ဗန်ဒီဘိခ်တော့ နောင်တရနေတော့မှာလို့ ဆိုလိုက်တဲ့ နယ်သာလန်ဂန္ထဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူ့ရဲ့မန်ယူအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကွင်းလယ်လူဗန်ဒီဘိခ်ဟာ နောင်တရနေလိမ့်မှာလို့ နယ်သာလန်ဂန္ထဝင်ဟောင်းဗန်ဘတ်စတင်က ပြောကြားလိုက်ပါတယ်။ ၂၃ နှစ်အရွယ် အဲဒီနယ်သာလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကနေ ပေါင်သန်း ၄၀ နဲ့ရောက်လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ၆၁ မိနစ်သာ ကစားရသေးတာပါ။

ဆိုးလ်ရှားက သူကစားခွင့်ပိုရလာလိမ့်မယ်လို့ ကတိပေးပြောကြားထားပေမယ့်လည်း ဗန်ဒီဘိခ်ဟာ ချဲလ်ဆီးနဲ့ဂိုးမရှိသရေကျခဲ့တဲ့ မန်ယူရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ သူဟာ ဒီရာသီမှာ မန်ယူအတွက် ၂ ပွဲသာ ပွဲထွက်ခွင့်ရသေးပြီး အဲဒါကလည်း လူတန်တောင်း၊ ဘရိုက်တန်တို့နဲ့  ကာရာဘောင်းဖလားပွဲတွေမှာသာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နယ်သာလန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းဗန်ဘတ်စတင်က”သူဟာ မန်ယူကို မသွားခဲ့သင့်ဘူး။ အပတ်စဉ်တိုင်းကစားချင်နေတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်နေတဲ့အတွက်ပါ။ ဒီနှစ်မှာ ၆ ပွဲ၊ ၇ ပွဲပဲကစားရသေးတဲ့ သူလို့ကစားသမားမျိုးအတွက် တကယ်ကိုဆိုးပါတယ်။ ထိပ်တန်းကစားသမားတစ်ယောက်အနေနဲ့ အသင်းသစ်တစ်ခုကို ပြောင်းမယ်ဆိုရင် ကစားရနိုင်မယ့်အခွင့်အရေးကို ကြည့်ရမှာပါ။ သူဟာ ပိုအလားအလာကောင်းတာကို စောင့်ခဲ့သင့်ပြီး တခြားအသင်းတစ်ခုကို ပြောင်းရမှာပါ”လို့ ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။

ချဲလ်ဆီးပွဲအပြီးမှာ မန်ယူနောက်ခံလူဟောင်းအီဗရာကလည်း ဗန်ဒီဘိခ်ကို ဘာကြောင့်ခေါ်ခဲ့တာလည်းဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ယူဟာ ဗန်ဒီဘိခ်ကို မလိုအပ်တာ အမှန်တရားပဲလို့လည်း အီဗရာက ဆိုခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗန္ဒီဘိခ္ေတာ့ ေနာင္တရနေတာ့မွာလုိ႔ ဆိုလိုက္တဲ့ နယ္သာလန္ဂႏၳ၀င္

သူ႔ရဲ႕မန္ယူအေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ ကြင္းလယ္လူဗန္ဒီဘိခ္ဟာ ေနာင္တရေနလိမ့္မွာလုိ႔ နယ္သာလန္ဂႏၳ၀င္ေဟာင္းဗန္ဘတ္စတင္က ေျပာၾကားလုိက္ပါတယ္။ ၂၃ ႏွစ္အရြယ္ အဲဒီနယ္သာလန္လက္ေရြးစင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ကေန ေပါင္သန္း ၄၀ နဲ႔ေရာက္လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ၆၁ မိနစ္သာ ကစားရေသးတာပါ။

ဆုိးလ္ရွားက သူကစားခြင့္ပိုရလာလိမ့္မယ္လုိ႔ ကတိေပးေျပာၾကားထားေပမယ့္လည္း ဗန္ဒီဘိခ္ဟာ ခ်ဲလ္ဆီးနဲ႔ဂိုးမရွိသေရက်ခ့ဲတဲ့ မန္ယူရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း အရန္ခုံမွာသာ ထိုင္ေနခဲ့ရပါတယ္။ သူဟာ ဒီရာသီမွာ မန္ယူအတြက္ ၂ ပြဲသာ ပြဲထြက္ခြင့္ရေသးၿပီး အဲဒါကလည္း လူတန္ေတာင္း၊ ဘရိုက္တန္တို႔နဲ႔  ကာရာေဘာင္းဖလားပြဲေတြမွာသာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း နယ္သာလန္ဂႏၳ၀င္တုိက္စစ္မႈးေဟာင္းဗန္ဘတ္စတင္က”သူဟာ မန္ယူကို မသြားခဲ့သင့္ဘူး။ အပတ္စဥ္တိုင္းကစားခ်င္ေနတဲ့ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေနတဲ့အတြက္ပါ။ ဒီႏွစ္မွာ ၆ ပြဲ၊ ၇ ပြဲပဲကစားရေသးတဲ့ သူလုိ႔ကစားသမားမ်ိဳးအတြက္ တကယ္ကိုဆုိးပါတယ္။ ထိပ္တန္းကစားသမားတစ္ေယာက္အေနနဲ႔ အသင္းသစ္တစ္ခုကို ေျပာင္းမယ္ဆုိရင္ ကစားရႏိုင္မယ့္အခြင့္အေရးကို ၾကည့္ရမွာပါ။ သူဟာ ပိုအလားအလာေကာင္းတာကို ေစာင့္ခဲ့သင့္ၿပီး တျခားအသင္းတစ္ခုကို ေျပာင္းရမွာပါ”လို႔ ရုပ္သံတစ္ခုကို ေျပာခဲ့တာပါ။

ခ်ဲလ္ဆီးပြဲအၿပီးမွာ မန္ယူေနာက္ခံလူေဟာင္းအီဗရာကလည္း ဗန္ဒီဘိခ္ကို ဘာေၾကာင့္ေခၚခဲ့တာလည္းဆိုၿပီး ေမးခြန္းထုတ္ခဲ့ပါတယ္။ မန္ယူဟာ ဗန္ဒီဘိခ္ကို မလုိအပ္တာ အမွန္တရားပဲလုိ႔လည္း အီဗရာက ဆိုခဲ့ပါေသးတယ္။