ဗန်ဒီဘိခ်အပေါ် ဆိုးလ်ရှားရဲ့ဆက်ဆံပုံကို အံ့သြနေတဲ့ မန်ယူနည်းပြအဖွဲ့ဝင်ဟောင်း

မန်ယူနည်းပြအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့မူလန်စတင်းက ဆိုးလ်ရှားဘက် ကွင်းလယ်လူဗန်ဒီဘိခ်ကို ပေးနိုင်တဲ့ ပွဲချိန်ပမာဏနဲ့ပတ်သက်လို့ တကယ်ကို အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း အေဂျက်ရဲ့စွမ်းဆောင်နိုင်မှုမှာ အဓိကကျသူတစ်ယောက်ဖြစ်ခဲ့တဲ့ ဗန်ဒီဘိခ် ပေါင်သန်း ၄၀ နဲ့ ရောက်လာတုန်းက မန်ယူပရိသတ်တွေဟာ ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၃ နှစ်အရွယ် အဲဒီနယ်သာလန်လက်ရွေးစင်ဟာ ဒီရာသီ မန်ယူကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ  ၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ရာသီအဖွင့်ပွဲမှာသာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဗန်ဒီဘိခ်အပေါ် ဆက်ဆံပုံနဲ့ပတ်သက်လို့ အထူးသဖြင့် သူ့ဇာတိဖြစ်တဲ့ နယ်သာလန်မှာ ဝေဖန်မှုတွေရှိနေကြပြီး သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့မူလန်စတင်းကလည်း အဲဒါဟာ တရားမျှတခြင်းမရှိဘူးလို့ ယုံကြည်သူတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။

”နယ်သာလန်မှာ ဘယ်သူ့ကိုမေးမေး အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်လို့ ဖြေကြမှာမို့ ဒီမှာရှိတဲ့သူတွေက ဗန်ဒီဘိခ်နဲ့ပတ်သက်ပြီး နားမလည်နိုင်ဖြစ်နေကြပါတယ်။ သူဟာ အခု မန်ယူမှာ ဖာနန်ဒက်စ်လိုမျိုး အေဂျက်မှာ သက်ရောက်မှုကြီးမားခဲ့တာပါ”လို့ မူလန်စတင်းက ဆိုခဲ့တာပါ။

ဒါ့အပြင် မူလန်စတင်းက”သူဟာ ကွင်းလယ် ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ အေဂျက်က နောက်ပိုင်းနှစ်တွေမှာတော့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အထူးကို  ပုံစံကောင်းပြနိုင်ခဲ့တယ်။ အဲဒါကြောင့်လည်း ဆိုးလ်ရှားက သိပ်အများကြီးမသုံးတဲ့အပေါ် ကျွန်တော် တကယ်အံ့အားသင့်ရပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

Zawgyi

ဗန္ဒီဘိခ္အေပၚ ဆုိးလ္ရွားရဲ႕ဆက္ဆံပုံကို အံ့ၾသေနတဲ့ မန္ယူနည္းျပအဖြဲ႕၀င္ေဟာင္း

မန္ယူနည္းျပအဖြဲ႕၀င္ေဟာင္းတစ္ဦးျဖစ္တဲ့မူလန္စတင္းက ဆုိးလ္ရွားဘက္ ကြင္းလယ္လူဗန္ဒီဘိခ္ကို ေပးႏိုင္တဲ့ ပြဲခ်ိန္ပမာဏနဲ႔ပတ္သက္လုိ႔ တကယ္ကို အံ့အားသင့္ခ့ဲရေၾကာင္း ၀န္ခံေျပာၾကားလုိက္ပါတယ္။

မၾကာေသးခင္ႏွစ္ေတြအတြင္း ေအဂ်က္ရဲ႕စြမ္းေဆာင္ႏိုင္မႈမွာ အဓိကက်သူတစ္ေယာက္ျဖစ္ခဲ့တဲ့ ဗန္ဒီဘိခ္ ေပါင္သန္း ၄၀ နဲ႔ ေရာက္လာတုန္းက မန္ယူပရိသတ္ေတြဟာ ရင္ခုန္စိတ္လႈပ္ရွားခဲ့ၾကပါတယ္။

ဒါေပမဲ့ ၂၃ ႏွစ္အရြယ္ အဲဒီနယ္သာလန္လက္ေရြးစင္ဟာ ဒီရာသီ မန္ယူကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၄ ပြဲမွာ  ၂ ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး ရာသီအဖြင့္ပြဲမွာသာ ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ဗန္ဒီဘိခ္အေပၚ ဆက္ဆံပုံနဲ႔ပတ္သက္လုိ႔ အထူးသျဖင့္ သူ႔ဇာတိျဖစ္တဲ့ နယ္သာလန္မွာ ေ၀ဖန္မႈေတြရွိေနၾကၿပီး သူနဲ႔တစ္ႏုိင္ငံတည္းသားျဖစ္တဲ့မူလန္စတင္းကလည္း အဲဒါဟာ တရားမွ်တျခင္းမရွိဘူးလို႔ ယုံၾကည္သူေတြထဲမွာ တစ္ေယာက္အပါအ၀င္ပါ။

”နယ္သာလန္မွာ ဘယ္သူ႔ကိုေမးေမး အရမ္းေကာင္းတဲ့ကစားသမားတစ္ေယာက္လုိ႔ ေျဖၾကမွာမို႔ ဒီမွာရွိတဲ့သူေတြက ဗန္ဒီဘိခ္နဲ႔ပတ္သက္ၿပီး နားမလည္ႏိုင္ျဖစ္ေနၾကပါတယ္။ သူဟာ အခု မန္ယူမွာ ဖာနန္ဒက္စ္လိုမ်ိဳး ေအဂ်က္မွာ သက္ေရာက္မႈႀကီးမားခဲ့တာပါ”လုိ႔ မူလန္စတင္းက ဆိုခဲ့တာပါ။

ဒါ့အျပင္ မူလန္စတင္းက”သူဟာ ကြင္းလယ္ ဘယ္ေနရာမွာမဆို ကစားႏုိင္ပါတယ္။ ေအဂ်က္က ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြနဲ႔ အထူးကုိ  ပုံစံေကာင္းျပႏိုင္ခဲ့တယ္။ အဲဒါေၾကာင့္လည္း ဆုိးလ္ရွားက သိပ္အမ်ားႀကီးမသုံးတဲ့အေပၚ ကၽြန္ေတာ္ တကယ္အံ့အားသင့္ရပါတယ္”လုိ႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။