ဗန်ဒီဘိခ်အတွက် ပွဲတွေရောက်လာပါလိမ့်မယ်-ဆိုးလ်ရှား အေဂျက်ဇ်ကပြောင်းသွားတဲ့ ဒီလစ်၊ ဒီဂျောင်၊ ဇီယက်ချ်တို့လည်း ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ချဲလ်ဆီးမှာ အရန်ခုံပဲထိုင်နေရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး တန်ကြေးမြင့် အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပေမယ့် ဒီ ၃၅ သန်းတန်ကစားသမားဟာ အခုချိန်ထိ အရန်ခုံမှာပဲ အချိန်ကုန်နေပြီး လူစားဝင်ကစားသမားအဖြစ်ပဲ နေနေရပါတယ်။

တကယ်တော့ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်မှာကတည်းက ခြေစွမ်းကောင်းတဲ့ကစားသမားဖြစ်သလို ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲမှာလည်း နယ်သာလန်အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အီတလီနဲ့ပွဲမှာ ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့တဲ့သူပါ။

ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစား သမားဖြစ်ခဲ့သလို ပီအက်စ်ဂျီကိုနိုင်တဲ့ပွဲမှာလည်း ၈၈ မိနစ်ရောက်မှ လူစားဝင် ကစားခဲ့ရတာပါ။ ချဲလ်ဆီးနဲ့ပွဲမှာဆိုရင် သူဟာ လူစားဝင်အဖြစ်တောင် မကစားခဲ့ရ ပါဘူး။

ဒီကိစ္စအပေါ် မေးခွန်းထုတ်မှုတွေရှိနေပြီး နည်းပြဆိုးလ်ရှားကတော့ “ဗန်ဒီ ဘိခ်ပွဲထွက်ခွင့်မရတဲ့ကိစ္စက စိတ်ပူစရာမရှိပါဘူး။ သူကစားမယ့်ပွဲတွေ လာပါလိမ့် မယ်။ ဘယ်သူတွေကစားသင့်တယ်လို့ပြောတယ်ဆိုတာ လွယ်ပေမယ့် ဘယ်သူ တွေ မကစားသင့်ဘူးလို့ပြောရတာကတော့ ခက်ပါတယ်” လို့ ပြောကြားသွားပါတယ်။

ဗန်ဒီဘိခ်ဟာ ချဲလ်ဆီးနဲ့ပွဲကို အရန်ခုံပေါ်ကပွဲကြည့်နေရတဲ့အချိန်မှာ သူ့ ရဲ့အသင်းဟောင်း အေဂျက်ဇ်ကတော့ နယ်သာလန်လိဂ်မှာ VVV ကို အဝေးကွင်း မှာ ၁၃ ဂိုးအထိသွင်းယူပြီး အံ့အားသင့်စရာရလဒ်ကို လုပ်ပြနိုင်ခဲ့ပါတယ်။

လွန်ခဲ့ တဲ့ ၂ နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်အသင်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး အဲဒီက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဒီလစ်၊ ကွင်းလယ်ကစား သမား ဇီယက်ချ်နဲ့ ဒီဂျောင်တို့ အသင်းပြောင်းရွှေ့သွားခဲ့ပြီး အခုနောက်ဆုံး ဗန်ဒီ ဘိခ်လည်း မန်ယူကိုရောက်လာတာပါ။

ဒီကစားသမား ၄ ယောက်စလုံးဟာ ခြေ စွမ်းရှိတဲ့လူငယ်တွေဖြစ်ပေမယ့် ဒီလစ်ဆိုရင်လည်း ဂျူဗင်တပ်နောက်တန်းမှာ ပွဲ ထွက်ခွင့်ရဖို့ ဘိုနူချီနဲ့ ချီရယ်လီနီကို မကျော်နိုင်ပါဘူး။ ဒီဂျောင်ဆိုရင်လည်း ဘာစီ လိုနာမှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူမဟုတ်ပါဘူး။ ဇီယက်ချ်ကတော့ ဒဏ်ရာတွေနဲ့ နပန်းလုံးနေခဲ့ရပြီး ချဲလ်ဆီးမှာ လူစားဝင်ကစားသမားအနေနဲ့ ပွဲထွက်ခွင့်အနည်းငယ်ပဲရပါသေးတယ်။

ဒါကြောင့် ဗန်ဒီဘိခ် မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်မရတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေအထားမျိုးပဲဖြစ်ပြီး နယ်သာ လန်လိဂ်က ဥရောပထိပ်တန်း ၅ လိဂ်မှာမပါတဲ့အတွက် နယ်သာလန်လိဂ် အေ ဂျက်ဇ်က ပြောင်းသွားတဲ့ကစားသမားတွေဟာ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး နဲ့ မန်ယူလို ထိပ်တန်းအသင်းတွေဖြစ်တာကြောင့် ပွဲထွက်ခွင့်ပုံမှန်မရတာဟာ ဖြစ် လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ