ဗာရန်းက ယူနိုက်တက်ထံ ပြောင်းရွှေ့လို

ရာဖေးလ် ဗာရန်းက ကစားသမားဘဝရဲ့ အတွေ့ အကြုံသစ်တွေ ရှာဖွေဖို့ အချိန်ကျရောက်လာပြီဖြစ်တဲ့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွေ့ဖို့ ဆန္ဒရှိနေတယ်လို့ The Independent အရ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းက အကူးအပြောင်းကာလကို ရောက်ရှိနေတဲ့အတွက် ပြင်သစ်ဗဟိုခံစစ်ကစားသမားက ယခုလို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အသက် ( ၂၈ ) နှစ်အရွယ် နောက်ခံလူဟာ ယူနိုက်တက်ရဲ့ အဓိက ခံစစ်ပစ်မှတ် ဖြစ်ပြီး ဗီလာရီးရဲ နှင့် စပိန်ကြယ်ပွင့် ပါအူး တောရက်ကို ဒုတိယဦးစားပေးဖြစ်တယ်လို့ သိရပါတယ်။

ရာဖေးလ် ဗာရန်း အပြောင်းအရွေ့ရဲ့ အဓိက အတားအဆီးက သူ့ရဲ့ လစာဖြစ်နေပြီး ကစားသမားက တစ်ပတ်လုပ်ခ ပေါင် ( ၄ )သိန်းထိ အလိုရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယခင်က အလက်ဇစ် ဆန်းချက်နဲ့ ပတ်သက်ကြီး ကြုံတွေခဲ့ရတဲ့ ပြဿနာတွေကြောင့် ကစားသမားတစ်ဦးကို လစာပမာဏများစွာ ပေးချေဖို့ ဝန်လေးနေတာဖြစ်ပါတယ်။

ဗာရန်းက ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ဆယ်စုနှစ် တစ်ခုနီးပါး ဖြတ်သန်းခဲ့ပြီးနောက် နည်းပြသစ် ကားလို့စ် အန်ဆလော့တီလက်အောက်မှာ အနာဂတ် သေချာမှုမရှိပဲ ဖြစ်နေပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဗာရန်းကို စိတ်ဝင်စားနေပေမယ့် ကစားသမားက ပရီးမီးယားလိဂ်ကိုပဲ ပြောင်းရွေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Zawgyi

ဗာရန္းက ယူႏိုက္တက္ထံ ေျပာင္းေရႊ႕လုိ

ရာေဖးလ္ ဗာရန္းက ကစားသမားဘဝရဲ႕ အေတြ႕ အႀကဳံသစ္ေတြ ရွာေဖြဖို႔ အခ်ိန္က်ေရာက္လာၿပီျဖစ္တဲ့အတြက္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ြ႕ဖို႔ ဆႏၵရွိေနတယ္လို႔ The Independent အရ သိရပါတယ္။

ရီးရဲမက္ဒရစ္အသင္းက အကူးအေျပာင္းကာလကို ေရာက္ရွိေနတဲ့အတြက္ ျပင္သစ္ဗဟိုခံစစ္ကစားသမားက ယခုလို ဆုံးျဖတ္ခဲ့တာလို႔ ဆိုပါတယ္။ အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ယူႏိုက္တက္ရဲ႕ အဓိက ခံစစ္ပစ္မွတ္ ျဖစ္ၿပီး ဗီလာရီးရဲ ႏွင့္ စပိန္ၾကယ္ပြင့္ ပါအူး ေတာရက္ကို ဒုတိယဦးစားေပးျဖစ္တယ္လို႔ သိရပါတယ္။

ရာေဖးလ္ ဗာရန္း အေျပာင္းအေ႐ြ႕ရဲ႕ အဓိက အတားအဆီးက သူ႔ရဲ႕ လစာျဖစ္ေနၿပီး ကစားသမားက တစ္ပတ္လုပ္ခ ေပါင္ ( ၄ )သိန္းထိ အလိုရွိေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ယခင္က အလက္ဇစ္ ဆန္းခ်က္နဲ႔ ပတ္သက္ႀကီး ႀကဳံေတြခဲ့ရတဲ့ ျပႆနာေတြေၾကာင့္ ကစားသမားတစ္ဦးကို လစာပမာဏမ်ားစြာ ေပးေခ်ဖို႔ ဝန္ေလးေနတာျဖစ္ပါတယ္။

ဗာရန္းက ရီးရဲမက္ဒရစ္အသင္းနဲ႔အတူ ဆယ္စုႏွစ္ တစ္ခုနီးပါး ျဖတ္သန္းခဲ့ၿပီးေနာက္ နည္းျပသစ္ ကားလို႔စ္ အန္ဆေလာ့တီလက္ေအာက္မွာ အနာဂတ္ ေသခ်ာမႈမရွိပဲ ျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီအသင္းကလည္း ဗာရန္းကို စိတ္ဝင္စားေနေပမယ့္ ကစားသမားက ပရီးမီးယားလိဂ္ကိုပဲ ေျပာင္းေ႐ြ႕ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။