ဗန်ဒီဘိခ်ရဲ့မပျော်ရွှင်မှုကို စာနာနားလည်ပေးတဲ့ ဖာနန်ဒက်စ်

ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ကစားခွင့်သိပ်မရလို့ မပျော်ရွှင်နေတဲ့ အသင်းဖော်ဗန်ဒီဘိခ်ရဲ့အဖြစ်ကို အပြည့်အဝစာနာနားလည်နိုင်ကြောင်းဆိုခဲ့ပေမယ့် အဲဒါဟာ အသင်းရဲ့အင်အားတောင့်တင်းမှုကို ပြသရာရောက်ကြောင်း ပြောကြားလိုက်ပါတယ်။

နယ်သာလန်လက်ရွေးစင်ဗန်ဒီဘိခ်ဟာ ဒီရာသီ သူ့ရဲ့၁၀ ပွဲမြောက်ပွဲထွက်မှုအဖြစ် လီဗာပူးကိုအနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ ပါဝင်ခဲ့ရတာပါ။

ဒါပေမဲ့ ဗန်ဒီဘိခ်ဟာ အဲဒီပွဲမှာ အများကြီးခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဘောလုံးထိချက် ၂၃ ကြိမ်သာရှိခဲ့ကာ ပေးပို့ရန်ကြိုးပမ်းမှု ၁၈ ကြိမ်နဲ့ ၆၆ မိနစ်အရောက်မှာ လူစားလဲခံလိုက်ရပါတယ်။

ဗန်ဒီဘိခ်အစား လူစားဝင်လာတဲ့ဖာနန်ဒက်စ်ဟာ ပွဲအဖြေပြောင်းလဲပေးနိုင်တဲ့ကစားသမားအဖြစ် နောက်ထပ်တစ်ကြိမ် သက်သေပြနိုင်ခဲ့ကာ ကွင်းထဲရောက်လာပြီး ၁၂ မိနစ်အကြာမှာပဲ မန်ယူအတွက် အနိုင်ဂိုးဖြစ်စေမယ့် တတိယဂိုးကို ဖရီးကစ်ကနေ သွင်းယူပေးခဲ့တယ်။

နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း အဲဒီပွဲမတိုင်ခင်ကတည်းက ကစားခွင့်မရလို့ ဗန်ဒီဘိခ် မပျော်ရွှင်ဖြစ်နေတာကို ဝန်ခံထားပြီး ဖာနန်ဒက်စ်ကလည်း ပေါင်သန်း ၄၀ တန်ကစားသမားအတွက် ကိုယ်ချင်းစာခဲ့ပါတယ်။

”ဗန်ဒီဘိခ်ဟာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကစားတဲ့နေရာမှာ သူဟာ တကယ်ကိုကောင်းကောင်းလှုပ်ရှားနိုင်ခဲ့တာပါ။ အဲဒါဟာ ကျွန်တော်တို့အတွက် အရေးပါပြီး ကျွန်တော်သာ သူ့နေရာမှာဆိုရင်လည်း အလုံးစုံပျော်ရွှင်နိုင်မှာ မဟုတ်ဘူး”လို့ ဆိုခဲ့တာပါ။

ဆက်လက်ပြီး ဖာနန်ဒက်စ်က”ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့လူစာရင်းရှိပြီး ရွေးချယ်စရာတွေလည်း ရှိနေတာပါ။ အရန်ခုံတန်းနဲ့ ဒီနေ့ ပွဲထွက်စာရင်းကိုကြည့်လိုက်ရင် ကျွန်တော်တု့ိရဲ့တောင့်တင်းမှုကို မြင်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi

ဗန္ဒီဘိခ္ရဲ႕မေပ်ာ္ရႊင္မႈကို စာနာနားလည္ေပးတဲ့ ဖာနန္ဒက္စ္

ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္က ကစားခြင့္သိပ္မရလုိ႔ မေပ်ာ္ရႊင္ေနတဲ့ အသင္းေဖာ္ဗန္ဒီဘိခ္ရဲ႕အျဖစ္ကို အျပည့္အ၀စာနာနားလည္ႏိုင္ေၾကာင္းဆိုခဲ့ေပမယ့္ အဲဒါဟာ အသင္းရဲ႕အင္အားေတာင့္တင္းမႈကို ျပသရာေရာက္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

နယ္သာလန္လက္ေရြးစင္ဗန္ဒီဘိခ္ဟာ ဒီရာသီ သူ႔ရဲ႕၁၀ ပြဲေျမာက္ပြဲထြက္မႈအျဖစ္ လီဗာပူးကိုအႏိုင္ရခဲ့တဲ့အက္ဖ္ေအဖလားပြဲမွာ ပါ၀င္ခဲ့ရတာပါ။

ဒါေပမဲ့ ဗန္ဒီဘိခ္ဟာ အဲဒီပြဲမွာ အမ်ားႀကီးေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ ေဘာလုံးထိခ်က္ ၂၃ ႀကိမ္သာရွိခဲ့ကာ ေပးပို႔ရန္ႀကိဳးပမ္းမႈ ၁၈ ႀကိမ္နဲ႔ ၆၆ မိနစ္အေရာက္မွာ လူစားလဲခံလိုက္ရပါတယ္။

ဗန္ဒီဘိခ္အစား လူစား၀င္လာတဲ့ဖာနန္ဒက္စ္ဟာ ပြဲအေျဖေျပာင္းလဲေပးႏိုင္တဲ့ကစားသမားအျဖစ္ ေနာက္ထပ္တစ္ႀကိမ္ သက္ေသျပႏိုင္ခဲ့ကာ ကြင္းထဲေရာက္လာၿပီး ၁၂ မိနစ္အၾကာမွာပဲ မန္ယူအတြက္ အႏိုင္ဂိုးျဖစ္ေစမယ့္ တတိယဂိုးကို ဖရီးကစ္ကေန သြင္းယူေပးခဲ့တယ္။

နည္းျပဆိုးလ္ရွားကိုယ္တုိင္ကလည္း အဲဒီပြဲမတိုင္ခင္ကတည္းက ကစားခြင့္မရလို႔ ဗန္ဒီဘိခ္ မေပ်ာ္ရႊင္ျဖစ္ေနတာကို ၀န္ခံထားၿပီး ဖာနန္ဒက္စ္ကလည္း ေပါင္သန္း ၄၀ တန္ကစားသမားအတြက္ ကိုယ္ခ်င္းစာခဲ့ပါတယ္။

”ဗန္ဒီဘိခ္ဟာ ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ့္ကစားတဲ့ေနရာမွာ သူဟာ တကယ္ကိုေကာင္းေကာင္းလႈပ္ရွားႏိုင္ခဲ့တာပါ။ အဲဒါဟာ ကၽြန္ေတာ္တုိ႔အတြက္ အေရးပါၿပီး ကၽြန္ေတာ္သာ သူ႔ေနရာမွာဆုိရင္လည္း အလုံးစုံေပ်ာ္ရႊင္ႏုိင္မွာ မဟုတ္ဘူး”လုိ႔ ဆုိခဲ့တာပါ။

ဆက္လက္ၿပီး ဖာနန္ဒက္စ္က”ကၽြန္ေတာ္တုိ႔မွာ တကယ္ေကာင္းတဲ့လူစာရင္းရွိၿပီး ေရြးခ်ယ္စရာေတြလည္း ရွိေနတာပါ။ အရန္ခုံတန္းနဲ႔ ဒီေန႔ ပြဲထြက္စာရင္းကိုၾကည့္လိုက္ရင္ ကၽြန္ေတာ္တု႔ိရဲ႕ေတာင့္တင္းမႈကို ျမင္ရမွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။