ဗန်ဒီဘိခ်အတွက် ပွဲတွေရောက်လာပါလိမ့်မယ်-ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး တန်ကြေးမြင့် အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပေမယ့် ဒီ ၃၅ သန်းတန်ကစားသမားဟာ အခုချိန်ထိ အရန်ခုံမှာပဲ အချိန်ကုန်နေပြီး လူစားဝင်ကစားသမားအဖြစ်ပဲ နေနေရပါတယ်။

တကယ်တော့ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်မှာကတည်းက ခြေစွမ်းကောင်းတဲ့ကစား သမားဖြစ်သလို ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲမှာလည်း နယ်သာလန်အ သင်းအတွက် အကောင်းဆုံးကစားပေးနိုင်တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အီတလီနဲ့ပွဲမှာ ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့တဲ့သူပါ။

ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစား သမားဖြစ်ခဲ့သလို ပီအက်စ်ဂျီကိုနိုင်တဲ့ပွဲမှာလည်း ၈၈ မိနစ်ရောက်မှ လူစားဝင် ကစားခဲ့ရတာပါ။ ချဲလ်ဆီးနဲ့ပွဲမှာဆိုရင် သူဟာ လူစားဝင်အဖြစ်တောင် မကစားခဲ့ရပါဘူး။

ဒီကိစ္စအပေါ် မေးခွန်းထုတ်မှုတွေရှိနေပြီး နည်းပြဆိုးလ်ရှားကတော့ “ဗန်ဒီ ဘိခ်ပွဲထွက်ခွင့်မရတဲ့ကိစ္စက စိတ်ပူစရာမရှိပါဘူး။ သူကစားမယ့်ပွဲတွေ လာပါလိမ့် မယ်။ ဘယ်သူတွေကစားသင့်တယ်လို့ပြောတယ်ဆိုတာ လွယ်ပေမယ့် ဘယ်သူ တွေ မကစားသင့်ဘူးလို့ပြောရတာကတော့ ခက်ပါတယ်” လို့ ပြောကြားသွားပါ တယ်။

ဗန်ဒီဘိခ်ဟာ ချဲလ်ဆီးနဲ့ပွဲကို အရန်ခုံပေါ်ကပွဲကြည့်နေရတဲ့အချိန်မှာ သူ့ ရဲ့အသင်းဟောင်း အေဂျက်ဇ်ကတော့ နယ်သာလန်လိဂ်မှာ VVV ကို အဝေးကွင်း မှာ ၁၃ ဂိုးအထိသွင်းယူပြီး အံ့အားသင့်စရာရလဒ်ကို လုပ်ပြနိုင်ခဲ့ပါတယ်။

အေဂျက်ဇ်ကပြောင်းသွားတဲ့ ဒီလစ်၊ ဒီဂျောင်၊ ဇီယက်ချ်တို့လည်း ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ချဲလ်ဆီးမှာ အရန်ခုံပဲထိုင်နေရ

လွန်ခဲ့ တဲ့ ၂ နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်အသင်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး အဲဒီက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဒီလစ်၊ ကွင်းလယ်ကစား သမား ဇီယက်ချ်နဲ့ ဒီဂျောင်တို့ အသင်းပြောင်းရွှေ့သွားခဲ့ပြီး အခုနောက်ဆုံး ဗန်ဒီဘိခ်လည်း မန်ယူကိုရောက်လာတာပါ။

ဒီကစားသမား ၄ ယောက်စလုံးဟာ ခြေ စွမ်းရှိတဲ့လူငယ်တွေဖြစ်ပေမယ့် ဒီလစ်ဆိုရင်လည်း ဂျူဗင်တပ်နောက်တန်းမှာ ပွဲ ထွက်ခွင့်ရဖို့ ဘိုနူချီနဲ့ ချီရယ်လီနီကို မကျော်နိုင်ပါဘူး။ ဒီဂျောင်ဆိုရင်လည်း ဘာစီ လိုနာမှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူမဟုတ်ပါဘူး။ ဇီယက်ချ်ကတော့ ဒဏ်ရာတွေနဲ့ နပန်းလုံးနေခဲ့ရပြီး ချဲလ်ဆီးမှာ လူစားဝင်ကစားသမားအနေနဲ့ ပွဲထွက်ခွင့်အနည်းငယ်ပဲရပါသေးတယ်။

ဒါကြောင့် ဗန်ဒီဘိခ် မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်မရတာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေအထားမျိုးပဲဖြစ်ပြီး နယ်သာ လန်လိဂ်က ဥရောပထိပ်တန်း ၅ လိဂ်မှာမပါတဲ့အတွက် နယ်သာလန်လိဂ် အေ ဂျက်ဇ်က ပြောင်းသွားတဲ့ကစားသမားတွေဟာ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး နဲ့ မန်ယူလို ထိပ်တန်းအသင်းတွေဖြစ်တာကြောင့် ပွဲထွက်ခွင့်ပုံမှန်မရတာဟာ ဖြစ် လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲ။

zawgyi

ဗန္ဒီဘိခ္အတြက္ ပြဲေတြေရာက္လာပါလိမ့္မယ္-ဆိုးလ္ရွား

မန္ယူကို ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့ၿပီး တန္ေၾကးျမင့္ အေျပာင္းအေရႊ႕တစ္ခုျဖစ္ခဲ့ေပမယ့္ ဒီ ၃၅ သန္းတန္ကစားသမားဟာ အခုခ်ိန္ထိ အရန္ခံုမွာပဲ အခ်ိန္ကုန္ေနၿပီး လူစား၀င္ကစားသမားအျဖစ္ပဲ ေနေနရပါတယ္။

တကယ္ေတာ့ ဗန္ဒီဘိခ္ဟာ ေအဂ်က္ဇ္မွာကတည္းက ေျခစြမ္းေကာင္းတဲ့ကစား သမားျဖစ္သလို ယူအီးအက္ဖ္ေအေနရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း နယ္သာလန္အ သင္းအတြက္ အေကာင္းဆံုးကစားေပးႏိုင္တဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့အီတလီနဲ႔ပြဲမွာ ေခ်ပဂိုးတစ္ဂိုးသြင္းေပးခဲ့တဲ့သူပါ။

ဒါေပမဲ့ နယူးကာဆယ္နဲ႔ပြဲမွာ လူစား၀င္ကစား သမားျဖစ္ခဲ့သလို ပီအက္စ္ဂ်ီကိုႏိုင္တဲ့ပြဲမွာလည္း ၈၈ မိနစ္ေရာက္မွ လူစား၀င္ ကစားခဲ့ရတာပါ။ ခ်ဲလ္ဆီးနဲ႔ပြဲမွာဆိုရင္ သူဟာ လူစား၀င္အျဖစ္ေတာင္ မကစားခဲ့ရပါဘူး။

ဒီကိစၥအေပၚ ေမးခြန္းထုတ္မႈေတြရွိေနၿပီး နည္းျပဆိုးလ္ရွားကေတာ့ “ဗန္ဒီ ဘိခ္ပြဲထြက္ခြင့္မရတဲ့ကိစၥက စိတ္ပူစရာမရွိပါဘူး။ သူကစားမယ့္ပြဲေတြ လာပါလိမ့္ မယ္။ ဘယ္သူေတြကစားသင့္တယ္လို႔ေျပာတယ္ဆိုတာ လြယ္ေပမယ့္ ဘယ္သူ ေတြ မကစားသင့္ဘူးလို႔ေျပာရတာကေတာ့ ခက္ပါတယ္” လို႔ ေျပာၾကားသြားပါ တယ္။

ဗန္ဒီဘိခ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲကို အရန္ခံုေပၚကပြဲၾကည့္ေနရတဲ့အခ်ိန္မွာ သူ႕ ရဲ႕အသင္းေဟာင္း ေအဂ်က္ဇ္ကေတာ့ နယ္သာလန္လိဂ္မွာ VVV ကို အေ၀းကြင္း မွာ ၁၃ ဂိုးအထိသြင္းယူၿပီး အံ့အားသင့္စရာရလဒ္ကို လုပ္ျပႏိုင္ခဲ့ပါတယ္။

ေအဂ်က္ဇ္ကေျပာင္းသြားတဲ့ ဒီလစ္၊ ဒီေဂ်ာင္၊ ဇီယက္ခ်္တုိ႔လည္း ဘာစီလိုနာ၊ ဂ်ဴဗင္တပ္နဲ႔ ခ်ဲလ္ဆီးမွာ အရန္ခံုပဲထိုင္ေနရ

လြန္ခဲ့ တဲ့ ၂ ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအဂ်က္ဇ္အသင္း အေကာင္းဆံုးယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး အဲဒီက ကစားသမားေတြျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဒီလစ္၊ ကြင္းလယ္ကစား သမား ဇီယက္ခ်္နဲ႔ ဒီေဂ်ာင္တို႔ အသင္းေျပာင္းေရႊ႕သြားခဲ့ၿပီး အခုေနာက္ဆံုး ဗန္ဒီဘိခ္လည္း မန္ယူကိုေရာက္လာတာပါ။

ဒီကစားသမား ၄ ေယာက္စလံုးဟာ ေျခ စြမ္းရွိတဲ့လူငယ္ေတြျဖစ္ေပမယ့္ ဒီလစ္ဆိုရင္လည္း ဂ်ဴဗင္တပ္ေနာက္တန္းမွာ ပြဲ ထြက္ခြင့္ရဖို႔ ဘုိႏူခ်ီနဲ႔ ခ်ီရယ္လီနီကို မေက်ာ္ႏိုင္ပါဘူး။ ဒီေဂ်ာင္ဆုိရင္လည္း ဘာစီ လိုနာမွာ ပံုမွန္ပြဲထြက္ခြင့္ရတဲ့သူမဟုတ္ပါဘူး။ ဇီယက္ခ်္ကေတာ့ ဒဏ္ရာေတြနဲ႔ နပန္းလံုးေနခဲ့ရၿပီး ခ်ဲလ္ဆီးမွာ လူစား၀င္ကစားသမားအေနနဲ႔ ပြဲထြက္ခြင့္အနည္းငယ္ပဲရပါေသးတယ္။

ဒါေၾကာင့္ ဗန္ဒီဘိခ္ မန္ယူမွာ ပံုမွန္ပြဲထြက္ခြင့္မရတာဟာ သာမန္ျဖစ္ရိုးျဖစ္စဥ္အေနအထားမ်ဳိးပဲျဖစ္ၿပီး နယ္သာ လန္လိဂ္က ဥေရာပထိပ္တန္း ၅ လိဂ္မွာမပါတဲ့အတြက္ နယ္သာလန္လိဂ္ ေအ ဂ်က္ဇ္က ေျပာင္းသြားတဲ့ကစားသမားေတြဟာ ဂ်ဴဗင္တပ္၊ ဘာစီလိုနာ၊ ခ်ဲလ္ဆီး နဲ႔ မန္ယူလို ထိပ္တန္းအသင္းေတြျဖစ္တာေၾကာင့္ ပြဲထြက္ခြင့္ပံုမွန္မရတာဟာ ျဖစ္ ေလ့ျဖစ္ထရွိတဲ့ကိစၥပါပဲ။