ဗန်ဒီဘိခ်က လီဗာပူးနဲ့ပွဲမှာ အသင်းရဲ့လျို့ဝှက်လက်နက်ဖြစ်လာနိုင်ကြောင်း ဆိုးလ်ရှား ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့ပွဲမှာ အသင်းရဲ့အမေ့ခံ ဗန်ဒီဘိခ်ဟာ လျှိ့ဝှက်လက်နက်ဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်သားဟာ အေဂျက်စ်ကနေ ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်မှာ ၂ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပေမယ့် ဝက်ဖို့ဒ်နဲ့အက်ဖ်အေဖလားပွဲမှာတော့ မိနစ် ၉၀ ပြည့်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

“ဗန်ဒီဘိခ်ပျော်နေတယ်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ သူပွဲထွက်ခွင့်ပိုလိုချင်နေပါတယ်။ သူက ကျွန်တော်ယူနိုက်တက်ကိုပြောင်းလာတုန်းကနဲ့ဆင်တူနေပါတယ်။ သူ့နေရာမှာပွဲထွက်ကစားနေတဲ့သူတွေက ခြေစွမ်းပြနေတာကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးနေရပါတယ်။ ဒါပေမဲ့ ကျွန်တော့်တုန်းကဆိုလည်း ဖာဂူဆန်ကလူစာရင်းကနေ ချန်လှပ်ချိန်မှာ အသင်းနိုင်လို့ ကျွန်တော်ပျော်ပါတယ်။ ဒွန်နီလည်း အဲ့လိုလူစားမျိုးလို့ ထင်ပါတယ်။ လီဗာပူးနဲ့ပွဲမှာတော့ ပါဝင်လာမှာပါ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ အေဂျက်စ်ကိုချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပို့ဆောင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ် နဲ့ ပေါ့ဂ်ဘာတို့က ခြေစွမ်းကောင်းတွေပြသနိုင်သလို တိုမီနေး နဲ့ ဖရက်ဒ်တို့ကလည်း ခြေစွမ်းပြနိုင်တာကြောင့် ဗန်ဒီဘိခ်အတွက်နေရာရဖို့ ခက်ခဲလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် နဲ့ လီဗာပူးတို့ဟာ ဒီနေ့ညမှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လိဂ်ပွဲ ၁၂ ပွဲအထိ မရှုံးနိမ့်ထားပေမယ့် ကြားရက်မှာ ရှက်ဖီးလ်နဲ့ကစားရမှာဖြစ်တာကြောင့် လူစာရင်းတော့ အပြောင်းအလဲလုပ်ဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားလက်အောက်မှာ ပေါ့ဂ်ဘာ ၊ ဖာနန်ဒက်စ် နဲ့ ကာဗာနီတို့က ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေတာဖြစ်ပါတယ်။

ဒ့ါအပြင် ဆိုးလ်ရှားက လီဗာပူးနဲ့ပွဲမှာ အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမား ဒီယာလိုကို ထည့်သွင်းအသုံးပြုဖွယ်ရှိနေပါတယ်။“သူ(ဒီယာလို)က လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ပါဝင်လာပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗန္ဒီဘိခ္က လီဗာပူးနဲ႔႔ပြဲမွာ အသင္းရဲ႕လ်ိဳ႕၀ွက္လက္နက္ျဖစ္လာႏိုင္ေၾကာင္း ဆိုးလ္ရွား ဖြင့္ဟ

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက လီဗာပူးနဲ႔ပြဲမွာ အသင္းရဲ႕အေမ့ခံ ဗန္ဒီဘိခ္ဟာ လွ်ိ႕၀ွက္လက္နက္ျဖစ္လာႏိုင္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလို္က္ပါတယ္။ အသက္ ၂၃ ႏွစ္သားဟာ ေအဂ်က္စ္ကေန ေျပာင္းလာျပီးေနာက္ ပရီးမီးယားလိဂ္မွာ ၂ ပြဲသာပါ၀င္ကစားခြင့္ရခဲ့ေပမယ့္ ၀က္ဖို႔ဒ္နဲ႔အက္ဖ္ေအဖလားပြဲမွာေတာ့ မိနစ္ ၉၀ ျပည့္ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။“ဗန္ဒီဘိခ္ေပ်ာ္ေနတယ္လို႔ေတာ့ ကြ်န္ေတာ္မေျပာခ်င္ပါဘူး။ သူပြဲထြက္ခြင့္ပိုလိုခ်င္ေနပါတယ္။ သူက ကြ်န္ေတာ္ယူႏိုက္တက္ကိုေျပာင္းလာတုန္းကနဲ႔ဆင္တူေနပါတယ္။

သူ႔ ေနရာမွာပြဲထြက္ကစားေနတဲ့သူေတြက ေျခစြမ္းျပေနတာေၾကာင့္ ပြဲထြက္ခြင့္ဆံုးရံႈးေနရပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ့္တုန္းကဆိုလည္း ဖာဂူဆန္ကလူစာရင္းကေန ခ်န္လွပ္ခ်ိန္မွာ အသင္းႏုိင္လုိ႔ ကြ်န္ေတာ္ေပ်ာ္ပါတယ္။ ဒြန္နီလည္း အဲ့လိုလူစားမ်ိဳးလို႔ ထင္ပါတယ္။ လီဗာပူးနဲ႔ပြဲမွာေတာ့ ပါ၀င္လာမွာပါ”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ေအဂ်က္စ္ကိုခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပို႔ေဆာင္ႏုိင္ခဲ့ျပီးေနာက္ ယူႏုိက္တက္ကို ေပါင္ ၃၅ သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဖာနန္ဒက္စ္ နဲ႔ ေပါ့ဂ္ဘာတုိ႔က ေျခစြမ္းေကာင္းေတြျပသႏုိင္သလို တိုမီေနး နဲ႔ ဖရက္ဒ္တို႔ကလည္း ေျခစြမ္းျပႏုိင္တာေၾကာင့္ ဗန္ဒီဘိခ္အတြက္ေနရာရဖို႔ ခက္ခဲလာခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ နဲ႔ လီဗာပူးတို႔ဟာ ဒီေန႔ညမွာ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ အိုးထရက္ဖို႔ဒ္မွာ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ လိဂ္ပြဲ ၁၂ ပြဲအထိ မရံႈးနိမ့္ထားေပမယ့္ ၾကားရက္မွာ ရွက္ဖီးလ္နဲ႔ကစားရမွာျဖစ္တာေၾကာင့္ လူစာရင္းေတာ့ အေျပာင္းအလဲလုပ္ဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားလက္ေအာက္မွာ ေပါ့ဂ္ဘာ ၊ ဖာနန္ဒက္စ္ နဲ႔ ကာဗာနီတုိ႔က ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသေနတာျဖစ္ပါတယ္။ ဒ့ါအျပင္ ဆိုးလ္ရွားက လီဗာပူးနဲ႔ပြဲမွာ အသက္ ၁၈ ႏွစ္အရြယ္ေတာင္ပံကစားသမား ဒီယာလိုကို ထည့္သြင္းအသံုးျပဳဖြယ္ရွိေနပါတယ္။ “သူ(ဒီယာလို)က ေလ့က်င့္ခန္းအစီအစဥ္မွာေတာ့ ပါ၀င္လာပါတယ္။ ဒါေပမဲ့ ဆံုးျဖတ္ခ်က္ေတာ့ မခ်ရေသးပါဘူး”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။