ဗန်ဒီဘိခ်ရဲ့ အခြေအနေကို မော်ရင်ဟိုလက်ထက်ကပေါ့ဘာနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုး ဖြစ်လာမှာကို မန်ယူ စိုးရိမ်ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်မှာ ဒတ်ချ်ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက် က

နည်းပြ မော်ရင်ဟို လက်ထက်မှာ ကွင်းလယ်လူ ပေါ့ဘာနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာလိုမျိုး ဖြစ်လာမှာကို စိုးရိမ်လာရပါတယ်။

စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀နီးပါးနဲ့ ခေါ်ခဲ့တဲ့ ဗန်ဒီဘိခ်ကို

ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပွဲထွက်ခွင့်မပေးသေးတဲ့အပေါ် ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်လာပါတယ်။

အရင်ဆုံး ဗန်ဒီဘိခ်ရဲ့ အကြံပေး ရှာ့ခ်ဆွာ့ဒ်က

ပွဲကစားခွင့်နည်းလွန်းတဲ့အပေါ် ဘရိုက်တန်နဲ့ပွဲအပြီးမှာ စတင်ဝေဖန်ခဲ့ပါတယ်။

“လူးစားလဲကစားရတာကို ကျွန်တော် လုံးဝမကြိုက်ပါဘူး။

ကိုယ်သာဆိုရင် ပွဲပြီးဖို့ ၄မိနစ်အလိုလောက်မှာ ဝင်ကစားတာမျိုး လုပ်မှာမဟုတ်ပါဘူး’’လို့ ဆွာ့ဒ်က ပြောပါတယ်။

ဆွာ့ဒ်ဟာ ကစားသမားဘဝက အေးဂျက်စ်တစ်သင်းတည်းမှာပဲ ၁၇နှစ်ကြာအထိ ကစားခဲ့ပြီး

အခုအခါ အသက် ၈၂နှစ်အရွယ်ရနေပြီဖြစ်ပါတယ်။

ဆွာ့ဒ်ရဲ့ဝေဖန်ချက်ကို မန်ချက်စတာယူနိုက်တက်က မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေမယ့်

ယူနိုက်တက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးဖြစ်တဲ့ နောက်ခံလူဟောင်း အီဗရာကတော့

ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။

အီဗရာက “ဗန်ဒီဘိခ်ရဲ့အကြံပေးပုဂ္ဂိုလ်အနေနဲ့ သူ့ပါးစပ်ကို ပိတ်ထားသင့်ပါတယ်။

ဗန်ဒီဘိခ်အကြောင်းပြောရင် မန်ချက်စတာယူနိုက်တက်ပရိသတ်တိုင်း စိတ်ပျက်နေကြမှာပါ။

ဘာကြောင့်လဲဆိုတော့ သူ ပွဲထွက်ခွင့်မရတာ အခုဆိုရင် ၃ပွဲရှိသွားပါပြီ”လို့ ပြောပါတယ်။

၂၀၁၈ခုနှစ်ကလည်း အလားတူ အခြေအနေမျိုး မန်ချက်စတာယူနိုက်တက်မှာ ဖြစ်ခဲ့ဖူးပါတယ်။

အဲဒီတုန်းက မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် မော်ရင်ဟို တာဝန်ယူချိန်မှာ

ကွင်းလယ်လူ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာနဲ့ အခြေအတင်ဖြစ်ခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ ပေ့ါဘာနဲ့ မော်ရင်ဟို တို့အကြား ဆက်ဆံရေးလည်းပျက်ပြားသွားပြီး

နောက်ပိုင်းမှာ မော်ရင်ဟိုက အဓိက တရားခံဟာ အေးဂျင့်ရွိုင်အိုလာဖြစ်ကြောင်းပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ