ဗီလာနဲ့ ပွဲအပြီး ဝမ်ဘစ်ဆာကာရဲ့အင်တာဗျူးက ၂၀၂၁ ရဲ့အရယ်အရဆုံးဖြစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူ ဝမ်ဘစ်ဆာကာရဲ့ အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အင်တာဗျူးက ပရိသတ်တွေအတွက် အရယ်ရဆုံးဖြစ်ရပ်တစ်ဖြစ်လာဖွယ်ရှိနေပါတယ်။
ဘစ်ဆာကာဟာ ဗီလာအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး မာရှယ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ စကိုင်းစပေါ့တ်သတင်းထောက် ဂေ့ါဖ်ရှရီဗက်စ်က သွင်းဂိုးနဲ့ ပတ်သက်ပြီး မေးတဲ့အချိန်မှာ သူက သူရဲ့ကာကွယ်ဖြတ်ထုတ်မှုကို မေးလိုက်တယ်ထင်ပြီး အကောင်းဆုံးကာကွယ်လိုက်တာလို့ အယောင်ယောင်အမှားမှား ဖြေမိသွားခဲ့တာပါ။ ဒါပေမယ့် သူက ချက်ချင်းသတိရသွားခဲ့ပြီး ဂေ့ါဖ်ရှရီဗက်စ်ကို “ဆောရီး ဘယ်ဂိုးကိုပြောတာလဲဗျ” ဆိုပြီး ပြန်မေးခဲ့ပါတယ်။ ဒီတော့မှ ဂေ့ါဖ်ရှရီဗက်စ်က “ဗီလာအသင်းရဲ့ချေပဂိုးလေး ဖရီးကစ်ကနေ သွင်းသွားတဲ့ဂိုးလေ”ကို မေးတာပါလို့ ပြန်ပြောခဲ့ရပါတယ်။

ဒါနဲ့ ဝမ်ဘစ်ဆာကာဟာ ခဏအချိန်ယူကာ ပြန်စဉ်းစားခဲ့ရပြီးမှာ ဝမ်ဘစ်ဆာကာက “အော် ဖရီးကစ်ဂိုးလား ။ ဟုတ်တယ်ဗျ တော်တော်လေးမြန်တာအဲ့ဂိုးက ကံမကောင်းစွာနဲ့ပဲ ချေပဂိုးပေးလိုက်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ပင်နယ်တီနဲ့ ဗီလာအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘစ်ဆာကာက အယ်ဂါဇီရဲ့ခေါင်းတိုက်ဂိုးကလည်း ဂိုးရလုနီးပါးဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

“မှန်ပါတယ်။ ဂိုးရလုနီးပါးပါပဲ။ ကျွန်တော်တားလိုက်နိုင်ခဲ့ပါတယ်”လို့ ဘစ်ဆာကာက ပြောကြားခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ လီဗာပူးအသင်းနဲ့ အမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားကလည်း ပွဲအပြီးမှာ သူ့ရဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။

“မှန်ပါတယ်။ ကျွန်တော်တို့အရမ်းပျော်ပါတယ်။ တစ်နှစ်အတွင်း ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ နှစ်စတုန်းက အာဆင်နယ်ကို အရေးနိမ့်ခဲ့ပါတယ်။ အခုတော့ တဖြည်းဖြည်းတိုးတက်လာပါတယ်။ ပိုသန်မာလာပြီး ပိုကြံ့ခိုင်လာပါတယ်။

အဲ့တာက အရေးကြီးဆုံးပါ။ ကောင်လေးတွေကလည်း တစ်နေ့ချင်းသင်ယူနေကြပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗီလာနဲ႔ ပြဲအျပီး ၀မ္ဘစ္ဆာကာရဲ႕အင္တာဗ်ဴးက ၂၀၂၁ ရဲ႕အရယ္အရဆံုးျဖစ္ရပ္ ျဖစ္လာႏုိင္ဖြယ္ရွိေန

ယူႏုိက္တက္ေနာက္ခံလူ ၀မ္ဘစ္ဆာကာရဲ႕ အက္စတြန္ဗီလာကို ၂-၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲအျပီး အင္တာဗ်ဴးက ပရိသတ္ေတြအတြက္ အရယ္ရဆံုးျဖစ္ရပ္တစ္ျဖစ္လာဖြယ္ရွိေနပါတယ္။ ဘစ္ဆာကာဟာ ဗီလာအသင္းကိုအႏုိင္ရရွိခဲ့တဲ့ပြဲမွာ အဓိကေနရာကေန ပါ၀င္ခဲ့ျပီး မာရွယ္ရဲ႕အဖြင့္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ပြဲအၿပီးမွာ စကိုင္းစေပါ့တ္သတင္းေထာက္ ေဂ့ါဖ္ရွရီဗက္စ္က သြင္းဂိုးနဲ႔ ပတ္သက္ၿပီး ေမးတဲ့အခ်ိန္မွာ သူက သူရဲ႕ကာကြယ္ျဖတ္ထုတ္မႈကို ေမးလိုက္တယ္ထင္ၿပီး အေကာင္းဆံုးကာကြယ္လိုက္တာလို႕ အေယာင္ေယာင္အမွားမွား ေျဖမိသြားခဲ့တာပါ။ ဒါေပမယ့္ သူက ခ်က္ခ်င္းသတိရသြားခဲ့ၿပီး ေဂ့ါဖ္ရွရီဗက္စ္ကို “ေဆာရီး ဘယ္ဂိုးကိုေျပာတာလဲဗ်” ဆိုၿပီး ျပန္ေမးခဲ့ပါတယ္။ ဒီေတာ့မွ ေဂ့ါဖ္ရွရီဗက္စ္က “ဗီလာအသင္းရဲ႕ေခ်ပဂိုးေလး ဖရီးကစ္ကေန သြင္းသြားတဲ့ဂိုးေလ”ကို ေမးတာပါလို႔ ျပန္ေျပာခဲ့ရပါတယ္။

ဒါနဲ႕ ဝမ္ဘစ္ဆာကာဟာ ခဏအခ်ိန္ယူကာ ျပန္စဥ္းစားခဲ့ရၿပီးမွာ ၀မ္ဘစ္ဆာကာက “ေအာ္ ဖရီးကစ္ဂိုးလား ။ ဟုတ္တယ္ဗ် ေတာ္ေတာ္ေလးျမန္တာအဲ့ဂိုးက ကံမေကာင္းစြာနဲ႔ပဲ ေခ်ပဂိုးေပးလိုက္ရပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တုိ႔ ျပန္လာႏိုင္ခဲ့ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ဖာနန္ဒက္စ္ရဲ႕ပင္နယ္တီနဲ႔ ဗီလာအသင္းကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဘစ္ဆာကာက အယ္ဂါဇီရဲ႕ ေခါင္းတိုက္ဂိုးကလည္း ဂိုးရလုနီးပါးျဖစ္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

“မွန္ပါတယ္။ ဂိုးရလုနီးပါးပါပဲ။ ကြ်န္ေတာ္တားလိုက္ႏိုင္ခဲ့ပါတယ္”လို႔ ဘစ္ဆာကာက ေျပာၾကားခဲ့ပါတယ္။ အဆိုပါႏုိင္ပြဲေၾကာင့္ ယူႏိုက္တက္ဟာ လီဗာပူးအသင္းနဲ႔ အမွတ္တူအေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။ နည္းျပ ဆုိးလ္ရွားကလည္း ပြဲအျပီးမွာ သူ႕ရဲ႕ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ပါတယ္။ “မွန္ပါတယ္။ ကြ်န္ေတာ္တို႔အရမ္းေပ်ာ္ပါတယ္။ တစ္ႏွစ္အတြင္း ဘယ္ေလာက္အထိ တိုးတက္လာသလဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ ႏွစ္စတုန္းက အာဆင္နယ္ကို အေရးနိမ့္ခဲ့ပါတယ္။ အခုေတာ့ တျဖည္းျဖည္းတိုးတက္လာပါတယ္။ ပိုသန္မာလာျပီး ပိုၾကံ့ခိုင္လာပါတယ္။ အဲ့တာက အေရးၾကီးဆံုးပါ။ ေကာင္ေလးေတြကလည္း တစ္ေန႔ခ်င္းသင္ယူေနၾကပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။