ဗန်ဒိုက်ရဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လီဗာပူး အတော်ထိခိုက်နိုင် ဗီဒစ်နဲ့ ဗန်ဒိုက် ဘယ်သူပိုကောင်းလဲ အွန်လိုင်းမှာ ပရိသတ်များ Debate ဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်နဲ့ပွဲမှာ ဂိုးသမားပစ်ဖို့ဒ်ကြောင့် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရမယ့်အထိ ဒဏ်ရာရခဲ့တဲ့အထိ ဗန်ဒိုက်ကြောင့် လီဗာပူးအသင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အချက်အလက်တွေအရ လီဗာပူးဟာ ဗန်ဒိုက် ပါဝင်ခဲ့တဲ့ပွဲပေါင်း ၁၃၀ မှာ ၉၁ ပွဲအနိုင်ရခဲ့ပြီး ပွဲ ၂၀ သရေကျခဲ့ပါတယ်။ ရှုံးပွဲအနေနဲ့ ၁၉ ပွဲသာရှိခဲ့ပြီး နိုင်ပွဲရမှုက လည်း ၇၀ ရာခိုင်နှုန်းရှိပါတယ်။ ဗန်ဒိုက်မပါဝင်နိုင်တဲ့ ၁၃ ပွဲမှာ ၆ ပွဲပဲနိုင်ပြီး ၄ ပွဲသရေ၊ ၃ ပွဲရှုံးခဲ့သလို အနိုင်ရမှုရာခိုင်နှုန်းက ၄၆ ပွဲရှိပါတယ်။ ဒါဟာ လီဗာပူးအတွက် ဗန်ဒိုက် တစ်ယောက် ဘယ်လောက်အရေးပါလဲဆိုတာ ပြသနေတဲ့အချက်အလက်တွေပါပဲ။

လီဗာပူးကိုရောက်လာခဲ့တဲ့ ၃ နှစ် တာကာလမှာ ဗန်ဒိုက်ဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယား လိဂ် အဓိကဆုဖလားတွေကိုရယူနိုင်ခဲ့သလို အကောင်းဆုံးအကျိုးပြုနိုင်ခဲ့တဲ့သူပါ။ အခု ဆိုရင် လီဗာပူးနောက်တန်းမှာ ဂိုမက်ဇ်နဲ့တွဲကစားဖို့ ဗန်ဒိုက်မရှိတော့ဘဲ လူငယ်ကစား သမား ၃ ယောက်ဖြစ်တဲ့ ဗန်ဒီဘတ်၊ ရေးဝီလျံနဲ့ ဖိလစ်တို့သာ ရှိပါတော့တယ်။ ဗန်ဒိုက် ဟာ လီဗာပူးကိုရောက်လာခဲ့တဲ့ ၃ နှစ်အတွင်း သူ့ထက်ပိုပြီး ပေးဂိုးမရှိကစားနိုင်တဲ့ ခံစစ်မှူးမရှိခဲ့ဘဲ ၄၃ ပွဲအထိ ပေးဂိုးမရှိကစားထားတာပါ။

ဒါပေမဲ့ အွန်လိုင်းမှာ သူနဲ့ မန်ယူနောက်ခံလူဟောင်း ဗီဒစ်တို့ ၂ ဦးမှာ ဘယ်သူကပိုပြီး ကောင်းလဲဆိုတာ အငြင်းအခုန်တွေဖြစ်နေကြသလို ချဲလ်ဆီးပရိသတ်တွေကလည်း ဂျွန်တယ်ရီသာ အ ကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ဝင်ရောက်မှတ်ချက်ပြုနေပါတယ်။ ဗီဒစ်ဟာ မန်ယူ မှာ ကစားခဲ့တဲ့ ၉ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ် ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ၁ ကြိမ်ရခဲ့တဲ့သူပါ။ ဒါ့အပြင် သူဟာ ၂၀၀၅-၀၆ ကာလအတွင်းမှာ ရုရှားကလပ် စပါးတပ်မော်စကို ကနေ မန်ယူကိုရောက်ခဲ့တဲ့သူလည်းဖြစ်ပြီး ဖာဒီနန်နဲ့ ဗီဒစ်အတွဲဟာ နာမည်ကြီးခဲ့ပါတယ်။ ဗီဒစ်ဟာ မန်ယူအတွက် ၃၄ ပွဲ ပေးဂိုးမရှိကစားနိုင်ခဲ့ပြီး ထိပ်တန်း စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့သူပါ။

မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီက “ဗီဒစ်နဲ့ ဗန်ဒိုက်တို့ ၂ ယောက်မှာ ကျွန်တော်ကတော့ ဗန်ဒိုက်ကိုရွေးမိမှာပါ။ သူဟာ ပရီးမီး ယားလိဂ်သမိုင်းမှာ အကောင်းဆုံးနောက်ခံလူတစ်ဦးပါပဲ။

ဒါဟာ ထူးခြားတဲ့ရွေးချယ်မှု ဖြစ်နေနိုင်ပေမယ့် တယ်ရီနဲ့ ဖာဒီနန် ငယ်ငယ်တုန်းကခြေစွမ်းထက် ဗန်ဒိုက်က ပို ကောင်းခဲ့ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကလည်း ဗန်ဒိုက်ပါ တဲ့ ၃ ရာသီအတွင်း လီဗာပူးက ၃ ပွဲပဲရှုံးခဲ့တာကိုထောက်ပြပြီး အကောင်းဆုံးနောက်ခံ လူအဖြစ် ချီးကျူးနေကြပါတယ်။ လက်ရှိအချိန်မှာတော့ ဗန်ဒိုက်ဟာ ဒူးအရွတ်အတွင်း ပိုင်းစုတ်ပြဲတဲ့ဒဏ်ရာ(ACL) ရရှိသွားခဲ့တာဖြစ်ပြီး ပြန်လည်ပြုပြင်ခွဲစိတ်ကုသမှုခံယူရမှာ လည်း ဖြစ်ပါတယ်။ ဒီလိုပြင်းထန်တဲ့ ဒူးဒဏ်ရာမျိုးကို ရော်နယ်ဒို(ဘရာဇီး)နဲ့ မိုက်ကယ် အိုဝင်တို့လည်းရရှိခဲ့ဖူးပြီး ဘောလုံးသမားတစ်ယောက်အတွက်တော့ အတော်ဆိုးတဲ့ ထိခိုက်ဒဏ်ရာအမျိုးအစားလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗန္ဒိုက္ရဲ႕ ဒူးအရြတ္စုတ္ၿပဲဒဏ္ရာေၾကာင့္ လီဗာပူး အေတာ္ထိခိုက္ႏိုင္
ဗီဒစ္နဲ႔ ဗန္ဒိုက္ ဘယ္သူပိုေကာင္းလဲ အြန္လုိင္းမွာ ပရိသတ္မ်ား Debate ျဖစ္ေန

အဲဗာတန္နဲ႔ပြဲမွာ ဂိုးသမားပစ္ဖို႔ဒ္ေၾကာင့္ ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူရမယ့္အထိ ဒဏ္ရာရခဲ့တဲ့အထိ ဗန္ဒိုက္ေၾကာင့္ လီဗာပူးအသင္းဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ အခ်က္အလက္ေတြအရ လီဗာပူးဟာ ဗန္ဒိုက္ ပါ၀င္ခဲ့တဲ့ပြဲေပါင္း ၁၃၀ မွာ ၉၁ ပြဲအႏိုင္ရခဲ့ၿပီး ပြဲ ၂၀ သေရက်ခဲ့ပါတယ္။ ရႈံးပြဲအေနနဲ႔ ၁၉ ပြဲသာရွိခ့ဲၿပီး ႏုိင္ပြဲရမႈက လည္း ၇၀ ရာခိုင္ႏႈန္းရွိပါတယ္။ ဗန္ဒိုက္မပါ၀င္ႏိုင္တဲ့ ၁၃ ပြဲမွာ ၆ ပြဲပဲႏိုင္ၿပီး ၄ ပြဲသေရ၊ ၃ ပြဲရႈံးခဲ့သလို အႏိုင္ရမႈရာခိုင္ႏႈန္းက ၄၆ ပြဲရွိပါတယ္။ ဒါဟာ လီဗာပူးအတြက္ ဗန္ဒိုက္ တစ္ေယာက္ ဘယ္ေလာက္အေရးပါလဲဆိုတာ ျပသေနတဲ့အခ်က္အလက္ေတြပါပဲ။

လီဗာပူးကိုေရာက္လာခဲ့တဲ့ ၃ ႏွစ္ တာကာလမွာ ဗန္ဒိုက္ဟာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယား လိဂ္ အဓိကဆုဖလားေတြကိုရယူႏိုင္ခဲ့သလို အေကာင္းဆံုးအက်ဳိးျပဳႏိုင္ခဲ့တဲ့သူပါ။ အခု ဆုိရင္ လီဗာပူးေနာက္တန္းမွာ ဂိုမက္ဇ္နဲ႔တြဲကစားဖို႔ ဗန္ဒိုက္မရွိေတာ့ဘဲ လူငယ္ကစား သမား ၃ ေယာက္ျဖစ္တဲ့ ဗန္ဒီဘတ္၊ ေရး၀ီလ်ံနဲ႔ ဖိလစ္တို႔သာ ရွိပါေတာ့တယ္။ ဗန္ဒိုက္ ဟာ လီဗာပူးကိုေရာက္လာခဲ့တဲ့ ၃ ႏွစ္အတြင္း သူ႕ထက္ပိုၿပီး ေပးဂိုးမရွိကစားႏိုင္တဲ့ ခံစစ္မွဴးမရွိခဲ့ဘဲ ၄၃ ပြဲအထိ ေပးဂိုးမရွိကစားထားတာပါ။

ဒါေပမဲ့ အြန္လိုင္းမွာ သူနဲ႔ မန္ယူေနာက္ခံလူေဟာင္း ဗီဒစ္တို႔ ၂ ဦးမွာ ဘယ္သူကပိုၿပီး ေကာင္းလဲဆိုတာ အျငင္းအခုန္ေတြျဖစ္ေနၾကသလို ခ်ဲလ္ဆီးပရိသတ္ေတြကလည္း ဂၽြန္တယ္ရီသာ အ ေကာင္းဆံုးေနာက္ခံလူတစ္ဦးအျဖစ္ ၀င္ေရာက္မွတ္ခ်က္ျပဳေနပါတယ္။ ဗီဒစ္ဟာ မန္ယူ မွာ ကစားခဲ့တဲ့ ၉ ႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၅ ႀကိမ္ ရယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ ၁ ႀကိမ္ရခဲ့တဲ့သူပါ။ ဒါ့အျပင္ သူဟာ ၂၀၀၅-၀၆ ကာလအတြင္းမွာ ရုရွားကလပ္ စပါးတပ္ေမာ္စကို ကေန မန္ယူကိုေရာက္ခဲ့တဲ့သူလည္းျဖစ္ၿပီး ဖာဒီနန္နဲ႔ ဗီဒစ္အတြဲဟာ နာမည္ႀကီးခဲ့ပါတယ္။ ဗီဒစ္ဟာ မန္ယူအတြက္ ၃၄ ပြဲ ေပးဂိုးမရွိကစားႏိုင္ခဲ့ၿပီး ထိပ္တန္း စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့တဲ့သူပါ။

မန္စီးတီးေနာက္ခံလူေဟာင္း ကြန္ပနီက “ဗီဒစ္နဲ႔ ဗန္ဒိုက္တုိ႔ ၂ ေယာက္မွာ ကၽြန္ေတာ္ကေတာ့ ဗန္ဒိုက္ကိုေရြးမိမွာပါ။ သူဟာ ပရီးမီး ယားလိဂ္သမိုင္းမွာ အေကာင္းဆံုးေနာက္ခံလူတစ္ဦးပါပဲ။ ဒါဟာ ထူးျခားတဲ့ေရြးခ်ယ္မႈ ျဖစ္ေနႏိုင္ေပမယ့္ တယ္ရီနဲ႔ ဖာဒီနန္ ငယ္ငယ္တုန္းကေျခစြမ္းထက္ ဗန္ဒိုက္က ပို ေကာင္းခဲ့ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

လီဗာပူးပရိသတ္ေတြကလည္း ဗန္ဒိုက္ပါ တဲ့ ၃ ရာသီအတြင္း လီဗာပူးက ၃ ပြဲပဲရႈံးခဲ့တာကိုေထာက္ျပၿပီး အေကာင္းဆံုးေနာက္ခံ လူအျဖစ္ ခ်ီးက်ဴးေနၾကပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဗန္ဒိုက္ဟာ ဒူးအရြတ္အတြင္း ပိုင္းစုတ္ၿပဲတဲ့ဒဏ္ရာ(ACL) ရရွိသြားခဲ့တာျဖစ္ၿပီး ျပန္လည္ျပဳျပင္ခြဲစိတ္ကုသမႈခံယူရမွာ လည္း ျဖစ္ပါတယ္။ ဒီလိုျပင္းထန္တဲ့ ဒူးဒဏ္ရာမ်ဳိးကို ေရာ္နယ္ဒို(ဘရာဇီး)နဲ႔ မိုက္ကယ္ အို၀င္တို႔လည္းရရွိခဲ့ဖူးၿပီး ေဘာလံုးသမားတစ္ေယာက္အတြက္ေတာ့ အေတာ္ဆိုးတဲ့ ထိခိုက္ဒဏ္ရာအမ်ဳိးအစားလည္း ျဖစ္ပါတယ္။