ဗီအဲရာအကြောင်းကိုအနည်းငယ်မျှသာသိကြောင်း ဘင်ဝှိုက် ဝန်ခံ

အာဆင်နယ်နောက်ခံလူဘင်ဝှိုက်က၎င်းမှာငယ်စဉ်တုန်းကဘောလုံးပရိသတ်တစ်ဦး

မဟုတ်ကြောင်းနှင့်ယနေ့အချိန်တွင်လည်းဘောလုံးကြည့်မှုအလွန်နည်းပါးကြောင်း

ဝန်ခံပြောကြားလာပါတယ်။ အင်္ဂလန်ဗဟိုနောက်ခံလူဟာပြီးခဲ့တဲ့နွေရာသီတုန်းက

ဘရိုက်တန်မှအာဆင်နယ်သို့ပြောင်းရွှေ့ကြေးပေါင်သန်း၅၀ဖြင့်ပြောင်းလာပြီးနောက်

အရေးပါတဲ့နောက်ခံလူအဖြစ်ခြေစွမ်းပြကစားနေပါတယ်။

သူဟာအာဆင်နယ်ရဲ့ဂန္ထဝင်ကျောနံပါတ်၄ကိုဝတ်ဆင်ကစားနေပါတယ်။

ယင်းကျောနံပါတ်၄ကိုတခါတုန်းကအာဆင်နယ်ဂန္ထဝင်အသင်းခေါင်းဆောင်

ပက်ထရစ်ဗီအဲရာဝတ်ဆင်ကစားခဲ့ပါတယ်။ဒါပေမယ့်ဘင်ဝှိုက်ကတစ်ချိန်တုန်းက

ကမ္ဘာ့ဘောလုံးလောကတွင်နာမည်ကျော်ကြားတဲ့ကွင်းလယ်ကစားသမားအဖြစ်

ရပ်တည်ခဲ့တဲ့ဗီအဲရာအကြောင်းကိုအနည်းငယ်မျှသာသိကြောင်းရိုးသားစွာဆိုသွားပါတယ်။

ပက်ထရစ်ဗီအဲရာဟာယနေ့ညတွင်ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ်ဖြင့်

ကလပ်ဟောင်းအာဆင်နယ်ကိုလာရောက်ရင်ဆိုင်ပါမယ်။

ဘင်ဝှိုက်က “ငယ်ငယ်တုန်းကဘောလုံးပွဲလုံးဝမကြည့်ခဲ့ပါဘူး။ အခုလည်း

မကြည့်ဖြစ်သေးပါဘူး။ကျွန်တော်ကပွဲကိုချစ်တယ်။အမြဲတမ်းကစားတယ်။

ဒါပေမယ့်မကြည့်ဘူး။အရင်မျိုးဆက်တွေအကြောင်းလည်းသိပ်မသိပါဘူး။

ဗီအဲရာကိုကစားသမားကောင်းအဖြစ်တော့သိထားပါတယ်။ဒါပေမယ့်အသေးစိတ်

မကြည့်ဖူးဘူး။ကျွန်တော်ကအမြဲတမ်းတစ်ခုမဟုတ်တစ်ခုနဲ့အလုပ်ရှုပ်နေတော့

မကြည့်ဖြစ်ပါဘူး။ကိုယ့်ကိုယ်ဆန်းစစ်တဲ့အနေနဲ့ကိုယ်ကစားတာဘဲကြည့်ဖြစ်တယ်။

အင်္ဂလန်ပွဲကြည့်တယ်။ပုံမှန်ဆိုရင်ဘောလုံးပွဲတစ်ပွဲကိုထိုင်စောင့်ပြီး

ကြည့်နေလေ့မရှိပါဘူး”လို့ပြောကြားသွားပါတယ်။

zawgyi

ဗီအဲရာအေၾကာင္းကိုအနည္းငယ္မွ်သာသိေၾကာင္း ဘင္ဝႈိက္ ဝန္ခံ

အာဆင္နယ္ေနာက္ခံလူဘင္ဝႈိက္က၎မွာငယ္စဥ္တုန္းကေဘာလုံးပရိသတ္တစ္ဦး

မဟုတ္ေၾကာင္းႏွင့္ယေန႔အခ်ိန္တြင္လည္းေဘာလုံးၾကည့္မႈအလြန္နည္းပါးေၾကာင္

းဝန္ခံေျပာၾကားလာပါတယ္။ အဂၤလန္ဗဟိုေနာက္ခံလူဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းက

ဘ႐ိုက္တန္မွအာဆင္နယ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀ျဖင့္ေျပာင္းလာၿပီးေနာက္

အေရးပါတဲ့ေနာက္ခံလူအျဖစ္ေျခစြမ္းျပကစားေနပါတယ္။

သူဟာအာဆင္နယ္ရဲ႕ဂႏၴဝင္ေက်ာနံပါတ္၄ကိုဝတ္ဆင္ကစားေနပါတယ္။

ယင္းေက်ာနံပါတ္၄ကိုတခါတုန္းကအာဆင္နယ္ဂႏၴဝင္အသင္းေခါင္းေဆာင္

ပက္ထရစ္ဗီအဲရာဝတ္ဆင္ကစားခဲ့ပါတယ္။ဒါေပမယ့္ဘင္ဝႈိက္ကတစ္ခ်ိန္တုန္းက

ကမာၻ႔ေဘာလုံးေလာကတြင္နာမည္ေက်ာ္ၾကားတဲ့ကြင္းလယ္ကစားသမားအျဖစ္

ရပ္တည္ခဲ့တဲ့ဗီအဲရာအေၾကာင္းကိုအနည္းငယ္မွ်သာသိေၾကာင္း႐ိုးသားစြာဆိုသြားပါတယ္။

ပက္ထရစ္ဗီအဲရာဟာယေန႔ညတြင္ခရစၥတယ္ပဲေလ့စ္နည္းျပအျဖစ္ျဖင့္

ကလပ္ေဟာင္းအာဆင္နယ္ကိုလာေရာက္ရင္ဆိုင္ပါမယ္။

ဘင္ဝႈိက္က “ငယ္ငယ္တုန္းကေဘာလုံးပြဲလုံးဝမၾကည့္ခဲ့ပါဘူး။ အခုလည္

းမၾကည့္ျဖစ္ေသးပါဘူး။ကြၽန္ေတာ္ကပြဲကိုခ်စ္တယ္။အၿမဲတမ္းကစားတယ္။

ဒါေပမယ့္မၾကည့္ဘူး။အရင္မ်ိဳးဆက္ေတြအေၾကာင္းလည္းသိပ္မသိပါဘူး။

ဗီအဲရာကိုကစားသမားေကာင္းအျဖစ္ေတာ့သိထားပါတယ္။ဒါေပမယ့္အေသးစိတ္

မၾကည့္ဖူးဘူး။ကြၽန္ေတာ္ကအၿမဲတမ္းတစ္ခုမဟုတ္တစ္ခုနဲ႔အလုပ္ရႈပ္ေနေတာ့

မၾကည့္ျဖစ္ပါဘူး။ကိုယ့္ကိုယ္ဆန္းစစ္တဲ့အေနနဲ႔ကိုယ္ကစားတာဘဲၾကည့္ျဖစ္တယ္။

အဂၤလန္ပြဲၾကည့္တယ္။ပုံမွန္ဆိုရင္ေဘာလုံးပြဲတစ္ပြဲကိုထိုင္ေစာင့္ၿပီး

ၾကည့္ေနေလ့မရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။