ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း ၅ သင်းကို ရွေးချယ်ထားတဲ့ မက်ဆီ

PSG အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ

ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း ၅ သင်းကို ရွေးထုတ် သွားခဲ့ ပါတယ်။

မက်ဆီ ရဲ့ PSG ကတော့ ပြီးခဲ့တဲ့ အပတ် တုန်းက ရီးရဲလ်မက်ဒရစ် ကို

အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါပြီ။

မက်ဆီ က ၁၆ သင်းအဆင့် ကနေ လက်ပြ မနှုတ်ဆက်ရခင် မှာ

စပိန် သတင်းစာ မာကာ ကို အခုလိုပြောသွားခဲ့ ပါတယ်။

“လူတိုင်းက ကျွန်တော်တို့ကို ရေပန်း အစားဆုံးလို့ ဝိုင်းပြီး သတ်မှတ် ထားကြပါတယ် ။

အသင်းရဲ့ အင်အား အရ ဒါကို ကျွန်တော် မငြင်းနိုင် ပါဘူး ။

ဒါပေမယ့် ကျွန်တော်တို့မှာ တိုးတက်စရာတွေ အများကြီး ရှိနေ ပါသေးတယ်”

“ပွဲတစ်ပွဲ ကို အသင်းတစ်သင်း ပုံစံမျိုးနဲ့ အနိုင် ယူဖို့ လိုအပ်သလို

အသင်းက ထိပ်သီး ကစားသမားတွေ ရဲ့ စွမ်းဆောင်မှုတွေလည်း ပါဝင်ဖို့ လိုအပ်မှာပါ”

“နောက်ပြီးတော့ ကျွန်တော်တို့ ချည်းပဲ ဗိုလ်စွဲဖို့ ရေပန်း စားနေတာ မဟုတ်ပါဘူး ။

အခြား ထိပ်တန်း အသင်းတွေ ၊ အခြား ချန်ပီယံလောင်းတွေလည်း ရှိပါတယ် ။

အကောင်းဆုံး အသင်းတွေ ဒီမှာ ဝင်ပြိုင်နေကြတာပါ ၊

အပေါ်ဆင့်တွေ ရောက်လေ ပိုခက်ခဲ လေပါပဲ”

“ဒီဘက်ခေတ်တွေမှာ လီဗာပူး က အရမ်းကောင်းတဲ့ အသင်း တစ်သင်းပါ ။

ချန်ပီယံလိဂ် နဲ့ ပြန်ထိတွေ့တဲ့ လီဗာပူး ဖြစ်နေ ပါပြီ ။ မန်စီးတီး ၊

ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ် နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း

ဗိုလ်စွဲဖို့ အလားအလာကောင်းတဲ့ အသင်းတွေပါပဲ” လို့ မက်ဆီ က ပြောပြ သွားခဲ့ ပါတယ်။

zawgyi

ဗိုလ္စြဲဖို႔ အလားအလာ အေကာင္းဆုံး အသင္း ၅ သင္းကို ေ႐ြးခ်ယ္ထားတဲ့ မက္ဆီ

PSG အသင္းရဲ႕ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ဟာ ဒီႏွစ္ ခ်န္ပီယံလိဂ္ မွာ

ဗိုလ္စြဲဖို႔ အလားအလာ အေကာင္းဆုံး အသင္း ၅ သင္းကို ေ႐ြးထုတ္ သြားခဲ့ ပါတယ္။

မက္ဆီ ရဲ႕ PSG ကေတာ့ ၿပီးခဲ့တဲ့ အပတ္ တုန္းက ရီးရဲလ္မက္ဒရစ္ ကို

အေရးနိမ့္ကာ ၿပိဳင္ပြဲ ကေန ထြက္ခြာ ခဲ့ရပါၿပီ။

မက္ဆီ က ၁၆ သင္းအဆင့္ ကေန လက္ျပ မႏႈတ္ဆက္ရခင္ မွာ

စပိန္ သတင္းစာ မာကာ ကို အခုလိုေျပာသြားခဲ့ ပါတယ္။

“လူတိုင္းက ကြၽန္ေတာ္တို႔ကို ေရပန္း အစားဆုံးလို႔ ဝိုင္းၿပီး သတ္မွတ္ ထားၾကပါတယ္ ။

အသင္းရဲ႕ အင္အား အရ ဒါကို ကြၽန္ေတာ္ မျငင္းႏိုင္ ပါဘူး ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ တိုးတက္စရာေတြ အမ်ားႀကီး ရွိေန ပါေသးတယ္”

“ပြဲတစ္ပြဲ ကို အသင္းတစ္သင္း ပုံစံမ်ိဳးနဲ႔ အႏိုင္ ယူဖို႔ လိုအပ္သလို

အသင္းက ထိပ္သီး ကစားသမားေတြ ရဲ႕ စြမ္းေဆာင္မႈေတြလည္း ပါဝင္ဖို႔ လိုအပ္မွာပါ”

“ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ခ်ည္းပဲ ဗိုလ္စြဲဖို႔ ေရပန္း စားေနတာ မဟုတ္ပါဘူး ။

အျခား ထိပ္တန္း အသင္းေတြ ၊ အျခား ခ်န္ပီယံေလာင္းေတြလည္း ရွိပါတယ္ ။

အေကာင္းဆုံး အသင္းေတြ ဒီမွာ ဝင္ၿပိဳင္ေနၾကတာပါ ၊

အေပၚဆင့္ေတြ ေရာက္ေလ ပိုခက္ခဲ ေလပါပဲ”

“ဒီဘက္ေခတ္ေတြမွာ လီဗာပူး က အရမ္းေကာင္းတဲ့ အသင္း တစ္သင္းပါ ။

ခ်န္ပီယံလိဂ္ နဲ႔ ျပန္ထိေတြ႕တဲ့ လီဗာပူး ျဖစ္ေန ပါၿပီ ။ မန္စီးတီး ၊

ဘိုင္ယန္ျမဴးနစ္ ၊ ရီးရဲလ္ နဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ကလည္း

ဗိုလ္စြဲဖို႔ အလားအလာေကာင္းတဲ့ အသင္းေတြပါပဲ” လို႔ မက္ဆီ က ေျပာျပ သြားခဲ့ ပါတယ္။