ဗန်ဒီဘိခ်နဲ့ လင်ဂတ်တို့ကို ဖာဒီနန်ဘာပြောလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားကသူ့ပြောစကားအတိုင်း ဗန်ဒီဘိခ်ကိုပွဲထုတ်ခဲ့သလို ပွဲကစားခွင့်ကာလရှည်ကြာပျောက်ဆုံးနေတဲ့ လင်ဂတ်ကိုလည်းအသုံးပြုခဲ့ပါတယ်။အဲဒီပွဲမှာ ထူးခြားစွာပဲ အသင်းရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ မက်ဂွိုင်းယား၊ဖာနန်ဒက်စ်၊ဒီဂီယာ၊မားကပ်စ် တို့အားလုံးမပါဝင်နိုင်တဲ့အခြေအနေမှာ တော်မီနေးတစ်ယောက် ခေါင်းဆောင်လက်ပတ် ကို ဝတ်ခွင့်ရခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်ကတော့ သူ့အသင်းဟောင်းရဲ့ ပြန်လည် တောက်ပလာမှုကို ကျေနပ်နေပါတယ်။ အဲဒီပွဲစဉ်မှာ ပါဝင်ခဲ့ကြတဲ့ လင်ဂတ်နဲ့ ဗန်ဒီဘိခ်တို့နဲ့ ပတ်သက်ပြီးတော့လည်း ခုလိုပြောထားပါတယ်။ ” လင်ဂတ်ကိုကလေးဘဝကတည်းက ကျွန်တော်သိလာတာပါ။ သူ့အကြောင်းကောင်းကောင်းသိပါတယ်။ သူအသက်ရလာတဲ့ အခါမှာ သူ့ခြေစွမ်းကကောင်းပါတယ်”

“သူဟာဒီဘောလုံးကလပ်အတွက်ဘောလုံးကစားပေးမယ့်သူတစ်ယောက်ဖြစ်မယ်ဆိုတာကျွန်တော်အမြဲသိခဲ့ပါတယ်။ ဒါပေမယ့် ဒီကာလထဲမှာသူ့မှာ အခက်အခဲတွေရှိခဲ့ပြီးတော့ ထိန်းချုပ်ထားခံရသလိုမျိုး ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အသင်းကစောင့်ဆိုင်းခဲ့ပြီး၊ ခုတော့ ပွဲထွက်နိုင်ခဲ့ပါတယ်။ ဒါဟာ ယခုရာသီမှာ သူ့အတွက် တဖန်ပြန်လည်စတင်မှုလို့ပြောနိုင်ပါတယ်။”

“တစ်ဖက်မှာတော့ ကျွန်တော်သာသူ့နေရာမှာ ဆိုရင် နည်းပြကို သေချာမေးမှာပါ။ ကျွန်တော့်ရဲ့ အနာဂတ် အနေအထား၊ ပွဲထွက်ခွင့် တခြားသေချာ ရေရာမှုတွေက ဘာလဲဆိုပြီး သေချာပေါက်မေးမှာပါ။ အသက် ၂၈ နှစ်က သူ့အတွက် မငယ်တော့ပါဘူး။ ဒါကြောင့် နေရာမရဖို့ သေချာရင် အသင်းပြောင်းသင့်ရင် ပြောင်းရမှာပါ။”

“ဗန်ဒီဘိခ်ကတော့ မိနစ်များများ ကစားဖို့ မျှော်လင့်ထားမှာပါပဲ။ အသင်းပြောင်းတုန်းက ဗန်ဒီဘိခ် ဘာတွေ သဘောတူညီမှု လုပ်ထားလဲဆိုတာကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ကြားက အခြေအနေတွေ သေချာမသိနိုင်ဘူးလေ။ ဗန်ဒီဘိခ်ပွဲများများထွက်ရဖို့ ကိစ္စကလည်း ညှိနှိုင်းဖို့လိုပါလိမ့်မယ်”ဆိုပြီး ဖာဒီနန်ကပြောဆိုထားပါတယ်။

ဗန်ဒီဘိခ်ဟာအဲ ဒီပွဲမှာ ပေးပို့မှုအကြိမ် ၇၀ ထဲက ၄ ကြိမ်သာလွဲချော်ခဲ့ပါတယ်။ ဘောလုံးဆယ်ယူမှု ၁၁ ကြိမ်ရှိခဲ့ပြီး တစ်ကွင်းလုံးက ဘယ်ကစားသမားထက်မဆိုပိုများခဲ့ပါတယ် ။ မာတာနဲ့ တွဲဖက်ကစားခဲ့တဲ့ဘောလုံးသာ ဂိုးဝင်ခဲ့မယ်ဆိုရင် ဂိုးဖန်တီးမှုရဦးမှာဖြစ်ပေမယ့် တစ်ဖက်ဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ်။

Zawgyi

မ​ေန႔က ၀က္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ နည္းျပဆိုးလ္ရွားကသူ႔​ေျပာစကားအတိုင္း ဗန္ဒီဘိခ္ကိုပြဲထုတ္ခဲ့သလို ပြဲကစားခြင့္ကာလရွည္ၾကာေပ်ာက္ဆုံးေနတဲ့ လင္ဂတ္ကိုလည္းအသုံးျပဳခဲ့ပါတယ္။အဲဒီပြဲမွာ ထူးျခားစြာပဲ အသင္းရဲ႕ ေခါင္းေဆာင္ေတြျဖစ္တဲ့ မက္ဂြိဳင္းယား၊ဖာနန္ဒက္စ္၊ဒီဂီယာ၊မားကပ္စ္ တို႔အားလုံးမပါဝင္ႏိုင္တဲ့အေျခအေနမွာ ေတာ္မီေနးတစ္​ေယာက္ ​ေခါင္း​ေဆာင္လက္ပတ္ ကို ၀တ္ခြင့္ရခဲ့ပါတယ္။

ယူႏိုက္တက္ ခံစစ္မႉးေဟာင္း ဖာဒီနန္က​ေတာ့ သူ႔အသင္းေဟာင္းရဲ႕ ျပန္လည္ ေတာက္ပလာမႈကို ေက်နပ္ေနပါတယ္။ အဲဒီပြဲစဥ္မွာ ပါ၀င္ခဲ့ၾကတဲ့ လင္ဂတ္နဲ႔ ဗန္ဒီဘိခ္တို႔နဲ႔ ပတ္သက္ၿပီး​ေတာ့လည္း ခုလို​ေျပာထားပါတယ္။ ” လင္ဂတ္ကိုက​ေလးဘ၀ကတည္းက ကြၽန္​ေတာ္သိလာတာပါ။ သူ႔အ​ေၾကာင္း​ေကာင္း​ေကာင္းသိပါတယ္။ သူအသက္ရလာတဲ့ အခါမွာ သူ႔​ေျခစြမ္းက​ေကာင္းပါတယ္” “သူဟာဒီေဘာလုံးကလပ္အတြက္ေဘာလုံးကစား​ေပးမယ့္သူတစ္ေယာက္ျဖစ္မယ္ဆိုတာကြၽန္ေတာ္အၿမဲသိခဲ့ပါတယ္။ ဒါ​ေပမယ့္ ဒီကာလထဲမွာသူ႔မွာ အခက္အခဲ​ေတြရွိခဲ့ၿပီး​ေတာ့ ထိန္းခ်ဳပ္ထားခံရသလိုမ်ိဳး ျဖစ္ခဲ့ပါတယ္။ဒါ​ေပမယ့္ အသင္းကေစာင့္ဆိုင္းခဲ့ၿပီး၊ ခု​ေတာ့ ပြဲထြက္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ယခုရာသီမွာ သူ႔အတြက္ တဖန္ျပန္လည္စတင္မႈလို႔​ေျပာႏိုင္ပါတယ္။”

“တစ္ဖက္မွာ​ေတာ့ ကြၽန္​ေတာ္သာသူ႔​ေနရာမွာ ဆိုရင္ နည္းျပကို ​ေသခ်ာ​ေမးမွာပါ။ ကြၽန္​ေတာ့္ရဲ႕ အနာဂတ္ အ​ေနအထား၊ ပြဲထြက္ခြင့္ တျခား​ေသခ်ာ ​ေရရာမႈ​ေတြက ဘာလဲဆိုၿပီး ​ေသခ်ာ​ေပါက္​ေမးမွာပါ။ အသက္ ၂၈ ႏွစ္က သူ႔အတြက္ မငယ္​ေတာ့ပါဘူး။ ဒါ​ေၾကာင့္ ​ေနရာမရဖို႔ ​ေသခ်ာရင္ အသင္း​ေျပာင္းသင့္ရင္ ​ေျပာင္းရမွာပါ။”

“ဗန္ဒီဘိခ္က​ေတာ့ မိနစ္မ်ားမ်ား ကစားဖို႔ ​ေမွ်ာ္လင့္ထားမွာပါပဲ။ အသင္း​ေျပာင္းတုန္းက ဗန္ဒီဘိခ္ ဘာ​ေတြ သ​ေဘာတူညီမႈ လုပ္ထားလဲဆိုတာကလည္း အ​ေရးႀကီးပါတယ္။ ကြၽန္​ေတာ္တို႔က​ေတာ့ သူတို႔ၾကားက အ​ေျခအ​ေန​ေတြ ​ေသခ်ာမသိႏိုင္ဘူး​ေလ။ ဗန္ဒီဘိခ္ပြဲမ်ားမ်ားထြက္ရဖို႔ ကိစၥကလည္း ညႇိႏႈိင္းဖို႔လိုပါလိမ့္မယ္”ဆိုၿပီး ဖာဒီနန္က​ေျပာဆိုထားပါတယ္။ ဗန္ဒီဘိခ္ဟာအဲ ဒီပြဲမွာ ေပးပို႔မႈအႀကိမ္ ၇၀ ထဲက ၄ ႀကိမ္သာလြဲေခ်ာ္ခဲ့ပါတယ္။ ေဘာလုံးဆယ္ယူမႈ ၁၁ ႀကိမ္ရွိခဲ့ၿပီး တစ္ကြင္းလုံးက ဘယ္ကစားသမားထက္မဆိုပိုမ်ားခဲ့ပါတယ္ ။ မာတာနဲ႔ တြဲဖက္ကစားခဲ့တဲ့​​ေဘာလုံးသာ ဂိုး၀င္ခဲ့မယ္ဆိုရင္ ဂိုးဖန္တီးမႈရဦးမွာျဖစ္ေပမယ့္ တစ္ဖက္ဂိုးသမားကာကြယ္သြားႏိုင္ခဲ့ပါတယ္။