ဗန်ဒီဘိခ် ပျောက်ဆုံးနေလို့ ဒေါသထွက်ခံနေရတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ မနေ့ညက 2021 ခုနှစ် ရဲ့ ပွဲဦးထွက် ပွဲစဉ် အဖြစ် အက်စတွန် ဗီလာ အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ လှပတဲ့ နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ အဲဒီနိုင်ပွဲကြောင့် အခုဆိုရင် ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယားမှာ ခါးသီးပြိုင်ဘက် လီဗာပူး အသင်းနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် ၂ နေရာကနေ ကောင်းကောင်းဖိအားလိုက်ပေးနေပါပြီ။

ယူနိုက်တက် ပရိသတ်တွေ ပျော်စေဖို့ မာရှယ်၊ ဖာနန်ဒက်စ်တို့က ဂိုးတွေသွင်းပေးခဲ့ကြပါတယ်။ ဆိုးလ်ရှားတစ်ယောက်လည်း မော်ကြွားနေပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ဆိုးလ်ရှားကို ဒေါသထွက်နေကြသူတွေရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့်မပေးဘဲ နည်းပြဆိုးလ်ရှား တစ်ယောက် ချန်ချန်ထားခဲ့လို့ပါ။ မနေ့က ပွဲစဉ်မှာလည်း ဗန်ဒီဘိခ်တစ်ယောက် အရန်ခုံမှာသာထိုင်ခဲ့ရပါတယ်။

ဗန်ဒီဘိခ် တစ်ယောက် အရန်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် လူစားဝင် ကစားသမား အဖြစ် အရွေးမခံခဲ့ရပါဘူး။ ဗန်ဒီဘိခ်ကို နှစ်သက်ပြီး ဆိုးလ်ရှားကို မုန်းသူတစ်ယောက်ကတော့ “ဆိုးလ်ရှား ရေ ဗန်ဒီဘိခ်က ခင်ဗျားကို ဘာလုပ်ထားလို့ သူ့ကို ခင်ဗျားက ပွဲကစားခွင့်မပေးရတာလဲ။ သူ့ကို ပွဲကစားခွင့်ပေးလိုက်ပါ” ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဂျိမ်းစ်ကို လူစားဝင် ကစားသမားအဖြစ်ရွေးချယ်ပြီး၊ ဗန်ဒီဘိခ်ကို မရွေးချယ်တဲ့ အတွက်လည်း မကျေနပ်သူတွေက မကျေနပ်ကြပါဘူး။ “ဗန်ဒီဘိခ်ကို လွှတ်ပေး”၊ “ဆိုးလ်ရှား ဗန်ဒီဘိခ်ကို ဘာအတွက် ခေါ်ထားတာလဲ”၊ “ဆိုးလ်ရှား ဗန်ဒီဘိခ်ကို အလိုမရှိဘူးလား”၊ “ဆိုးလ်ရှားနဲ့ ဗန်ဒီဘိခ် တစ်ခုခုဖြစ်ထားတာသေချာတယ်” ၊ ” ဗန်ဒီဘိခ်ကို ကစားခွင့် ချက်ချင်းပေး” စတဲ့ စာသားတွေကို ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားနေကြပါတယ်။

အေဂျက်အသင်းကနေ ယူရို သန်း၄၀ နဲ့ ခေါ်ယူထားတဲ့ ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် လက် ၅ ချောင်းပြည့်အောင်တောင် မကစားရသေးပါဘူး။ ယူနိုက်တက် နောက်ဆုံးကစားထားတဲ့ ပွဲစဉ်တွေမှာလည်းဆိုးလ်ရှားဆိုတဲ့ နတ် ဖွက်တာခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လ လိဒ်နဲ့ပွဲစဉ်ပြီးကတည်းက ပျောက်နေတာကြောင့် ဗန်ဒီဘိခ်ကို လူပျောက်တိုင်သင့်နေပါပြီ။

ပြီးခဲ့တဲ့ နှစ်ကတော့ ဗန်ဒီဘိခ်က သူ့အနေနဲ့ ဘယ်နေရာကပဲ ကစားရကစားရ ကိစ္စမရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ မကြာခင်မှာ ယူနိုက်တက် အသင်းကို ကစားသမား အသစ်တွေလည်း ရောက်လာပါတော့မယ်။ အသစ်တွေရောက်လာချိန် ဗန်ဒီဘိခ် ပိုပြီး ချောင်ထိုးမခံရဖို့ မျှော်လင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






