ဗလာဟိုဗစ်အတွက် လစာ တစ်ပတ်လုပ်ခပေါင်၃သိန်းပေးမယ့် အာဆင်နယ်

အာဆင်နယ်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာဘဲ

ဖီအိုရင်တီးနားတိုက်စစ်မှူးဒူဆန်ဗလာဟိုဗစ်ကို

ခေါ်ယူအားဖြည့်ရန်ဆုံးဖြတ်ထားပါတယ်။

ဒါပေမဲ့၎င်းတို့ဟာပြောင်းရွှေ့ကြေးပေါင်၅၈သန်းအထိပေးရမှာဖြစ်သလို

ကစားသမားကိုလည်းတစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀တန်စာချုပ်ချုပ်ဆိုရပါမယ်။

အာဆင်နယ်ဟာထိပ်ဆုံးလေးသင်းဝင်ရေးအတွက်

တိုက်စစ်ကိုအားဖြည့်ရန်ဆန္ဒပြင်းပြနေပါတယ်။

အာဆင်နယ်ဟာတိုက်စစ်မှူးအူဘာမီယန်ကိုအသင်းခေါင်းဆောင်အဖြစ်မှ

ဖယ်ရှားထားပြီးဖြစ်ပြီးယခုဇန်နဝါရီတွင်ပင်ထွက်ခွာနိုင်ပါတယ်။

တဖက်တွင်အလက်ဇန္ဒားလာကာဇက်တီနှင့်အက်ဒီနကီတာတို့မှာလည်း

ယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

Daily Mail ရဲ့ဖော်ပြချက်အရအာဆင်နယ်သာမကစပါးစ်ကလည်း

ဗလာဟိုဗစ်ကိုခေါ်ယူလိုနေကြောင်းသိရပါတယ်။

ဒါပေမဲ့ဖီအိုရင်တီးနားကဗလာဟိုဗစ်ကိုခေါ်ယူလိုပါက

ပြောင်းရွှေ့ကြေးပေါင်၅၈သန်းပေးရမယ်လို့တောင်းဆိုထားသလို

ကစားသမားဘက်ကလည်းအခွန်ဆောင်ပြီးတစ်ပတ်လုပ်ခ

ပေါင်၁၆၀၀၀၀ရရှိလိုနေကြောင်း သိရပါတယ်။

ဒါကြောင့်ဗလာဟိုဗစ်မှာတစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀အထိ

တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဗလာဟိုဗစ်ကိုခေါ်ယူမယ့်ကလပ်ဟာကစားသမားရဲ့

အေးဂျင့်ကိုလည်းပေါင်၁၅သန်ပေးရဦးမှာဖြစ်ပါတယ်။

zawgyi

ဗလာဟိုဗစ္အတြက္ လစာ တစ္ပတ္လုပ္ခေပါင္၃သိန္းေပးမယ့္ အာဆင္နယ္

အာဆင္နယ္ဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဘဲ

ဖီအိုရင္တီးနားတိုက္စစ္မႉးဒူဆန္ဗလာဟိုဗစ္ကို

ေခၚယူအားျဖည့္ရန္ဆုံးျဖတ္ထားပါတယ္။

ဒါေပမဲ့၎တို႔ဟာေျပာင္းေ႐ႊ႕ေၾကးေပါင္၅၈သန္းအထိေပးရမွာျဖစ္သလို

ကစားသမားကိုလည္းတစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀တန္စာခ်ဳပ္ခ်ဳပ္ဆိုရပါမယ္။

အာဆင္နယ္ဟာထိပ္ဆုံးေလးသင္းဝင္ေရးအတြက္

တိုက္စစ္ကိုအားျဖည့္ရန္ဆႏၵျပင္းျပေနပါတယ္။

အာဆင္နယ္ဟာတိုက္စစ္မႉးအူဘာမီယန္ကိုအသင္းေခါင္းေဆာင္အျဖစ္မွ

ဖယ္ရွားထားၿပီးျဖစ္ၿပီးယခုဇန္နဝါရီတြင္ပင္ထြက္ခြာႏိုင္ပါတယ္။

တဖက္တြင္အလက္ဇႏၵားလာကာဇက္တီႏွင့္အက္ဒီနကီတာတို႔မွာလည္း

ယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရအာဆင္နယ္သာမကစပါးစ္ကလည္း

ဗလာဟိုဗစ္ကိုေခၚယူလိုေနေၾကာင္းသိရပါတယ္။

ဒါေပမဲ့ဖီအိုရင္တီးနားကဗလာဟိုဗစ္ကိုေခၚယူလိုပါက

ေျပာင္းေ႐ႊ႕ေၾကးေပါင္၅၈သန္းေပးရမယ္လို႔ေတာင္းဆိုထားသလို

ကစားသမားဘက္ကလည္းအခြန္ေဆာင္ၿပီးတစ္ပတ္လုပ္ခ

ေပါင္၁၆၀၀၀၀ရရွိလိုေနေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ဗလာဟိုဗစ္မွာတစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀အထိ

ေတာင္းဆိုထားတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဗလာဟိုဗစ္ကိုေခၚယူမယ့္ကလပ္ဟာကစားသမားရဲ႕

ေအးဂ်င့္ကိုလည္းေပါင္၁၅သန္ေပးရဦးမွာျဖစ္ပါတယ္။