
ဒွန်နီဗန်ဒီဘိခ်ကသူ့လက်တွဲဖော်အက်စ်တဲလ်လီဘားကမ့်တွင်သူ့ရဲ့ရင်သွေးလေး
လွယ်ထားရပြီဖြစ်ကြောင်းကြေညာလာပါတယ်။ ဒွန်နီဗန်ဒီဘိခ်ဟာကွင်းထဲမှာ
ဘာဆိုဘာမှအဆင်မပြေမှုကြုံဆုံရခြင်းမရှိပေမယ့်ကွင်းပြင်ပမှာတော့
အားလုံးအဆင်ပြေနေပုံပါပဲ။
ယနေ့မှာဒတ်ချ်ကွင်းလယ်ကစားသမားဟာ အာထရာဆောင်းဓာတ်ပုံကိုင်ပြီး
ပျော်ရွှင်နေတဲ့ချစ်သူအက်စ်တဲလ်လီနှင့်
ယှဉ်တွဲရိုက်ကူးထားတဲ့ဓာတ်ပုံကိုအင်စတာဂရမ်မှာတင်ကာ
ပရိသတ်များကိုအသိပေးလာတာဖြစ်ပါတယ်။
အသက်၂၅နှစ်အရွယ်ရှိအက်စ်တဲလ်လီဟာလည်းသူတို့စုံတွဲရဲ့
ဝမ်းသာစရာသတင်းကိုသူမရဲ့အကောင့်ကနေကြေညာမှုပြုလုပ်သွားခဲ့ပါတယ်။
အသက်၂၄နှစ်ရှိအေဂျက်စ်ကွင်းလယ်ကစားသမားဟောင်းဟာ
ယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်မှာ၆မိနစ်တည်းသာကစားခွင့်ရရှိထားသူဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာအမ်စတာဒမ်မှာတွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီး
ပြီးခဲ့တဲ့နှစ်မှစတင်ကာအတူနေထိုင်လာခဲ့တာဖြစ်ပါတယ်။အက်စ်တဲလ်လီဘားကမ့်ကို
ဖခင်ဖြစ်သူဘားကမ့် အာဆင်နယ်တွင်အကြီးအကျယ်အောင်မြင်နေချိန်တွင်
လန်ဒန်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
zawgyi
ဗန္ဒီဘိခ္က သူ႔လက္တြဲေဖာ္အက္စ္တဲလ္လီဘားကမ့္တြင္ သူ႔ရဲ႕ရင္ေသြးေလးလြယ္ထားရၿပီျဖစ္ေၾကာင္း ေၾကညာ
ဒြန္နီဗန္ဒီဘိခ္ကသူ႔လက္တြဲေဖာ္အက္စ္တဲလ္လီဘားကမ့္တြင္သူ႔ရဲ႕ရင္ေသြးေလး
လြယ္ထားရၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။ ဒြန္နီဗန္ဒီဘိခ္ဟာကြင္းထဲမွာ
ဘာဆိုဘာမွအဆင္မေျပမႈႀကဳံဆုံရျခင္းမရွိေပမယ့္ကြင္းျပင္ပမွာေတာ့
အားလုံးအဆင္ေျပေနပုံပါပဲ။ယေန႔မွာဒတ္ခ်္ကြင္းလယ္ကစားသမားဟာ
အာထရာေဆာင္းဓာတ္ပုံကိုင္ၿပီးေပ်ာ္႐ႊင္ေနတဲ့ခ်စ္သူအက္စ္တဲလ္လီႏွင့္
ယွဥ္တြဲ႐ိုက္ကူးထားတဲ့ဓာတ္ပုံကိုအင္စတာဂရမ္မွာတင္ကာ
ပရိသတ္မ်ားကိုအသိေပးလာတာျဖစ္ပါတယ္။
အသက္၂၅ႏွစ္အ႐ြယ္ရွိအက္စ္တဲလ္လီဟာလည္းသူတို႔စုံတြဲရဲ႕
ဝမ္းသာစရာသတင္းကိုသူမရဲ႕အေကာင့္ကေနေၾကညာမႈျပဳလုပ္သြားခဲ့ပါတယ္။
အသက္၂၄ႏွစ္ရွိေအဂ်က္စ္ကြင္းလယ္ကစားသမားေဟာင္းဟာ
ယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္မွာ၆မိနစ္တည္းသာကစားခြင့္ရရွိထားသူျဖစ္ပါတယ္။
၎တို႔ႏွစ္ဦးဟာအမ္စတာဒမ္မွာေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာျဖစ္ၿပီး
ၿပီးခဲ့တဲ့ႏွစ္မွစတင္ကာအတူေနထိုင္လာခဲ့တာျဖစ္ပါတယ္။အက္စ္တဲလ္လီဘားကမ့္ကို
ဖခင္ျဖစ္သူဘားကမ့္ အာဆင္နယ္တြင္အႀကီးအက်ယ္ေအာင္ျမင္ေနခ်ိန္တြင္
လန္ဒန္မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။