ဗန်ဒီဘိခ်ဟာ အေးဂျင့်သစ်ဖြစ်တဲ့ အယ်လီဒါဆန် နဲ့ လက်တွဲလိုက်ပြီဖြစ်

မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့

၎င်းရဲ့ အေးဂျင့်ဖြစ်တဲ့ ဂွီဒို အယ်လ်ဘာ နဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။

ဗန်ဒီဘိခ် တစ်ယောက် ယာယီ အေးဂျင့် လက်မဲ့ ဖြစ်သွားတဲ့ တစ်ခဏမှာ ပေါ့ဘာရဲ့

အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာကလည်း ကစားသမားထံကို ချိတ်ဆက်မှုပြုလုပ်ခဲ့

သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဗန်ဒီဘိခ်ဟာ

အေးဂျင့်သစ်ဖြစ်တဲ့ အယ်လီဒါဆန် နဲ့ လက်တွဲလိုက်ပြီလို့လည်းသိရပါတယ်။

အဆိုပါ အေးဂျင့်သစ်ဟာ HCL Sport Management လက်အောက်

အေးဂျင့်တစ်ဦးဖြစ်ပြီး အဆိုပါ အေးဂျင့်အဖွဲ့ဟာ ဗန်ဒီဘိခ်နဲ့ ရင်းနှီးတဲ့

နယ်သာလန်ကစားဖော် ဒီဂျောင်ကို တာဝန်ယူပေးနေတဲ့သူတွေဖြစ်လို

ဒီဂျောင်အပေါ်မှာ ဂရုစိုက်မှု အပြည့်အဝ ပေးတဲ့ အချက်ကို ဗန်ဒီဘိခ်က သိရှိထားပြီး

သဘောကျ နှစ်သက်တာကြောင့် အဆိုပါ အေးဂျင့်အဖွဲ့ နဲ့ လက်တွဲလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဗန်ဒီဘိခ် ရဲ့ မန်ယူအသင်းကစားဖော် လင်ဒီလော့ဖ်ဟာလည်း

အဆိုပါ အေးဂျင့်အဖွဲ့နဲ့ လက်ရှိမှာ လက်တွဲနေသူဖြစ်ပြီး (၂၀၂၄) အထိ

စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဟောင်း

ဂွီဒို အယ်လ်ဘာကတော့ မန်ယူအသင်းမှာ ဗန်ဒီဘိခ် နေရမရတာနဲ့ ပတ်သက်ပြီး

နည်းပြဆိုးလ်ရှားကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူဖြစ်ပြီး နောက်ကွယ်က

ကိစ္စတချို့ကိုလည်း ဖောက်သည်ချခဲ့သူဖြစ်ပါတယ်။

zawgyi

ဗန္ဒီဘိခ္ဟာ ေအးဂ်င့္သစ္ျဖစ္တဲ့ အယ္လီဒါဆန္ နဲ႔ လက္တြဲလိုက္ၿပီျဖစ္

မန္ယူအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကေတာ့

၎ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂြီဒို အယ္လ္ဘာ နဲ႔ လမ္းခြဲလိုက္ၿပီလို႔ သိရပါတယ္။

ဗန္ဒီဘိခ္ တစ္ေယာက္ ယာယီ ေအးဂ်င့္ လက္မဲ့ ျဖစ္သြားတဲ့ တစ္ခဏမွာ ေပါ့ဘာရဲ႕

ေအးဂ်င့္ျဖစ္သူ ႐ြိဳင္းအိုလာကလည္း ကစားသမားထံကို ခ်ိတ္ဆက္မႈျပဳလုပ္ခဲ့

ေသးတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ ဗန္ဒီဘိခ္ဟာ

ေအးဂ်င့္သစ္ျဖစ္တဲ့ အယ္လီဒါဆန္ နဲ႔ လက္တြဲလိုက္ၿပီလို႔လည္းသိရပါတယ္။

အဆိုပါ ေအးဂ်င့္သစ္ဟာ HCL Sport Management လက္ေအာက္

ေအးဂ်င့္တစ္ဦးျဖစ္ၿပီး အဆိုပါ ေအးဂ်င့္အဖြဲ႕ဟာ ဗန္ဒီဘိခ္နဲ႔ ရင္းႏွီးတဲ့

နယ္သာလန္ကစားေဖာ္ ဒီေဂ်ာင္ကို တာဝန္ယူေပးေနတဲ့သူေတြျဖစ္လို

ဒီေဂ်ာင္အေပၚမွာ ဂ႐ုစိုက္မႈ အျပည့္အဝ ေပးတဲ့ အခ်က္ကို ဗန္ဒီဘိခ္က သိရွိထားၿပီး

သေဘာက် ႏွစ္သက္တာေၾကာင့္ အဆိုပါ ေအးဂ်င့္အဖြဲ႕ နဲ႔ လက္တြဲလိုက္တာျဖစ္ပါတယ္။

ဒါ့အျပင္ ဗန္ဒီဘိခ္ ရဲ႕ မန္ယူအသင္းကစားေဖာ္ လင္ဒီေလာ့ဖ္ဟာလည္း

အဆိုပါ ေအးဂ်င့္အဖြဲ႕နဲ႔ လက္ရွိမွာ လက္တြဲေနသူျဖစ္ၿပီး (၂၀၂၄) အထိ

စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။ ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္ေဟာင္း

ဂြီဒို အယ္လ္ဘာကေတာ့ မန္ယူအသင္းမွာ ဗန္ဒီဘိခ္ ေနရမရတာနဲ႔ ပတ္သက္ၿပီး

နည္းျပဆိုးလ္ရွားကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့သူျဖစ္ၿပီး ေနာက္ကြယ္က

ကိစၥတခ်ိဳ႕ကိုလည္း ေဖာက္သည္ခ်ခဲ့သူျဖစ္ပါတယ္။