ဗန်ဒီဘိခ်ကို အရန်အဖြစ်သာအသုံးပြုလို့ ဝေဖန်နေကြသူတွေအပေါ် ဆိုးလ်ရှား ပြန်တုံ့ပြန်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရက်ပိုင်းထဲမှာ မန်ယူကွင်းလယ်ကစားသမား ဗန်ဒီဘိခ်နဲ့ပတ်သက်ပြီး ပုံမှန်ပွဲထွက်ခွင့်မရတဲ့ကိစ္စအပေါ် ဝေဖန်တဲ့အသံမျိုးစုံထွက်ပေါ်နေခဲ့ပြီး ဒီတစ်ခါ မှာတော့ နည်းပြဆိုးလ်ရှားက ဝေဖန်တဲ့သူတွေကို ပြန်လည်တုံ့ပြန်ပြောဆိုလာပါ တယ်။

ပုံမှန်အားဖြင့် အနေအေးတဲ့ဆိုးလ်ရှားဟာ ဝေဖန်မှုတွေကို သိပ်ပြီးတုံ့ပြန် တဲ့သူမဟုတ်ပေမယ့် ပေါင်သန်း ၄၀ နီးပါးပေးခေါ်ခဲ့ပြီး အရန်အဖြစ် မိနစ်ပိုင်း လောက်သာ ဗန်ဒီဘိခ်ကိုသုံးတဲ့ကိစ္စမှာ

သူ့ကိုတိုက်ရိုက်ဝေဖန်တာတွေ တအား များလာတာတော့ ပေါက်ကွဲလာတာလည်းဖြစ်နိုင်ပါတယ်။

ဆိုးလ်ရှားက “ကစား သမားတစ်ယောက်အနေနဲ့ လိဂ်အသစ်တစ်ခုကိုရောက်တဲ့အချိန်မှာ အသားကျဖို့ အချိန်ပေးရပါတယ်။ ဗန်ဒီဘိခ်က သူဝင်ကစားတဲ့အချိန်တိုင်းမှာ ကောင်းကောင်း ကစားနိုင်တာတွေ့ရတယ်။ ဒါပေမဲ့ သူ့ကို ပွဲတိုင်းတော့ထုတ်မသုံးနိုင်ပါဘူး။

အသင်းမှာ အခြားကစားသမားတွေအများကြီးရှိနေပြီး ဒီရာသီမှာ အသင်းလိုက် အောင်မြင်မှုဆုဖလားရဖို့က အဓိကပါပဲ။

အခုချိန်မှာ သူ့ကိုနေရာပေးပွဲမထုတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေကြတာတွေကို နားလည်ပါတယ်။

သူဟာ မန်ယူအ သင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲပါ။ အသင်းမှာ ပွဲထွက် ကစားခွင့်မရတာနဲ့ အရေးမကြီးတော့တဲ့သူဖြစ်သွားတာမဟုတ်ပါဘူး” လို့ ပြော ကြားသွားခဲ့ပါတယ်။

အသင်းဖော် တွန်မီနေးကလည်း အသစ်ရောက်လာတဲ့ တဲ လက်စ်နဲ့ ဗန်ဒီဘိခ်တို့ ၂ ဦးစလုံးဟာ အသင်းအတွက် အရေးပါတဲ့ကစားသမား တွေဖြစ်တယ်ဆိုတဲ့အကြောင်းကို ထောက်ခံသွားခဲ့တယ်။ တွန်မီနေးက “ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာတုန်းက အသင်းကခေါ်ယူလိုက်တဲ့ကစားသမားတွေအားလုံး က အရေးပါပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲမှာ တဲလက်စ်ရော၊ အရန်ခုံကထလာပြီး ဝင်ကစားတဲ့ ဗန်ဒီဘိခ်ရော သူတို့ရဲ့အရည်အသွေးကို အကောင်းဆုံးပြသနိုင်ခဲ့ တာပါ။
အခုချိန်က ဗန်ဒီဘိခ်ကို နေရာပေးပွဲမထုတ်တဲ့ကိစ္စအပေါ် ချဲ့ကားပြော နေရမယ့်အချိန်လို့ ကျွန်တော်မထင်ပါဘူး။

သူ့အနေနဲ့ အသင်းမှာ အရင်ဆုံးအထိုင်ကျဖို့ အချိန်ပေးထားသင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗန္ဒီဘိခ္ကို အရန္အျဖစ္သာအသံုးျပဳလို႔ ေ၀ဖန္ေနၾကသူေတြအေပၚ ဆိုးလ္ရွား ျပန္တုံ႔ျပန္ၿပီ

ဒီရက္ပိုင္းထဲမွာ မန္ယူကြင္းလယ္ကစားသမား ဗန္ဒီဘိခ္နဲ႔ပတ္သက္ၿပီး ပံုမွန္ပြဲထြက္ခြင့္မရတဲ့ကိစၥအေပၚ ေ၀ဖန္တဲ့အသံမ်ဳိးစံုထြက္ေပၚေနခဲ့ၿပီး ဒီတစ္ခါ မွာေတာ့ နည္းျပဆိုးလ္ရွားက ေ၀ဖန္တဲ့သူေတြကို ျပန္လည္တုံ႔ျပန္ေျပာဆိုလာပါ တယ္။

ပံုမွန္အားျဖင့္ အေနေအးတဲ့ဆိုးလ္ရွားဟာ ေ၀ဖန္မႈေတြကို သိပ္ၿပီးတုံ႔ျပန္ တဲ့သူမဟုတ္ေပမယ့္ ေပါင္သန္း ၄၀ နီးပါးေပးေခၚခဲ့ၿပီး အရန္အျဖစ္ မိနစ္ပိုင္း ေလာက္သာ ဗန္ဒီဘိခ္ကိုသံုးတဲ့ကိစၥမွာ

သူ႕ကိုတိုက္ရိုက္ေ၀ဖန္တာေတြ တအား မ်ားလာတာေတာ့ ေပါက္ကြဲလာတာလည္းျဖစ္ႏိုင္ပါတယ္။

ဆိုးလ္ရွားက “ကစား သမားတစ္ေယာက္အေနနဲ႔ လိဂ္အသစ္တစ္ခုကိုေရာက္တဲ့အခ်ိန္မွာ အသားက်ဖို႔ အခ်ိန္ေပးရပါတယ္။
ဗန္ဒီဘိခ္က သူ၀င္ကစားတဲ့အခ်ိန္တိုင္းမွာ ေကာင္းေကာင္း ကစားႏိုင္တာေတြ႕ရတယ္။ ဒါေပမဲ့ သူ႕ကို ပြဲတိုင္းေတာ့ထုတ္မသံုးႏိုင္ပါဘူး။

အသင္းမွာ အျခားကစားသမားေတြအမ်ားႀကီးရွိေနၿပီး ဒီရာသီမွာ အသင္းလိုက္ ေအာင္ျမင္မႈဆုဖလားရဖို႔က အဓိကပါပဲ။

အခုခ်ိန္မွာ သူ႕ကိုေနရာေပးပြဲမထုတ္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေ၀ဖန္ေနၾကတာေတြကို နားလည္ပါတယ္။

သူဟာ မန္ယူအ သင္းရဲ႕ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနဆဲပါ။ အသင္းမွာ ပြဲထြက္ ကစားခြင့္မရတာနဲ႔ အေရးမႀကီးေတာ့တဲ့သူျဖစ္သြားတာမဟုတ္ပါဘူး” လို႔ ေျပာ ၾကားသြားခဲ့ပါတယ္။

အသင္းေဖာ္ တြန္မီေနးကလည္း အသစ္ေရာက္လာတဲ့ တဲ လက္စ္နဲ႔ ဗန္ဒီဘိခ္တို႔ ၂ ဦးစလံုးဟာ အသင္းအတြက္ အေရးပါတဲ့ကစားသမား ေတြျဖစ္တယ္ဆိုတဲ့အေၾကာင္းကို ေထာက္ခံသြားခဲ့တယ္။ တြန္မီေနးက “ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕မွာတုန္းက အသင္းကေခၚယူလိုက္တဲ့ကစားသမားေတြအားလံုး က အေရးပါပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ တဲလက္စ္ေရာ၊ အရန္ခံုကထလာၿပီး ၀င္ကစားတဲ့ ဗန္ဒီဘိခ္ေရာ သူတို႔ရဲ႕အရည္အေသြးကို အေကာင္းဆံုးျပသႏိုင္ခဲ့ တာပါ။
အခုခ်ိန္က ဗန္ဒီဘိခ္ကို ေနရာေပးပြဲမထုတ္တဲ့ကိစၥအေပၚ ခ်ဲ႕ကားေျပာ ေနရမယ့္အခ်ိန္လို႔ ကၽြန္ေတာ္မထင္ပါဘူး။

သူ႕အေနနဲ႔ အသင္းမွာ အရင္ဆံုးအထိုင္က်ဖို႔ အခ်ိန္ေပးထားသင့္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။