ဗန်ဒီဘိခ်ကို ကွင်းလယ်ကစားသမားစစ်စစ်နေရာမှာအသုံးပြုဖို့ ပရိသတ် ၄၃ ရာခိုင်နှုန်းကျော် ထောက်ခံမှုရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ ပေါင်သန်း ၄၀ နီးပါးအသုံးပြုပြီး ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို

နည်းပြဆိုးလ်ရှားက အရန်ကစားသမားအ ဖြစ်သာ အသုံးပြုတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်လာတဲ့အချိန်မှာ

ပရိသတ်စစ်တမ်းအရလည်း ကစားသမားကိုကွင်းလယ်မှာ နေရာပေးကစားဖို့ ဆန္ဒပြု ခဲ့ကြတယ်လို့ သိရပါတယ်။

MEN Sport’s က ပြုလုပ်တဲ့ ပရိသတ်စစ်တမ်း ကောက်ခံချက်အရ ပရိသတ် ၇၁၀၈ ဦးကို မေးမြန်းခဲ့မှုမှာ ဗန်ဒီဘိခ်ကို

ကွင်းလယ်လူအဖြစ်အသုံးပြုဖို့ ဆန္ဒ ၄၃.၂ ရာခိုင်နှုန်းပေးခဲ့ကြတယ်လို့ သိရပါ တယ်။

သူ့ကို ကွင်းလယ်တိုက်စစ်နေရာ ဒါမှမဟုတ် ဘယ်တောင်ပံ/ညာတောင်ပံ တိုက်စစ်အတွက် အသုံးပြုတာမျိုးမဟုတ်ဘဲ

ကွင်းလယ်ကစားသမားစစ်စစ်အဖြစ် အသုံးပြုဖို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။

ဗန်ဒီဘိခ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့အပြီးမှာ ဆိုးလ်ရှားက “ဒီကိစ္စအတွက် စိုးရိမ်စရာမရှိပါဘူး

သူဟာ မကြာခင်မှာ ပွဲတွေ ဆက်တိုက်ကစားရမှာပါ၊

ဘယ်သူတွေကစားရမလဲဆိုတာ ပြောဖို့လွယ်ပေမယ့် ဘယ်သူတွေကို ထည့်မသုံးသေးဘူးဆိုတာ ပြောဖို့ခက်ပါတယ်

ဗန်ဒီဘိခ်တစ် ယောက်ကတော့ မကြာခင်မှာ သူ့ရဲ့အချိန်ရောက်လာဖို့ရှိပါတယ်”လို့ ပြောကြား သွားပါတယ်။

ဗန်ဒီဘိခ်ကိုပေးထားရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အရန်အဖြစ်ပဲ အသုံး ပြုတဲ့အတွက်

နယ်သာလန်အသင်းက ကစားသမားဟောင်းတွေကလည်း ဝေဖန် မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် မန်ယူမှာပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဒန်နီရယ်ဂျိမ်းစ်နဲ့ပတ်သက်ပြီးတော့လည်း

ဆိုးလ်ရှားက “ဒန်နီရယ်ရဲ့ယုံကြည်မှုက မြင့်မားနေတာတွေ့ရပါတယ်။

ကျွန်တော်တို့မှာလည်း ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။

သူ့ရဲ့ကစားပုံအနေအထားကောင်းတဲ့အတွက် နယူးကာ ဆယ်နဲ့ပွဲနဲ့ ချဲလ်ဆီးနဲ့ပွဲတုန်းက ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ယူပရိသတ်တွေကတော့ ဆိုးလ်ရှားအနေနဲ့ ရှေ့လာ မယ့်ပွဲစဉ်တွေမှာ

ဗန်ဒီဘိခ်ကို အသင်းရဲ့ကွင်းလယ်မှာအသုံးပြုဖို့ ဆန္ဒရှိနေကြပြီး တိုက်တွန်းမှုတွေပြုလုပ်ထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗန္ဒီဘိခ္ကို ကြင္းလယ္ကစားသမားစစ္စစ္ေနရာမွာအသံုးျပဳဖို႔ ပရိသတ္ ၄၃ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈရွိေန

ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္မွာ ေပါင္သန္း ၄၀ နီးပါးအသံုးျပဳၿပီး ေခၚယူထားတဲ့ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို

နည္းျပဆိုးလ္ရွားက အရန္ကစားသမားအ ျဖစ္သာ အသံုးျပဳတာနဲ႔ပတ္သက္ၿပီး ေ၀ဖန္မႈေတြထြက္ေပၚလာတဲ့အခ်ိန္မွာ

ပရိသတ္စစ္တမ္းအရလည္း ကစားသမားကိုကြင္းလယ္မွာ ေနရာေပးကစားဖို႔ ဆႏၵျပဳ ခဲ့ၾကတယ္လုိ႔ သိရပါတယ္။

MEN Sport’s က ျပဳလုပ္တဲ့ ပရိသတ္စစ္တမ္း ေကာက္ခံခ်က္အရ ပရိသတ္ ၇၁၀၈ ဦးကုိ ေမးျမန္းခဲ့မႈမွာ ဗန္ဒီဘိခ္ကို

ကြင္းလယ္လူအျဖစ္အသံုးျပဳဖို႔ ဆႏၵ ၄၃.၂ ရာခိုင္ႏႈန္းေပးခဲ့ၾကတယ္လုိ႔ သိရပါ တယ္။

သူ႕ကို ကြင္းလယ္တိုက္စစ္ေနရာ ဒါမွမဟုတ္ ဘယ္ေတာင္ပံ/ညာေတာင္ပံ တိုက္စစ္အတြက္ အသံုးျပဳတာမ်ဳိးမဟုတ္ဘဲ

ကြင္းလယ္ကစားသမားစစ္စစ္အျဖစ္ အသံုးျပဳဖို႔ ဆႏၵမဲေပးခဲ့ၾကပါတယ္။

ဗန္ဒီဘိခ္နဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးနဲ႔အၿပီးမွာ ဆိုးလ္ရွားက “ဒီကိစၥအတြက္ စိုးရိမ္စရာမရွိပါဘူး

သူဟာ မၾကာခင္မွာ ပြဲေတြ ဆက္တုိက္ကစားရမွာပါ၊

ဘယ္သူေတြကစားရမလဲဆိုတာ ေျပာဖို႔လြယ္ေပမယ့္ ဘယ္သူေတြကို ထည့္မသံုးေသးဘူးဆိုတာ ေျပာဖို႔ခက္ပါတယ္

ဗန္ဒီဘိခ္တစ္ ေယာက္ကေတာ့ မၾကာခင္မွာ သူ႕ရဲ႕အခ်ိန္ေရာက္လာဖို႔ရွိပါတယ္”လို႔ ေျပာၾကား သြားပါတယ္။

ဗန္ဒီဘိခ္ကိုေပးထားရတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ အရန္အျဖစ္ပဲ အသံုး ျပဳတဲ့အတြက္

နယ္သာလန္အသင္းက ကစားသမားေဟာင္းေတြကလည္း ေ၀ဖန္ မႈေတြ ျပဳလုပ္ခဲ့ၾကပါေသးတယ္။

ဒါ့အျပင္ မန္ယူမွာပံုမွန္ေနရာရဖို႔ ရုန္းကန္ေနရတဲ့ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ပတ္သက္ၿပီးေတာ့လည္း

ဆိုးလ္ရွားက “ဒန္နီရယ္ရဲ႕ယံုၾကည္မႈက ျမင့္မားေနတာေတြ႕ရပါတယ္။

ကၽြန္ေတာ္တို႔မွာလည္း ကစားသမားေကာင္းေတြ အမ်ားႀကီးရွိပါတယ္။

သူ႕ရဲ႕ကစားပံုအေနအထားေကာင္းတဲ့အတြက္ နယူးကာ ဆယ္နဲ႔ပြဲနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက ပြဲထြက္ကစားသမားအျဖစ္ အသံုးျပဳခဲ့တာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မန္ယူပရိသတ္ေတြကေတာ့ ဆိုးလ္ရွားအေနနဲ႔ ေရွ႕လာ မယ့္ပြဲစဥ္ေတြမွာ

ဗန္ဒီဘိခ္ကို အသင္းရဲ႕ကြင္းလယ္မွာအသံုးျပဳဖို႔ ဆႏၵရွိေနၾကၿပီး တိုက္တြန္းမႈေတြျပဳလုပ္ထားတာပါ။