
မနေ့က ကျွန်တော်တို့အတွက် အတော့်ကို ဝမ်းနည်းစရာကောင်းတဲ့နေ့တစ်ရက်ပါပဲ။
ကျွန်တော်က အိုလီနဲ့ နှစ်အတော်ကြာ အတူတွဲပြီး အလုပ်လုပ်ခဲ့တာကြောင့်
သူ ရာထူးကနေ နှုတ်ထွက်သွားတာကိုမြင်ရတာက အတော့်ကိုခံစားရပါတယ်။
ကလပ်အသင်းမှာ ရှိတဲ့ လူ တော်တော်များများနဲ့
နည်းပြအဖွဲ့တွေကလည်း ကျွန်တော်လိုပဲ ခံစားခဲ့ရပါတယ်။
ယူနိုက်တက်နဲ့ပတ်သက်တဲ့ သူတိုင်း သူဘာပြောချင်နေလဲ ဆိုတာ
သူ့ရဲ့အင်တာဗျူးကအမူအရာတွေကို ကြည့်ရင် သူ့ရဲခံစားချက်ကို သိခဲ့ကြပါလိမ့်မယ်။
တစ်ခါတစ်လေမှာ ကိုယ်ကြိုးစားပေးဆပ်ပေမယ့်လဲ
ထိုက်တန်တဲ့အရာတွေကို အမြဲတမ်းမရနိုင်ခဲ့ပါဘူး။
ဒီအချိန်မှာ ဒီခံစားချက်တွေထက် မနက်ဖန် ဗီလာရီးရဲယ်လ်နဲ့
ကန်ရမယ့်ပွဲ အတွက်ပိုပြီးအာရုံစိုက်ထားသလို
ကျွန်တော် အသင်းကို အကောင်းဆုံးပြင်ဆင်နေပါတယ်။
ဒီကလပ်က ကျွန်တော့် ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတာကြာနေပါပြီ။
ကျွန်တော် ဒီရာထူးမှာအချိန်ဘယ်လောက်ကြာကြာဆက်ရှိနေမယ်ဆိုတာ
သေချာမပြောတတ်ဘူး။ ဒါပေမယ့် လက်ရှိ ကျွန်တော့် စိတ်ထဲရှိနေတာလည်း
ဒီအကြောင်းတွေမဟုတ်ဘူး။ ဗီလာရီးရဲယ်လ်နဲ့ကန်ရမယ့်ပွဲက
ကျွန်တော်တို့ အတွက် တကယ်ကို အရေးပါတဲ့ ပွဲတစ်ပွဲပါ”
မနက်ဖန်ပွဲကို အကောင်းဆုံးကစားပြဖို့ ကျွန်တော်တို့ရဲ့ ကောင်လေးတွေက
အသင့်ဖြစ်နေပြီ။ ပွဲကစားဖို့ မစောင့်နိုင်တော့ဘူး။
ဗီလာရီးရဲယ်လ်နဲ့ပွဲမှာ ဘယ်လိုကစားမလဲ ဆိုတာကို
ကျွန်တော် အစီအစဉ်တွေချပြီးပါပြီ။ ဒါကို အခုထုတ်မပြောတော့ဘူး။
အသင်းမှာ ကျွန်တော့်ကို ဝိုင်းဝန်းပေးကြမယ့်
လူတော်တွေနဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။
သူတို့က အံ့ဩဖို့ကောင်းတဲ့ရလဒ်တွေကို လုပ်ပြဖို့ အသင့်ဖြစ်နေကြပါပြီ။” လို့
မိုက်ကယ်ကာရစ်က စပိန်မြေကိုမသွားခင် ပွဲကြိုသတင်းစားရှင်းလင်းပွဲမှာ
သူ့ရဲ့ခံစားချက်တွေနဲ့ အသင်းကို ပြင်ဆင်ထားမှုတွေကို ပြောကြားသွားခဲ့ပါတယ်။
ဗီလာရီးရဲယ်လ်နဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွက်
စပိန်မြေကိုထွက်ခွာသွားကြသူတွေကတော့…
ဂိုး – ဒီဂီယာ၊ ဒင်းဟန်ဒါဆန်၊ တွမ်ဟီတန်
နောက်တန်း – အေရွန်ဝမ်ဘစ်စကာ၊ ဘိုင်လီ၊ လင်ဒီလော့ဖ်၊ မက်ကွိုင်းယား၊
ဒါလော့ခ် ၊အဲလက်စ်တဲလက်စ်၊
ကွင်းလယ် – တိုမီနေး၊ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်၊ မာတာ၊
မာတစ်၊ ဒွန်နီ ဗန်ဒီဘိခ်၊ လင်ဂတ်
ရှေ့တန်း – အာမတ်၊ မားကပ် ရက်ဖိုဒ်၊ ရော်နယ်ဒို၊ မာရှယ်၊ ဆန်ချို တို့နဲ့အတူ
လီဂရန့်၊ ဖီးဂျုံးတို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။
zawgyi
ဗီလာရီးရဲယ္လ္နဲ႔ ကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ မိုက္ကယ္ကာရစ္ စပိန္ေျမကို လူစာရင္း အျပည့္နဲ႔ထြက္ခြာလာၾက
မေန႔က ကြၽန္ေတာ္တို႔အတြက္ အေတာ့္ကို ဝမ္းနည္းစရာေကာင္းတဲ့ေန႔တစ္ရက္ပါပဲ။
ကြၽန္ေတာ္က အိုလီနဲ႔ ႏွစ္အေတာ္ၾကာ အတူတြဲၿပီး အလုပ္လုပ္ခဲ့တာေၾကာင့္
သူ ရာထူးကေန ႏႈတ္ထြက္သြားတာကိုျမင္ရတာက အေတာ့္ကိုခံစားရပါတယ္။
ကလပ္အသင္းမွာ ရွိတဲ့ လူ ေတာ္ေတာ္မ်ားမ်ားနဲ႔
နည္းျပအဖြဲ႕ေတြကလည္း ကြၽန္ေတာ္လိုပဲ ခံစားခဲ့ရပါတယ္။
ယူႏိုက္တက္နဲ႔ပတ္သက္တဲ့ သူတိုင္း သူဘာေျပာခ်င္ေနလဲ ဆိုတာ
သူ႔ရဲ႕အင္တာဗ်ဴးကအမူအရာေတြကို ၾကည့္ရင္ သူ႔ရဲခံစားခ်က္ကို သိခဲ့ၾကပါလိမ့္မယ္။
တစ္ခါတစ္ေလမွာ ကိုယ္ႀကိဳးစားေပးဆပ္ေပမယ့္လဲ
ထိုက္တန္တဲ့အရာေတြကို အၿမဲတမ္းမရႏိုင္ခဲ့ပါဘူး။
ဒီအခ်ိန္မွာ ဒီခံစားခ်က္ေတြထက္ မနက္ဖန္ ဗီလာရီးရဲယ္လ္နဲ႔
ကန္ရမယ့္ပြဲ အတြက္ပိုၿပီးအာ႐ုံစိုက္ထားသလို
ကြၽန္ေတာ္ အသင္းကို အေကာင္းဆုံးျပင္ဆင္ေနပါတယ္။
ဒီကလပ္က ကြၽန္ေတာ့္ ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနတာၾကာေနပါၿပီ။
ကြၽန္ေတာ္ ဒီရာထူးမွာအခ်ိန္ဘယ္ေလာက္ၾကာၾကာဆက္ရွိေနမယ္ဆိုတာ
ေသခ်ာမေျပာတတ္ဘူး။ ဒါေပမယ့္ လက္ရွိ ကြၽန္ေတာ့္ စိတ္ထဲရွိေနတာလည္း
ဒီအေၾကာင္းေတြမဟုတ္ဘူး။ ဗီလာရီးရဲယ္လ္နဲ႔ကန္ရမယ့္ပြဲက
ကြၽန္ေတာ္တို႔ အတြက္ တကယ္ကို အေရးပါတဲ့ ပြဲတစ္ပြဲပါ”
မနက္ဖန္ပြဲကို အေကာင္းဆုံးကစားျပဖို႔ ကြၽန္ေတာ္တို႔ရဲ႕ ေကာင္ေလးေတြက
အသင့္ျဖစ္ေနၿပီ။ ပြဲကစားဖို႔ မေစာင့္ႏိုင္ေတာ့ဘူး။
ဗီလာရီးရဲယ္လ္နဲ႔ပြဲမွာ ဘယ္လိုကစားမလဲ ဆိုတာကို
ကြၽန္ေတာ္ အစီအစဥ္ေတြခ်ၿပီးပါၿပီ။ ဒါကို အခုထုတ္မေျပာေတာ့ဘူး။
အသင္းမွာ ကြၽန္ေတာ့္ကို ဝိုင္းဝန္းေပးၾကမယ့္
လူေတာ္ေတြနဲ႔ ကစားသမားေကာင္းေတြ ရွိေနပါတယ္။
သူတို႔က အံ့ဩဖို႔ေကာင္းတဲ့ရလဒ္ေတြကို လုပ္ျပဖို႔ အသင့္ျဖစ္ေနၾကပါၿပီ။” လို႔
မိုက္ကယ္ကာရစ္က စပိန္ေျမကိုမသြားခင္ ပြဲႀကိဳသတင္းစားရွင္းလင္းပြဲမွာ
သူ႔ရဲ႕ခံစားခ်က္ေတြနဲ႔ အသင္းကို ျပင္ဆင္ထားမႈေတြကို ေျပာၾကားသြားခဲ့ပါတယ္။
ဗီလာရီးရဲယ္လ္နဲ႔ ကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္
စပိန္ေျမကိုထြက္ခြာသြားၾကသူေတြကေတာ့…
ဂိုး – ဒီဂီယာ၊ ဒင္းဟန္ဒါဆန္၊ တြမ္ဟီတန္
ေနာက္တန္း – ေအ႐ြန္ဝမ္ဘစ္စကာ၊ ဘိုင္လီ၊ လင္ဒီေလာ့ဖ္၊ မက္ကြိဳင္းယား၊
ဒါေလာ့ခ္ ၊အဲလက္စ္တဲလက္စ္၊
ကြင္းလယ္ – တိုမီေနး၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ ဖရက္၊ မာတာ၊
မာတစ္၊ ဒြန္နီ ဗန္ဒီဘိခ္၊ လင္ဂတ္
ေရွ႕တန္း – အာမတ္၊ မားကပ္ ရက္ဖိုဒ္၊ ေရာ္နယ္ဒို၊ မာရွယ္၊ ဆန္ခ်ိဳ တို႔နဲ႔အတူ
လီဂရန႔္၊ ဖီးဂ်ဳံးတို႔လည္း လိုက္ပါသြားခဲ့ၾကပါတယ္။