ဗီလာ-စပါးပွဲနေရာမှာ စပါး-ဖူလ်ဟမ်ပွဲအစားထိုးကစားရမှာမို့လို့ ဖူလ်ဟမ်ရော ချဲလ်ဆီးအသင်းပါ မကျေမနပ်ဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗုဒ္ဓဟူးနေ့မှာကစားရမယ့် အက်စတွန်ဗီလာနဲ့စပါးတို့ရဲ့ပွဲ ရွှေ့ဆိုင်းလိုက်ရပြီးနောက် အဲဒီပွဲအစား စပါးနဲ့ဖူလ်ဟမ်တို့ရဲ့ပွဲကျန်ကစားဖို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စီစဉ်နေခြင်းအပေါ် ဖူလ်ဟမ်အသင်းက ပေါက်ကွဲနေတယ်လို့ သိရပါတယ်။


ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ စပါးအသင်းရဲ့ပြိုင်ဘက်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဗီလာအစား ဖူလ်ဟမ်နဲ့ပွဲကစားစေဖို့ စီစဉ်နေပြီး အထူးသဖြင့် ရာသီနှောင်းပိုင်းကာလမှာ ပွဲတွေဆက်သွားတာမျိုးမဖြစ်အောင် လုပ်ဆောင်လိုနေရာ ဒေသစံတော်ချိန် ယနေ့ညနေပိုင်းမှာ အတည်ပြုသတင်းထုတ်ပြန်ဖွယ်ရှိနေပါတယ်။


ဒါပေမဲ့ Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ ဖူလ်ဟမ်အသင်းဟာ တကယ်လို့ ဗီလာအစား သူတို့ကစားရမယ်ဆိုရင် အခုလိုတိုတောင်းတဲ့ကာလအတွင်း ပြင်ဆင်ချိန်နည်းပါးသွားနိုင်မှုကြောင့် အလွန်အမင်းစိတ်ပျက်လျက်ရှိတယ်လို့ သိရပါတယ်။

နည်းပြပါကားရဲ့ဖူလ်ဟမ်အသင်းအတွက် အဆင်ပြေသွားအောင် ချဲလ်ဆီးအသင်းနဲ့ပွဲကို သောကြာနေ့မှာ မကစားရတော့ဘဲ စနေညမှာ ကစားဖို့ ပွဲချိန်ပြောင်းလဲခဲ့ပါတယ်။


အဲဒီပွဲကို မူလက သောကြာနေ့ ဒေသစံတော်ချိန် ည ၈ နာရီမှာ ကစားဖို့ စီစဉ်ထားပေမယ့် အဲဒီလိုဆိုရင် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၈နာရီ ၁၅ မိနစ်မှာ စပါးနဲ့ကစားရမှာမို့လို့ ဖူလ်ဟမ်အတွက် ပြင်ဆင်ချိန် ၄၈နာရီပဲ ရရှိသွားမှာဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းကလည်း ဒီလိုပွဲရွှေ့တာကို နောက်ဆုံးအချိန်အထိ လက်သင့်ခံဖို့ ငြင်းဆန်ခဲ့ပေမယ့် အခုတော့ ဖူလ်ဟမ်အသင်းအတွက် ပြင်ဆင်ချိန်ပိုရသွားခဲ့ပါတယ်။


”ဗီလာအသင်းက စပါးနဲ့ပွဲကို ပြန်လည်စီစဉ်ပေးဖို့ တောင်းဆိုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်းမှာ ကိုဗစ်ဖြစ်နေသူတွေ၊ ကိုဗစ်ကြောင့် ကွာရန်တင်းဝင်နေရသူတွေများနေလု့ိပါ။ ဒီတော့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်ကလည်း ပွဲရွှေ့ဆိုင်းတာကလွဲလို့ တခြားရွေးချယ်စရာမရှိပါဘူး”


”ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးက အရေးကြီးဆုံးဖြစ်ပြီး လိဂ်ဘက်ကနေပြီးတော့ ဗီလာအသင်း ဖြစ်နိုင်သမျှ စောစောပြန်စနိုင်ရေးအတွက် လက်တွဲကူညီသွားမှာပါ”လို့ ပရီးမီးယားလိဂ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဗီလာ-စပါးပြဲေနရာမွာ စပါး-ဖူလ္ဟမ္ပြဲအစားထုိးကစားရမွာမုိ႔လုိ႔ ဖူလ္ဟမ္ေရာ ခ်ဲလ္ဆီးအသင္းပါ မေက်မနပ္ျဖစ္

ဗုဒၶဟူးေန႔မွာကစားရမယ့္ အက္စတြန္ဗီလာနဲ႔စပါးတုိ႔ရဲ႕ပြဲ ေရႊ႕ဆိုင္းလုိက္ရၿပီးေနာက္ အဲဒီပြဲအစား စပါးနဲ႔ဖူလ္ဟမ္တို႔ရဲ႕ပြဲက်န္ကစားဖုိ႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က စီစဥ္ေနျခင္းအေပၚ ဖူလ္ဟမ္အသင္းက ေပါက္ကြဲေနတယ္လုိ႔ သိရပါတယ္။
ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဟာ စပါးအသင္းရဲ႕ၿပိဳင္ဘက္အျဖစ္ ဗုဒၶဟူးေန႔မွာ ဗီလာအစား ဖူလ္ဟမ္နဲ႔ပြဲကစားေစဖုိ႔ စီစဥ္ေနၿပီး အထူးသျဖင့္ ရာသီေႏွာင္းပုိင္းကာလမွာ ပြဲေတြဆက္သြားတာမ်ိဳးမျဖစ္ေအာင္ လုပ္ေဆာင္လုိေနရာ ေဒသစံေတာ္ခ်ိန္ ယေန႔ညေနပိုင္းမွာ အတည္ျပဳသတင္းထုတ္ျပန္ဖြယ္ရွိေနပါတယ္။
ဒါေပမဲ့ Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဖူလ္ဟမ္အသင္းဟာ တကယ္လုိ႔ ဗီလာအစား သူတုိ႔ကစားရမယ္ဆုိရင္ အခုလိုတုိေတာင္းတဲ့ကာလအတြင္း ျပင္ဆင္ခ်ိန္နည္းပါးသြားႏိုင္မႈေၾကာင့္ အလြန္အမင္းစိတ္ပ်က္လ်က္ရွိတယ္လုိ႔ သိရပါတယ္။
နည္းျပပါကားရဲ႕ဖူလ္ဟမ္အသင္းအတြက္ အဆင္ေျပသြားေအာင္ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲကို ေသာၾကာေန႔မွာ မကစားရေတာ့ဘဲ စေနညမွာ ကစားဖုိ႔ ပြဲခ်ိန္ေျပာင္းလဲခဲ့ပါတယ္။
အဲဒီပြဲကို မူလက ေသာၾကာေန႔ ေဒသစံေတာ္ခ်ိန္ ည ၈ နာရီမွာ ကစားဖုိ႔ စီစဥ္ထားေပမယ့္ အဲဒီလုိဆုိရင္ ဗုဒၶဟူးေန႔ ေဒသစံေတာ္ခ်ိန္ ည ၈နာရီ ၁၅ မိနစ္မွာ စပါးနဲ႔ကစားရမွာမို႔ုလုိ႔ ဖူလ္ဟမ္အတြက္ ျပင္ဆင္ခ်ိန္ ၄၈နာရီပဲ ရရွိသြားမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကလည္း ဒီလုိပြဲေရႊ႕တာကို ေနာက္ဆုံးအခ်ိန္အထိ လက္သင့္ခံဖုိ႔ ျငင္းဆန္ခဲ့ေပမယ့္ အခုေတာ့ ဖူလ္ဟမ္အသင္းအတြက္ ျပင္ဆင္ခ်ိန္ပိုရသြားခဲ့ပါတယ္။
”ဗီလာအသင္းက စပါးနဲ႔ပြဲကို ျပန္လည္စီစဥ္ေပးဖုိ႔ ေတာင္းဆုိလာပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔အသင္းမွာ ကုိဗစ္ျဖစ္ေနသူေတြ၊ ကိုဗစ္ေၾကာင့္ ကြာရန္တင္း၀င္ေနရသူေတြမ်ားေနလု႔ိပါ။ ဒီေတာ့ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဘက္ကလည္း ပြဲေရႊ႕ဆုိင္းတာကလြဲလုိ႔ တျခားေရြးခ်ယ္စရာမရွိပါဘူး”
”ကစားသမားေတြနဲ႔ ၀န္ထမ္းေတြရဲ႕က်န္းမာေရးက အေရးႀကီးဆုံးျဖစ္ၿပီး လိဂ္ဘက္ကေနၿပီးေတာ့ ဗီလာအသင္း ျဖစ္ႏိုင္သမွ် ေစာေစာျပန္စႏိုင္ေရးအတြက္ လက္တြဲကူညီသြားမွာပါ”လုိ႔ ပရီးမီးယားလိဂ္က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။