ဗီနီစီးယက်စ်ကို ဘောလုံးမပေးဖို့ မန်ဒီကို ဘင်ဇီမာပြောတဲ့ ဥမင်ရုပ်သံမှတ်တမ်းထွက်ပေါ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂလက်ဘတ်နဲ့သရေကျခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒုတိယပိုင်းမစခင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှုးဘင်ဇီမာက သူ့ရဲ့တိုက်စစ်ကစားဖော်ဗီနီစီးယက်စ်ကို ဘောလုံးမပေးဖို့ အသင်းဖော်ဖာလန်းမန်ဒီကိုပြောခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဥမင်အတွင်းရုပ်သံမှတ်တမ်းတစ်ခုကို သတင်းမီဒီယာတစ်ခုက ဖော်ပြလိုက်ပါတယ်။ အဲဒီပွဲရဲ့ပထမပိုင်းမှာ ရီးရဲလ်ဟာ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့အတူ ဂလက်ဘတ်ကို ၁-၀ ဂိုးနဲ့ ရှုံးနေခဲ့တာပါ။

ပထမပိုင်းပြီချိန် ဥမင်အတွင်းရှိနေစဉ်မှာ ဘင်ဇီမာက မန်ဒီကို”ဒီကောင်က သူလုပ်ချင်သလိုလုပ်နေတာ။ သူ့ကို ဘောလုံးမပေးနဲ့ ညီ။ ငါတို့နဲ့အဆင်ပြေအောင် ကစားနေတာမှ မဟုတ်တာ”လို့ ပြင်သစ်လိုပြောနေတာကို ဥမင်အတွင်း ကင်မရာက ဖမ်းမိသွားပြီး အဲဒီရုပ်သံအပိုင်းအစလေးကို ပြင်သစ်ဘောလုံးရုပ်သံတစ်ခုဖြစ်တဲ့ Telelfoot က ဖော်ပြခဲ့တာပါ။ အဲဒီရုပ်သံမှတ်တမ်းလေးဟာ ဆိုရှယ်မီဒီယာထက်မှာလည်း ပျံ့နှံ့သွားပါတယ်။

ဘင်ဇီမာက မန်ဒီကို အဲဒီလိုပြောနေချိန် ဗီနီစီးယက်စ်က သူတို့ပြောတာကြားနိုင်လောက်တဲ့ မလှမ်းမကမ်းမှာပဲ ရှိနေတာပါ။ အဲဒီပွဲရဲ့ဒုတိယပိုင်းမှာတော့ မန်ဒီဟာ သူနဲ့အတူ ဘယ်ခြမ်းမှာပဲအတူကစားတဲ့ ဗီနီစီးယက်စ်ဆီ ဘောလုံးပေးပို့မှု ၃ ကြိမ်သာရှိခဲ့ပါတယ်။

ဘင်ဇီမာဟာ အရင်ကလည်း အသင်းဖော်တွေနဲ့ပတ်သက်လို့ ပြသနာတွေ၊ အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပါတယ်။ အယ်ကလက်စီကိုပွဲစဉ်တုန်းကလည်း ကွင်းလယ်လူအစ္စကိုက နည်းပြဇီဒန်းကို ဝေဖန်မှုလုပ်တဲ့ရုပ်သံမှတ်တမ်းထွက်ပေါ်ခဲ့သေးလို့ ရီးရဲလ်အဝတ်အစားလဲခန်းထဲမှာ မတည်ငြိမ်မှုတွေရှိနေတယ်ဆိုတဲ့စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗီနီစီးယက္စ္ကို ေဘာလုံးမေပးဖို႔ မန္ဒီကို ဘင္ဇီမာေျပာတဲ့ ဥမင္ရုပ္သံမွတ္တမ္းထြက္ေပၚလာ

ဂလက္ဘတ္နဲ႔သေရက်ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒုတိယပိုင္းမစခင္ ရီးရဲလ္မက္ဒရစ္တုိက္စစ္မႈးဘင္ဇီမာက သူ႔ရဲ႕တုိက္စစ္ကစားေဖာ္ဗီနီစီးယက္စ္ကို ေဘာလုံးမေပးဖို႔ အသင္းေဖာ္ဖာလန္းမန္ဒီကိုေျပာခဲ့တယ္လုိ႔ စြပ္စြဲထားတဲ့ ဥမင္အတြင္းရုပ္သံမွတ္တမ္းတစ္ခုကို သတင္းမီဒီယာတစ္ခုက ေဖာ္ျပလိုက္ပါတယ္။ အဲဒီပြဲရဲ႕ပထမပိုင္းမွာ ရီးရဲလ္ဟာ စိတ္ပ်က္ဖြယ္ေျခစြမ္းနဲ႔အတူ ဂလက္ဘတ္ကုိ ၁-၀ ဂိုးနဲ႔ ရႈံးေနခဲ့တာပါ။

ပထမပိုင္းၿပီခ်ိန္ ဥမင္အတြင္းရွိေနစဥ္မွာ ဘင္ဇီမာက မန္ဒီကို”ဒီေကာင္က သူလုပ္ခ်င္သလိုလုပ္ေနတာ။ သူ႔ကုိ ေဘာလုံးမေပးနဲ႔ ညီ။ ငါတုိ႔နဲ႔အဆင္ေျပေအာင္ ကစားေနတာမွ မဟုတ္တာ”လုိ႔ ျပင္သစ္လုိေျပာေနတာကို ဥမင္အတြင္း ကင္မရာက ဖမ္းမိသြားၿပီး အဲဒီရုပ္သံအပိုင္းအစေလးကို ျပင္သစ္ေဘာလုံးရုပ္သံတစ္ခုျဖစ္တဲ့ Telelfoot က ေဖာ္ျပခဲ့တာပါ။ အဲဒီရုပ္သံမွတ္တမ္းေလးဟာ ဆုိရွယ္မီဒီယာထက္မွာလည္း ပ်ံ႕ႏွံ႔သြားပါတယ္။

ဘင္ဇီမာက မန္ဒီကို အဲဒီလိုေျပာေနခ်ိန္ ဗီနီစီးယက္စ္က သူတုိ႔ေျပာတာၾကားႏိုင္ေလာက္တဲ့ မလွမ္းမကမ္းမွာပဲ ရွိေနတာပါ။ အဲဒီပြဲရဲ႕ဒုတိယပိုင္းမွာေတာ့ မန္ဒီဟာ သူနဲ႔အတူ ဘယ္ျခမ္းမွာပဲအတူကစားတဲ့ ဗီနီစီးယက္စ္ဆီ ေဘာလုံးေပးပို႔မႈ ၃ ႀကိမ္သာရွိခဲ့ပါတယ္။

ဘင္ဇီမာဟာ အရင္ကလည္း အသင္းေဖာ္ေတြနဲ႔ပတ္သက္လုိ႔ ျပသနာေတြ၊ အျငင္းပြားဖြယ္ရာေတြ ရွိခဲ့ပါတယ္။ အယ္ကလက္စီကိုပြဲစဥ္တုန္းကလည္း ကြင္းလယ္လူအစၥကုိက နည္းျပဇီဒန္းကို ေ၀ဖန္မႈလုပ္တဲ့ရုပ္သံမွတ္တမ္းထြက္ေပၚခ့ဲေသးလုိ႔ ရီးရဲလ္အ၀တ္အစားလဲခန္းထဲမွာ မတည္ၿငိမ္မႈေတြရွိေနတယ္ဆုိတဲ့စြပ္စြဲမႈေတြလည္း ရွိေနပါတယ္။