ဗိုလ်လုပွဲရောက်မှ အင်္ဂလန်အသည်းကွဲလိမ့်မယ်လို့ စူပါကွန်ပြူတာ ဟောကိန်းထုတ်

စူပါကွန်ပြူတာက အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၀ မှာ ဖိုင်နယ်အထိ တက်ရောက်နိုင်ပေမယ့် ဝင်ဘလေမှာ ကမ္ဘာ့ချန်ပီယံပြင်သစ်ကို အရေးနိမ့်ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
အင်္ဂလန်ဟာ အုပ်စုတွင်းမှာ ၂ပွဲနိုင်၊ ၁ပွဲသရေ၊ အုပ်စုပထမအဖြစ် ၁၆သင်းအဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။


အင်္ဂလန်ဟာ ၁၆သင်းအဆင့်ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ပြိုင်ဘက်ဟောင်း ဂျာမနီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး bettingexpert ဝက်ဆိုက်ဒ်ကနေ စူပါကွန်ပြူတာနဲ့ ပြိုင်ပွဲကို ကြိုတင်ခန့်မှန်းခဲ့ပါတယ်။
အဲဒီမှာ အင်္ဂလန်အနေနဲ့ ဂျာမနီကိုကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်လိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းပါတယ်။


အဲဒီမှာ အင်္ဂလန်ဟာ ပြင်သစ်နဲ့ ရင်ဆိုင်ရနိုင်ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲရောက်မှ အသည်းကွဲခဲ့ရတဲ့ ပြင်သစ်အနေနဲ့ ဒီတစ်ခါတော့ ချန်ပီယံဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။


ဒီအတိုင်းဆိုရင် အင်္ဂလန်ဟာ လွန်ခဲ့တဲ့ ၃နှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကထက် တစ်ဆင့်ပိုမြင့်လာပေမယ့် ၅၅နှစ်အတွင်း ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ဖို့ကတော့ ကြိုးစားရဦးမှာဖြစ်ပါတယ်။


စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်များ
အီတလီ Vs သြစတြီးယား – အီတလီအနိုင်
ဘယ်လ်ဂျီယံ Vs ပေါ်တူဂီ – ဘယ်လ်ဂျီယံအနိုင်
ပြင်သစ် Vs ဆွစ်ဇာလန် – ပြင်သစ်အနိုင်
ခရိုအေးရှား Vs စပိန် – စပိန်အနိုင်


ဆွီဒင် Vs ယူကရိန်း – ဆွီဒင်အနိုင်
အင်္ဂလန် Vs ဂျာမနီ – အင်္ဂလန်အနိုင်
နယ်သာလန် Vs ချက် – နယ်သာလန်အနိုင်
ဝေးလ် Vs ဒိန်းမတ် – ဒိန်းမတ်အနိုင်


ကွာတားဖိုင်နယ်
အီတလီ Vs ဘယ်လ်ဂျီယံ – အီတလီအနိုင်
ပြင်သစ် Vs စပိန် – ပြင်သစ်အနိုင်
ဆွီဒင် Vs အင်္ဂလန် – အင်္ဂလန်အနိုင်
နယ်သာလန် Vs ဒိန်းမတ် – နယ်သာလန်အနိုင်


ဆီမီးဖိုင်နယ်
အီတလီ Vs ပြင်သစ် – ပြင်သစ်အနိုင်
အင်္ဂလန် Vs နယ်သာလန် – အင်္ဂလန်အနိုင်
ဖိုင်နယ်
ပြင်သစ် Vs အင်္ဂလန် – ပြင်သစ်အနိုင်

Zawgyi
ဗိုလ္လုပြဲေရာက္မွ အဂၤလန္အသည္းကြဲလိမ့္မယ္လို႔ စူပါကြန္ျပဴတာ ေဟာကိန္းထုတ္
စူပါကြန္ျပဴတာက အဂၤလန္အသင္းအေနနဲ႔ ယူ႐ို ၂၀၂၀ မွာ ဖိုင္နယ္အထိ တက္ေရာက္ႏိုင္ေပမယ့္ ၀င္ဘေလမွာ ကမၻာ့ခ်န္ပီယံျပင္သစ္ကို အေရးနိမ့္ရလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။
အဂၤလန္ဟာ အုပ္စုတြင္းမွာ ၂ပြဲႏိုင္၊ ၁ပြဲသေရ၊ အုပ္စုပထမအျဖစ္ ၁၆သင္းအဆင့္ တက္လွမ္းႏိုင္ခဲ့ပါတယ္။
အဂၤလန္ဟာ ၁၆သင္းအဆင့္ပြဲစဥ္အျဖစ္ အဂၤါေန႔မွာ ၿပိဳင္ဘက္ေဟာင္း ဂ်ာမနီနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး bettingexpert ၀က္ဆိုက္ဒ္ကေန စူပါကြန္ျပဴတာနဲ႔ ၿပိဳင္ပြဲကို ႀကိဳတင္ခန႔္မွန္းခဲ့ပါတယ္။
အဲဒီမွာ အဂၤလန္အေနနဲ႔ ဂ်ာမနီကိုေက်ာ္ျဖတ္ကာ ေနာက္ဆုံးဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္လိမ့္္မယ္လို႔ စူပါကြန္ျပဴတာက ခန္႔မွန္းပါတယ္။
အဲဒီမွာ အဂၤလန္ဟာ ျပင္သစ္နဲ႔ ရင္ဆိုင္ရႏိုင္ၿပီး ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲတုန္းက ဗိုလ္လုပြဲေရာက္မွ အသည္းကြဲခဲ့ရတဲ့ ျပင္သစ္အေနနဲ႔ ဒီတစ္ခါေတာ့ ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။
ဒီအတိုင္းဆိုရင္ အဂၤလန္ဟာ လြန္ခဲ့တဲ့ ၃ႏွစ္က က်င္းပခဲ့တဲ့ ကမၻာ့ဖလားၿပိဳင္ပဲြကထက္ တစ္ဆင့္ပိုျမင့္လာေပမယ့္ ၅၅ႏွစ္အတြင္း ဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးသတ္ႏိုင္ဖို႔ကေတာ့ ႀကိဳးစားရဦးမွာျဖစ္ပါတယ္။
စူပါကြန္ျပဴတာရဲ႕ ခန္႔မွန္းခ်က္မ်ား
အီတလီ Vs ၾသစႀတီးယား – အီတလီအႏိုင္
ဘယ္လ္ဂ်ီယံ Vs ေပၚတူဂီ – ဘယ္လ္ဂ်ီယံအႏိုင္
ျပင္သစ္ Vs ဆြစ္ဇာလန္ – ျပင္သစ္အႏိုင္
ခ႐ိုေအးရွား Vs စပိန္ – စပိန္အႏိုင္
ဆြီဒင္ Vs ယူကရိန္း – ဆြီဒင္အႏိုင္
အဂၤလန္ Vs ဂ်ာမနီ – အဂၤလန္အႏိုင္
နယ္သာလန္ Vs ခ်က္ – နယ္သာလန္အႏိုင္
ေ၀းလ္ Vs ဒိန္းမတ္ – ဒိန္းမတ္အႏိုင္
ကြာတားဖိုင္နယ္
အီတလီ Vs ဘယ္လ္ဂ်ီယံ – အီတလီအႏိုင္
ျပင္သစ္ Vs စပိန္ – ျပင္သစ္အႏိုင္
ဆြီဒင္ Vs အဂၤလန္ – အဂၤလန္အႏိုင္
နယ္သာလန္ Vs ဒိန္းမတ္ – နယ္သာလန္အႏိုင္
ဆီမီးဖိုင္နယ္
အီတလီ Vs ျပင္သစ္ – ျပင္သစ္အႏိုင္
အဂၤလန္ Vs နယ္သာလန္ – အဂၤလန္အႏိုင္
ဖိုင္နယ္
ျပင္သစ္ Vs အဂၤလန္ – ျပင္သစ္အႏိုင္