
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာနည်းပြဟောင်းဗယ်လ်ဗာဒီကို
ရာသီကုန်အထိ ယာယီနည်းပြအဖြစ်ခန့်အပ်ဖို့ပြင်ဆင်နေတယ်လို့
ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့
အခုလောလောဆယ် လက်ထောက်နည်းပြကာရစ်ကို ယာယီနည်းပြအဖြစ်
ရာသီကုန်အထိခန့်အပ်ထားပေမယ့် ကာရစ်ထက်ပိုပြီးတော့ စွမ်းဆောင်ရည်
မြင့်မားတဲ့သူကို ယာယီနည်းပြခန့်ဖို့ဆန္ဒရှိနေတာပါ။
ယူနိုက်တက်အသင်းဟာနည်းပြသစ်နေရာအတွက်
ပိုချက်တီနိုအပါအဝင်နာမည်ကျော်နည်းပြတချို့ကို
ပစ်မှတ်ထားနေပေမယ့် အခုလို ရာသီဝက်လောက်မှာ တခြားအသင်းတစ်သင်းက
နည်းပြတစ်ယောက်ကိုခေါ်ယူနိုင်ဖို့က အခက်အခဲတွေအများကြီးရှိတာကြောင့်
အတွေ့အကြုံရင့်နည်းပြတစ်ဦးကို ကာလတိုတာဝန်ပေးပြီးတော့ ရာသီကုန်အထိ
ခန့်အပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
အသက်(၅၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ဗယ်လ်ဗာဒီဟာ ဘာစီလိုနာနည်းပြဘဝတုန်းက
အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုရရှိခဲ့ဖူးတာကြောင့် ယာယီနည်းပြအဖြစ်
ယူနိုက်တက်အသင်းပစ်မှတ်ထားနေတဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေတယ်လို့
BBC သတင်းဌာနကဖော်ပြခဲ့ပါတယ်။
zawgyi
ဗယ္လ္ဗာဒီကို ခ်ိန္႐ြယ္လာျပန္တဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘာစီလိုနာနည္းျပေဟာင္းဗယ္လ္ဗာဒီကို
ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ခန႔္အပ္ဖို႔ျပင္ဆင္ေနတယ္လို႔
ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔
အခုေလာေလာဆယ္ လက္ေထာက္နည္းျပကာရစ္ကို ယာယီနည္းျပအျဖစ္
ရာသီကုန္အထိခန႔္အပ္ထားေပမယ့္ ကာရစ္ထက္ပိုၿပီးေတာ့ စြမ္းေဆာင္ရည္
ျမင့္မားတဲ့သူကို ယာယီနည္းျပခန႔္ဖို႔ဆႏၵရွိေနတာပါ။ ယူႏိုက္တက္အသင္းဟာ
နည္းျပသစ္ေနရာအတြက္ ပိုခ်က္တီႏိုအပါအဝင္နာမည္ေက်ာ္နည္းျပတခ်ိဳ႕ကို
ပစ္မွတ္ထားေနေပမယ့္ အခုလို ရာသီဝက္ေလာက္မွာ တျခားအသင္းတစ္သင္းက
နည္းျပတစ္ေယာက္ကိုေခၚယူႏိုင္ဖို႔က အခက္အခဲေတြအမ်ားႀကီးရွိတာေၾကာင့္
အေတြ႕အႀကဳံရင့္နည္းျပတစ္ဦးကို ကာလတိုတာဝန္ေပးၿပီးေတာ့ ရာသီကုန္အထိ
ခန႔္အပ္ဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ အသက္(၅၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့
ဗယ္လ္ဗာဒီဟာ ဘာစီလိုနာနည္းျပဘဝတုန္းက အသင္းနဲ႔အတူ လာလီဂါ
ခ်န္ပီယံဆုရရွိခဲ့ဖူးတာေၾကာင့္ ယာယီနည္းျပအျဖစ္ ယူႏိုက္တက္အသင္း
ပစ္မွတ္ထားေနတဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ေနတယ္လို႔
BBC သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။