ဗန်ဒိုက်အတွက် အိပ်မက်ဆိုးဆီသို့ နောက်တစ်ခေါက်

ဗာဂယ်ဗန်ဒိုက်ဟာယနေ့ညမှာသူ့ရဲ့အဆိုးရွားဆုံးအိပ်မက်သို့

ပြန်လည်သွားရောက်ရတော့မှာဖြစ်ပါတယ်။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကဒတ်ချ်ကွင်းလယ်ကစားသမားဟာ

ပြီးခဲ့တဲ့ဂုဒ်ဒီဆင်ပါ့ခ်မာဆေးလ်ဆိုက်ဒါဘီပွဲတွင်ဒူးဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့

ဖြစ်ရပ်မှာနိုးမထလာနိုင်သေးကြောင်းပြောကြားလာပါတယ်။

ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူစာရင်းဝင်ဗန်ဒိုက်ဟာ

အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ရဲ့ခြေနှစ်ညှစ်ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့မှုကြောင့်

ဒူးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ဒါ့အပြင်တီယာဂိုအယ်ကန်တာရာမှာလည်း

ယင်းပွဲတွင်ပင်ဒူးဒဏ်ရာရရှိခဲ့ပြီး၁၀ပတ်ကြာအနားယူခဲ့ရပါတယ်။

ကလော့ပ်က၂၀၂၀ခုနှစ်၊အောက်တိုဘာလကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်မှာ

အသက်၃၀နှစ်ရှိဗန်ဒိုက်ရဲ့ခေါင်းထဲမှာရှိနေဆဲဖြစ်ကြောင်းဆိုလာပါတယ်။

ကလော့ပ်က “သူကလူသားပါ။ဒီလိုအဖြစ်အပျက်မျိုးဆိုတာမေ့ပစ်ဖို့ခက်တယ်။

အခြေအနေကဘောလုံးမှာဖြစ်သင့်တဲ့အရာမျိုးမဟုတ်ဘူး။တော်ရုံဖြစ်ခဲ့ပါတယ်။

ဗာဂယ်ကအတွေ့အကြုံအများကြီးရှိတယ်။အဲဒီအခြေအနေကိုရင်ဆိုင်နိုင်ခဲ့တယ်။

တစ်နေရာတည်းကိုသွားရမှာဆိုတော့ခက်ခဲလာမှာပါ။ဒါပေမယ့်ဒါက

ဘောလုံးပွဲတစ်ပွဲသာဖြစ်ပါတယ်။ဒါကဒါဘီပါ။ပရိသတ်တွေရဲ့ခံစားချက်ကို

နားလည်တယ်။ဒါပေမယ့်အခြားပွဲတွေလိုပဲလုပ်ဆောင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ဗန္ဒိုက္အတြက္ အိပ္မက္ဆိုးဆီသို႔ ေနာက္တစ္ေခါက္

ဗာဂယ္ဗန္ဒိုက္ဟာယေန႔ညမွာသူ႔ရဲ႕အဆိုး႐ြားဆုံးအိပ္မက္သို႔

ျပန္လည္သြားေရာက္ရေတာ့မွာျဖစ္ပါတယ္။

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကဒတ္ခ်္ကြင္းလယ္ကစားသမားဟာ

ၿပီးခဲ့တဲ့ဂုဒ္ဒီဆင္ပါ့ခ္မာေဆးလ္ဆိုက္ဒါဘီပြဲတြင္ဒူးဒဏ္ရာအျပင္းအထန္ရရွိခဲ့တဲ့

ျဖစ္ရပ္မွာႏိုးမထလာႏိုင္ေသးေၾကာင္းေျပာၾကားလာပါတယ္။

ကမာၻ႔အေကာင္းဆုံးဗဟိုေနာက္ခံလူစာရင္းဝင္ဗန္ဒိုက္ဟာ

အဲဗာတန္ဂိုးသမားပစ္ဖို႔ဒ္ရဲ႕ေျခႏွစ္ညႇစ္ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့မႈေၾကာင့္

ဒူးဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။ဒါ့အျပင္တီယာဂိုအယ္ကန္တာရာမွာလည္း

ယင္းပြဲတြင္ပင္ဒူးဒဏ္ရာရရွိခဲ့ၿပီး၁၀ပတ္ၾကာအနားယူခဲ့ရပါတယ္။

ကေလာ့ပ္က၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလကျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္မွာ

အသက္၃၀ႏွစ္ရွိဗန္ဒိုက္ရဲ႕ေခါင္းထဲမွာရွိေနဆဲျဖစ္ေၾကာင္းဆိုလာပါတယ္။

ကေလာ့ပ္က “သူကလူသားပါ။ဒီလိုအျဖစ္အပ်က္မ်ိဳးဆိုတာေမ့ပစ္ဖို႔ခက္တယ္။

အေျခအေနကေဘာလုံးမွာျဖစ္သင့္တဲ့အရာမ်ိဳးမဟုတ္ဘူး။ေတာ္႐ုံျဖစ္ခဲ့ပါတယ္။

ဗာဂယ္ကအေတြ႕အႀကဳံအမ်ားႀကီးရွိတယ္။အဲဒီအေျခအေနကိုရင္ဆိုင္ႏိုင္ခဲ့တယ္။

တစ္ေနရာတည္းကိုသြားရမွာဆိုေတာ့ခက္ခဲလာမွာပါ။ဒါေပမယ့္ဒါက

ေဘာလုံးပြဲတစ္ပြဲသာျဖစ္ပါတယ္။ဒါကဒါဘီပါ။ပရိသတ္ေတြရဲ႕ခံစားခ်က္ကို

နားလည္တယ္။ဒါေပမယ့္အျခားပြဲေတြလိုပဲလုပ္ေဆာင္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။