ဗန်ဒီဘိခ်အနေနဲ့ လာမယ့် နှစ်လအတွင်း ပွဲထွက်ခွင့် ကောင်းကောင်း မရပါက နောက်နှစ် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေ

အေဂျက်ဇ်အသင်းကနေ မန်ယူအသင်းထံကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန်

ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ လက်ရှိ မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်

မရတာကြောင့် လာမယ့် ဇန်နဝါရီမှာ အသင်းဟောင်း အေဂျက်ဇ်အသင်းထံ

အငှားပြန်သွားကစားလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

အဆိုပါ သတင်းတွေဟာ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေသာဖြစ်ကြောင်း

မန်ယူအသင်းနည်းပြဆိုးလ်ရှားကတော့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဗန်ဒီဘိခ်အနေနဲ့ လာမယ့် နှစ်လအတွင်း ပွဲထွက်ခွင့် ကောင်းကောင်း

မရပါက နောက်နှစ် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီလို့သိရပါယ်။

မန်ယူအသင်းကို ရောက်ပြီးနောက်ပိုင်း အရန်ခုံထိုင်နေရတဲ့အပြင် နိုင်ငံအသင်း

လူစားရင်းကနေပါ ချန်လှပ်ခံနေရတဲ့ ဗန်ဒီဘိခ်အနေနဲ့ လာမယ့် (၂၀၂၂) ကာတာ

ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရချင်ပါက

ပွဲကစားချိန် များများ ကစားပြထားနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ရဲ့ အေးဂျင့်က ၎င်းရဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ

အဲဗာတန်အသင်းထံ ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက

ထွက်ခွာခွင့်မပြုခဲ့တာလို့ ပြောဆိုထားခဲ့ဖူးပေမယ့် ဆိုးလ်ရှားကတော့

ဗန်ဒီဘိခ် နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အဲဗာတန်အသင်းထံကနေ

ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရရှိထားဖူးသေးဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို ဇန်နဝါရီမှာ အသင်းကနေ

ထွက်ခွာခွင့်မပေးဘဲ ဆက်ထိန်းထားဖို့တော့ အမှန်တကယ် ဆန္ဒရှိနေပြီး

ပေါ့ဘာရဲ့ စာချုပ်ကိစ္စ မရေရာသေးချိန်မှာ ဗန်ဒီဘိခ်ကိုပါ ထပ်မံလက်လွှတ်ရမယ့်

အဖြစ်မျိုး ဖြစ်လာမှာကို ဆိုးလ်ရှားက မလိုလားဘူးလို့သိရပါတယ်။

မန်ယူအသင်းရဲ့ နောက်လာမယ့် ပွဲစဉ်ဟာ လီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး

ပုံစံခွက် ကစားကွက်နဲ့ လူစာရင်းကိုသာ ကိုင်တွယ်အသုံးပြုနေတဲ့

ဆိုးလ်ရှားအတွက်တော့ အဆိုပါပွဲမှာ ဗန်ဒီဘိခ်ကို ထည့်သွင်း အသုံးပြုဖို့

အလားအလာ နည်းပါနေဆဲဖြစ်ပါတယ်။

zawgyi

ဗန္ဒီဘိခ္အေနနဲ႔ လာမယ့္ ႏွစ္လအတြင္း ပြဲထြက္ခြင့္ ေကာင္းေကာင္း မရပါက ေနာက္ႏွစ္ ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ ဆႏၵရွိေန

ေအဂ်က္ဇ္အသင္းကေန မန္ယူအသင္းထံကို ေရာက္ရွိလာခဲ့တဲ့ နယ္သာလန္

ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ လက္ရွိ မန္ယူအသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္

မရတာေၾကာင့္ လာမယ့္ ဇန္နဝါရီမွာ အသင္းေဟာင္း ေအဂ်က္ဇ္အသင္းထံ

အငွားျပန္သြားကစားလိမ့္မယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့တာပါ။

အဆိုပါ သတင္းေတြဟာ အေျခအျမစ္မရွိတဲ့ သတင္းမွားေတြသာျဖစ္ေၾကာင္း

မန္ယူအသင္းနည္းျပဆိုးလ္ရွားကေတာ့ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ဗန္ဒီဘိခ္အေနနဲ႔ လာမယ့္ ႏွစ္လအတြင္း ပြဲထြက္ခြင့္ ေကာင္းေကာင္း

မရပါက ေနာက္ႏွစ္ ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ ဆႏၵရွိေနၿပီလို႔သိရပါယ္။

မန္ယူအသင္းကို ေရာက္ၿပီးေနာက္ပိုင္း အရန္ခုံထိုင္ေနရတဲ့အျပင္ ႏိုင္ငံအသင္း

လူစားရင္းကေနပါ ခ်န္လွပ္ခံေနရတဲ့ ဗန္ဒီဘိခ္အေနနဲ႔ လာမယ့္ (၂၀၂၂) ကာတာ

ကမာၻ႔ဖလားမွာ နယ္သာလန္အသင္းနဲ႔အတူ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရခ်င္ပါက

ပြဲကစားခ်ိန္ မ်ားမ်ား ကစားျပထားႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္က ၎ရဲ႕ ကစားသမားဟာ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ

အဲဗာတန္အသင္းထံ ေရာက္ရွိဖို႔ နီးစပ္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားက

ထြက္ခြာခြင့္မျပဳခဲ့တာလို႔ ေျပာဆိုထားခဲ့ဖူးေပမယ့္ ဆိုးလ္ရွားကေတာ့

ဗန္ဒီဘိခ္ နဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ အဲဗာတန္အသင္းထံကေန

ကမ္းလွမ္းမႈ တစ္စုံတစ္ရာ မရရွိထားဖူးေသးဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဗန္ဒီဘိခ္ကို ဇန္နဝါရီမွာ အသင္းကေန

ထြက္ခြာခြင့္မေပးဘဲ ဆက္ထိန္းထားဖို႔ေတာ့ အမွန္တကယ္ ဆႏၵရွိေနၿပီး

ေပါ့ဘာရဲ႕ စာခ်ဳပ္ကိစၥ မေရရာေသးခ်ိန္မွာ ဗန္ဒီဘိခ္ကိုပါ ထပ္မံလက္လႊတ္ရမယ့္

အျဖစ္မ်ိဳး ျဖစ္လာမွာကို ဆိုးလ္ရွားက မလိုလားဘူးလို႔သိရပါတယ္။

မန္ယူအသင္းရဲ႕ ေနာက္လာမယ့္ ပြဲစဥ္ဟာ လီဗာပူးလ္အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး

ပုံစံခြက္ ကစားကြက္နဲ႔ လူစာရင္းကိုသာ ကိုင္တြယ္အသုံးျပဳေနတဲ့

ဆိုးလ္ရွားအတြက္ေတာ့ အဆိုပါပြဲမွာ ဗန္ဒီဘိခ္ကို ထည့္သြင္း အသုံးျပဳဖို႔

အလားအလာ နည္းပါေနဆဲျဖစ္ပါတယ္။