
မနေ့တုန်းကဒတ်ချ်အဆင့်မြင့်တန်းလိဂ်မှာ ဗီတက်စ်ပရိသတ်များ
အောင်ပွဲခံနေစဉ်ပွဲကြည့်စင်အစွန်းကျိုးကျတဲ့တုန်လှုပ်ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
ဗီတက်စ်ဆီဟာအဝေးကွင်းမှာ NEC ကို၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး
တစ်လုံးတည်းသောအနိုင်ဂိုးကိုပထမပိုင်းမှာ နီကိုလိုင်ဘာဒန်ဖရီဒရစ်ဆင်က
သွင်းယူခဲ့ပါတယ်။ ပွဲအပြီးတွင်ဗီတက်စ်ဆီကစားသမားများဟာ
Stadion Galfort ရှိ အဝေးကွင်းပရိသတ်များ ပွဲကြည့်စင်သို့
သွားရောက်ကာအောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့်ပရိသတ်များဟာခုန်ပေါက်အောင်ပွဲခံခဲ့ကြမှုနဲ့အတူ ပွဲကြည့်စင်မှာ
ကျိုးကျသွားခဲ့ပါတော့တယ်။ ပရိသတ်အမြောက်အမြားတို့အောက်သို့
ပြုတ်ကျမှုဖြစ်ခဲ့ပေမယ့်လည်းကံကောင်းချင်တော့ဘယ်သူမှဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့်နီမင်ဂျင်မြို့တော်ဝန်ဟူဘတ်ဘရူလ်ကတော့အထက်ပါဖြစ်ရပ်ကို
စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တောင်းဆိုမှုပြုလုပ်ထားပါတယ်။
ဘရူလ်က “ဒီအဖြစ်အပျက်ကြောင့်အရမ်းတုန်လှုပ်ခဲ့ရတယ်။ ကံကောင်းတာက
ဘယ်သူမှဒဏ်ရာမရခဲ့တာပါ။ဘာကြောင့်ဖြစ်တာလဲဆိုတာစစ်ဆေးသွားပါမယ်”လို့
ပြောကြားသွားပါတယ်။ ဗီတက်စ်ဆီဟာယင်းနိုင်ပွဲကြောင့်အမှတ်ပေးဇယား
အဆင့်၆နေရာသို့တက်လှမ်းလာခဲ့ပြီးကြာသပတေးနေ့မှာစပါးစ်ကိုအဝေးကွင်းသို့
သွားရောက်ကာ ယူရိုပါကွန်ဖရင့်လိဂ်ကစားရပါမယ်။
zawgyi
ဗီတက္စ္ပရိသတ္မ်ား ေအာင္ပြဲခံေနစဥ္ ပြဲၾကည့္စင္အစြန္းက်ိဳးက်တဲ့တုန္လႈပ္ဖြယ္ျဖစ္ရပ္
မေန႔တုန္းကဒတ္ခ်္အဆင့္ျမင့္တန္းလိဂ္မွာ ဗီတက္စ္ပရိသတ္မ်ား
ေအာင္ပြဲခံေနစဥ္ပြဲၾကည့္စင္အစြန္းက်ိဳးက်တဲ့တုန္လႈပ္ဖြယ္ျဖစ္ရပ္ျဖစ္ခဲ့ပါတယ္။
ဗီတက္စ္ဆီဟာအေဝးကြင္းမွာ NEC ကို၁-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီး
တစ္လုံးတည္းေသာအႏိုင္ဂိုးကိုပထမပိုင္းမွာ နီကိုလိုင္ဘာဒန္ဖရီဒရစ္ဆင္က
သြင္းယူခဲ့ပါတယ္။ ပြဲအၿပီးတြင္ဗီတက္စ္ဆီကစားသမားမ်ားဟာ
Stadion Galfort ရွိ အေဝးကြင္းပရိသတ္မ်ား ပြဲၾကည့္စင္သို႔
သြားေရာက္ကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကပါတယ္။
ဒါေပမယ့္ပရိသတ္မ်ားဟာခုန္ေပါက္ေအာင္ပြဲခံခဲ့ၾကမႈနဲ႔အတူ ပြဲၾကည့္စင္မွ
ာက်ိဳးက်သြားခဲ့ပါေတာ့တယ္။ ပရိသတ္အေျမာက္အျမားတို႔ေအာက္သို႔
ျပဳတ္က်မႈျဖစ္ခဲ့ေပမယ့္လည္းကံေကာင္းခ်င္ေတာ့ဘယ္သူမွဒဏ္ရာရရွိခဲ့ျခင္းမရွိပါဘူး။
ဒါေပမယ့္နီမင္ဂ်င္ၿမိဳ႕ေတာ္ဝန္ဟူဘတ္ဘ႐ူလ္ကေတာ့အထက္ပါျဖစ္ရပ္ကို
စုံစမ္းစစ္ေဆးမႈျပဳလုပ္ဖို႔ေတာင္းဆိုမႈျပဳလုပ္ထားပါတယ္။
ဘ႐ူလ္က “ဒီအျဖစ္အပ်က္ေၾကာင့္အရမ္းတုန္လႈပ္ခဲ့ရတယ္။ ကံေကာင္းတာက
ဘယ္သူမွဒဏ္ရာမရခဲ့တာပါ။ဘာေၾကာင့္ျဖစ္တာလဲဆိုတာစစ္ေဆးသြားပါမယ္”လို႔
ေျပာၾကားသြားပါတယ္။ ဗီတက္စ္ဆီဟာယင္းႏိုင္ပြဲေၾကာင့္အမွတ္ေပးဇယား
အဆင့္၆ေနရာသို႔တက္လွမ္းလာခဲ့ၿပီးၾကာသပေတးေန႔မွာစပါးစ္ကိုအေဝးကြင္းသို႔
သြားေရာက္ကာ ယူ႐ိုပါကြန္ဖရင့္လိဂ္ကစားရပါမယ္။