသွားပြီး ယခုလို ဒဏ်ရာပြဿနာ ဖြစ်ပေါ်စေခဲ့ပါတယ်။”

” ကျွန်တော် အပါအဝင် ဒိုင်လူကြီးတွေက တစ်ကယ် ဆောင်ရွက်သင့်တဲ့အရာကို မတွေးမိခဲ့ကြပါဘူး။ ” ” ကျွန်တော်တို့အနေနဲ လူကျွံဘောအဖြစ် သတ်မှတ်နိုင်သလို ပစ်ဖို့ဒ်ကိုလည်း ထုတ်ပယ်ခွင့်ရှိခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားတာက ဘယ်ကစားသမားကမှ အနီကတ်ပြဖို့ တောင်းဆိုတာမျိုး မရှိခဲ့ပါဘူး။ ” ” ကျွန်တော်တို့အနေနဲ့ လူကျွံဘော အဖြစ်သတ်မှတ်ပြီး ပစ်ဖို့ဒ်ကို ပြစ်ဒဏ် ချမှတ်ခဲ့သင့်ပါတယ်။ ”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မာေဆးဆိုဒ္ ဒါဘီ ပြဲစဥ္ကို ကိုင္တြယ္ခဲ့တဲ့ မိုက္ကယ္အိုလီဗာက ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ ဗန္ဒိုက္ကို ဒဏ္ရာရေအာင္ ဖ်က္ထုတ္ခဲ့တဲ့ ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ကို အနီကတ္ျပ ထုတ္ပယ္ခဲ့သင့္ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။ အဲဗာတန္ဂိုးသမားဟာ လီဗာပူး ၾကယ္ပြင့္ ကစားသမားအေပၚ ရွင္းထုတ္မႈနဲ႔ ပတ္သက္ၿပီး ျပစ္ဒဏ္ေပးျခင္း မခံခဲ့ရေပမယ့္ နယ္သာလန္ၾကယ္ပြင့္ကေတာ့ ဒူးအ႐ြတ္ပ်က္စီးမႈ ဒဏ္ရာေၾကာင့္ ရာသီကုန္ထိ အနားယူရဖြယ္ ရွိေနပါတယ္။

အိုလီဗာ ႏွင့္ VAR ဒိုင္လူႀကီး ေဒးဗစ္ ကူတီတို႔ဟာ အဆိုပါ ျဖစ္စဥ္ကို ကိုယ္တြယ္ပုံနဲ႔ ပတ္သက္ၿပီး ေဝဖန္ခံခဲ့ရပါတယ္။ ကူတီက အဆိုပါ ျဖစ္ရပ္ မတိုင္ခင္ တစ္မိနစ္အလိုမွာ ဗန္ဒိုက္အေနနဲ႔ လူကြၽံေနခဲ့တဲ့အတြက္ လူကြၽံေဘာအျဖစ္သာ သတ္မွတ္ခဲ့ၿပီး ပစ္ဖို႔ဒ္ရဲ႕ ဖ်က္ထုတ္မႈကို ထည့္သြင္းစဥ္းစားျခင္း မျပဳရန္ ဆုံးျဖတ္ခဲ့ပါတယ္။ လူကြၽံေနတဲ့အတြက္ ပင္နယ္တီေပးလို႔ မရေပမယ့္ ပစ္ဖို႔ဒ္ကိုေတာ့ အနီကတ္ျပသဖို႔ အခြင့္အေရး ရွိခဲ့ေၾကာင္း အိုလီဗာက ဝန္ခံေျပာၾကားခဲ့ပါတယ္။

အနီကတ္ ျပစ္ဒဏ္က ဗန္ဒိုက္ရဲ႕ ဒဏ္ရာကို ျပန္လည္သက္သာေစႏိုင္မွာ မဟုတ္ေပမယ့္ ( 1 – 0 ) ရလာဒ္နဲ႔ ဦးေဆာင္ေနတဲ့ လီဗာပူးအတြက္ ႀကီးမားတဲ့ အားသာခ်က္တစ္ခု ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ ပြဲၿပီးခ်ိန္မွာေတာ့ တစ္ဖက္ ( ၂ ) ဂိုးစီ သေရက်ခဲ့ပါတယ္။ မိုက္ကယ္ အိုလီဗာက Daily Mail သတင္းစာနဲ႔ အင္တာဗ်ဴး တစ္ခုမွာ ယခုလို ေျပာၾကားခဲ့ပါတယ္။

” အေစာပိုင္းမွာ လူကြၽံေဘာ ျဖစ္ေနတဲ့အတြက္ ပင္နယ္တီေပးလို႔ မရဘူး ဆိုတာပဲ အဓိက ေတြးမိပါတယ္။ ” ” ဒါေၾကာင့္ VAR ကို အကူအညီ ေတာင္းခဲ့ပါတယ္။ တကယ္လို႔ လူကြၽံမေနဘူးဆိုရင္ ပင္နယ္တီေပးမွာပါ။ ” ” ကြၽန္ေတာ္ ဒါကို အႀကိမ္မ်ားစြာၾကည့္ခဲ့တယ္။ ပစ္ဖို႔ဒ္အေနနဲ႔ သူ႔ကိုယ္သူ ကာကြယ္ဖို႔ လႈပ္ေဆာင္ခဲ့တာလို႔ ထင္ခဲ့တယ္။ ဒါေပမယ့္ သူ႔ရဲ႕ လုပ္ရပ္က မွားယြင္းသြားၿပီး ယခုလို ဒဏ္ရာျပႆနာ ျဖစ္ေပၚေစခဲ့ပါတယ္။” ” ကြၽန္ေတာ္ အပါအဝင္ ဒိုင္လူႀကီးေတြက တစ္ကယ္ ေဆာင္႐ြက္သင့္တဲ့အရာကို မေတြးမိခဲ့ၾကပါဘူး။ ” ” ကြၽန္ေတာ္တို႔အေနနဲ လူကြၽံေဘာအျဖစ္ သတ္မွတ္ႏိုင္သလို ပစ္ဖို႔ဒ္ကိုလည္း ထုတ္ပယ္ခြင့္ရွိခဲ့ပါတယ္။ ဒါေပမယ့္ ထူးျခားတာက ဘယ္ကစားသမားကမွ အနီကတ္ျပဖို႔ ေတာင္းဆိုတာမ်ိဳး မရွိခဲ့ပါဘူး။ ” ” ကြၽန္ေတာ္တို႔အေနနဲ႔ လူကြၽံေဘာ အျဖစ္သတ္မွတ္ၿပီး ပစ္ဖို႔ဒ္ကို ျပစ္ဒဏ္ ခ်မွတ္ခဲ့သင့္ပါတယ္။ “