ဗန်ဒိုက်ချ်အတွက် အားပေးစကားပါးရင်း အောင်ပွဲခံသွားတဲ့ ဒီပိုင်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လိုင်ယွန်အသင်းမှ ဟော်လန်လက်ရွေးစင်တိုက်စစ်မှူး မန်းဖစ်ဒီပိုင်းဟာ တနင်္ဂနွေနေ့က မိုနာကိုအသင်းကို ၄-၁ ဂိုးနဲ့ လိုင်ယွန်အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးနောက်ခံလူ ဗာဂျီးလ်ဗန်ဒိုက်ချ်အတွက် အားပေးစကားပါးရင်း အောင်ပွဲခံသွားပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကို ပြောင်းဖို့သတင်းထွက်ခဲ့ပြီးမှ အသင်းမပြောင်းဖြစ်ခဲ့ပေမယ့် ဒီပိုင်းဟာ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် ပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းဂိုးသွင်းနေပါတယ်။
တနင်္ဂနွေနေ့က မိုနာကိုနဲ့ပွဲမှာလည်း ပွဲအစ ၁၂ မိနစ်မှာတင် သူ ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးက အခုရာသီမှာ လိုင်ယွန်အသင်းအတွက် ဒီပိုင်းရဲ့ ၅ဂိုးမြောက်သွင်းဂိုးပါ။ ဂိုးသွင်းအပြီးမှာတော့ “ငါ့အစ်ကို ဗာဂျီးလ်ရေ အားတင်းထားပါ”လို့ ရေထားတဲ့ စာသားပါ တီရှပ်ကို လှပ်ပြရင်း ဒီပိုင်း အောင်ပွဲခံသွားပါတယ်။
ဒီပိုင်းနဲ့ ဗန်ဒိုက်ချ်တို့ဟာ ၂၀၁၅ခုနှစ်လောက်ကတည်းက ဟော်လန်လက်ရွေးစင်အသင်းမှာ အတူတွဲကစားခဲ့ကြတာပါ။ ကလပ်အသင်းမှာ အတူတွဲကစားဖူးခြင်းမရှိကြပေမယ့် ဟော်လန်လက်ရွေးစင်အသင်းခေါင်းဆောင်တစ်ယောက်ကို ကာလရှည်လက်လွှတ်ရမယ့်အပေါ် တခြားလက်ရွေးစင်ကစားသမားတွေလိုပဲ ဒီပိုင်းလည်း စိတ်မကောင်းဖြစ်နေပါတယ်။
လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ဟာ အရင်တစ်ပတ်က အဲဗာတန်နဲ့ပွဲမှာ အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ဆိုးရွားလွန်းတဲ့ ဖျက်ထုတ်ပုံကြောင့် ဒူးအရွတ်ဒဏ်ရာအပြင်းအထန်ရသွားပြီး ရာသီကုန်အထိ နားရဖို့ရှိနေပါတယ်။ သူအနားယူရမယ့်ကာလကို လီဗာပူးအသင်းက မထုတ်ပြန်သေးပေမယ့် လာမယ့်ယူရိုပြိုင်ပွဲမှာ ဟော်လန်အသင်းအတွက် ဗန်ဒိုက်ချ် ပါဝင်ကစားပေးနိုင်ဖွယ်မရှိဘူးလို့တောင် ဆိုနေကြပါတယ်။
ဗန်ဒိုက်ချ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး တခြားဟော်လန်လက်ရွေးစင်တစ်ဦးဖြစ်တဲ့ ဝစ်နဲဒန်းက မဆင်မခြင်ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို မကြာသေးခင်က ဝေဖန်သွားပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဗန်ဒိုက်ခ်ျအတွက် အားပေးစကားပါးရင်း အောင်ပွဲခံသွားတဲ့ ဒီပိုင်း
လိုင်ယွန်အသင်းမှ ဟော်လန်လက်ရွေးစင်တိုက်စစ်မှူး မန်းဖစ်ဒီပိုင်းဟာ တနင်္ဂနွေနေ့က မိုနာကိုအသင်းကို ၄-၁ ဂိုးနဲ့ လိုင်ယွန်အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးနောက်ခံလူ ဗာဂျီးလ်ဗန်ဒိုက်ခ်ျအတွက် အားပေးစကားပါးရင်း အောင်ပွဲခံသွားပါတယ်။
လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ျဟာ အရင်တစ်ပတ်က အဲဗာတန်နဲ့ပွဲမှာ အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ဆိုးရွားလွန်းတဲ့ ဖျက်ထုတ်ပုံကြောင့် ဒူးအရွတ်ဒဏ်ရာအပြင်းအထန်ရသွားပြီး ရာသီကုန်အထိ နားရဖို့ရှိနေပါတယ်။ သူအနားယူရမယ့်ကာလကို လီဗာပူးအသင်းက မထုတ်ပြန်သေးပေမယ့် လာမယ့်ယူရိုပြိုင်ပွဲမှာ ဟော်လန်အသင်းအတွက် ဗန်ဒိုက်ခ်ျ ပါဝင်ကစားပေးနိုင်ဖွယ်မရှိဘူးလို့တောင် ဆိုနေကြပါတယ်။
ဗန်ဒိုက်ခ်ျရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး တခြားဟော်လန်လက်ရွေးစင်တစ်ဦးဖြစ်တဲ့ ၀စ်နဲဒန်းက မဆင်မခြင်ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို မကြာသေးခင်က ဝေဖန်သွားပါသေးတယ်။