ဘက်ခမ်းကို အမှတ်ရတမ်းတစေခဲ့တဲ့ ဆောက်သမ်တန်ရဲ့ ဖရီးကစ်စပယ်ရှယ်လစ် ဂျိမ်းစ်ဝပ်ဒ်ပရောက်စီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တနင်္ဂနွေည ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဗီလာ-ဆောက်သမ်တန်ပွဲကတော့ သွင်းဂိုးတွေနဲ့ ပရိသတ်ကိုဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့ပါတယ်။

ဗီလာပါ့ခ်မှာ ဆောက်သမ်တန်အသင်းက ၃-၄ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အိမ်ရှင်ဗီလာအသင်းဟာ ၄ဂိုးပြတ်ဦးဆောင်ခြင်းခံရတာတောင် စိတ်ဓာတ်မကျဘဲ အကောင်းဆုံးကစားခဲ့တာမို့ ချေပဂိုး ၃ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

ဗီလာကစားသမားတွေရဲ့ အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကို ချီးကျူးရမှာဖြစ်ပေမယ့် အခုပွဲမှာ ပရိသတ်တွေရဲ့အသည်းနှလုံးကို ဆွဲငင်သိမ်းပိုက်သွားသူကတော့ ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဂျိမ်းစ်ဝပ်ဒ်ပရောက်စီဖြစ်ပါတယ်။

ပရောက်စီဟာ အဖွင့်ဂိုးကိုဖန်တီးပေးခဲ့ပြီး ဖရီးကစ်ကနေ သူ့ရဲ့ညာခြမ်းကဖြတ်တင်ဘောဟာ တိကျကောင်းမွန် လွန်းတာမို့ နောက်ခံလူ ဗက်စ်တာဂတ်ဒ်က လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းမပြီးခင်မှာပဲ ဆောက်သမ်တန်ရဲ့နောက်ထပ် ၂ဂိုးကို ပရောက်စီက တစ်ဂိုးနဲ့တစ်ဂိုး ၁၂မိနစ်သာခြားပြီး သွင်းယူပေးခဲ့ပါတယ်။ ပရောက်စီဟာ ၂ဂိုးစလုံးကို တိကျသေသပ်တဲ့ ဖရီး ကစ်ကန်ချက်တွေနဲ့သွင်းယူပေးခဲ့တာပါ။

ပရောက်စီရဲ့ဖရီးကစ်ကန်ချက်တွေဟာ ရင်သပ်ရှုမောဖွယ် လှပကောင်းမွန်လွန်းတာမို့ ၁၉၉ဝပြည့်လွန်နှစ်တွေမှာ ယူနိုက်တက်ရဲ့ဖရီးကစ်စပယ်ရှယ်လစ်အဖြစ်ကျော်ကြားခဲ့တဲ့ ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်းကို ပြန်ပြောင်းအမှတ်ရစေခဲ့ပါတယ်။

ဘက်ခမ်းရဲ့လေးညှို့ကပစ်လွှတ်လိုက်တဲ့ မြားပမာ ကွေးညွှတ်ဂိုးထဲဝင်သွားတဲ့ ဖရီးကစ်ကန်ချက်မျိုးကို ပရီးမီးယားလိဂ်ပရိသတ်တွေ မမြင်ရတာကြာခဲ့ပြီမဟုတ်လား။

ပရီးမီးယားလိဂ်ဂန္ထဝင်တွေဖြစ်တဲ့ စီရော်နယ်ဒို၊ ဒရော့ဘာ၊ ဂါရတ်ဘေးလ်တို့ဟာလည်း အလွတ်တည်ကန်ဘော(ဖရီးကစ်)ကန်ရာမှာ ထက်မြက်ထူးချွန်သူတွေဖြစ်ပေမယ့် ဘက်ခမ်းလောက်တော့ ဖရီးကစ်ကန်ရာမှာ နာမည်မကြီးခဲ့ပါဘူး။ အခုတော့ ဘက်ခမ်းရဲ့ခြေရာကိုနင်းနိုင်သူအဖြစ် ပရောက်စီက သက်သေပြနိုင်ခဲ့ပါပြီ။

ပရောက်စီဟာဘက်ခမ်းရဲ့trademark ကန်ချက်ဖြစ်တဲ့ ဘောလုံးရဲ့လားရာကို ညာကနေဘယ်ပြောင်းစေပြီး ခံစစ်လူတံတိုင်းကိုကျော်၊ ပြိုင်ဘက်ဂိုးသမားဘယ်လိုမှလိုက်မမီတဲ့ ဂိုးရဲ့အပေါ်ထောင့်ထဲကွေးညွှတ်တန်းဝင်သွားတဲ့ ကန်ချက်မျိုးကို ဗီလာနဲ့ပွဲမှာ ၂ကြိမ်တိုင်ကန်သွင်းပြခဲ့တာပါ။

ဒုတိယဖရီးကစ်ဆိုရင် ဗီလာဂိုးသမား မာတီနက်ဇ် ဘာမှမတုံ့ပြန်နိုင်ခဲ့ပါဘူး။ ပရောက်စီဟာ ဂန္ထဝင်ကစားသမားကြီး လီတစ်စီယာတင်ထားတဲ့ ဆောက်သမ်တန်အတွက် တိုက်ရိုက်ဖရီးကစ်ဂိုးအများဆုံး(၇ဂိုး)သွင်းယူနိုင်သူဆိုတဲ့ဂုဏ်ပုဒ်ကိုလည်း တစ်ဂိုးအသာ(၈ဂိုး)နဲ့ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စပါးကွင်းလယ်လူဟောင်း အဲရစ်ဆင်(၂၀၁၅အောက်တိုဘာ)နောက်ပိုင်း ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်း တိုက်ရိုက်ဖရီးကစ်ကနေ၂ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီလိုစွမ်းဆောင်နိုင်တာ ၉ဦးသာရှိခဲ့ဖူးတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘက္ခမ္းကို အမွတ္ရတမ္းတေစခဲ့တဲ့ ေဆာက္သမ္တန္ရဲ႕ ဖရီးကစ္စပယ္ရွယ္လစ္ ဂ်ိမ္းစ္ဝပ္ဒ္ပေရာက္စီ

တနဂၤေႏြည ပရီးမီးယားလိဂ္အေစာဆုံးပြဲစဥ္အျဖစ္ကစားခဲ့တဲ့ ဗီလာ-ေဆာက္သမ္တန္ပြဲကေတာ့ သြင္းဂိုးေတြနဲ႔ ပရိသတ္ကိုေဖ်ာ္ေျဖမႈအျပည့္ေပးႏိုင္ခဲ့ပါတယ္။

ဗီလာပါ့ခ္မွာ ေဆာက္သမ္တန္အသင္းက ၃-၄ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အိမ္ရွင္ဗီလာအသင္းဟာ ၄ဂိုးျပတ္ဦးေဆာင္ျခင္းခံရတာေတာင္ စိတ္ဓာတ္မက်ဘဲ အေကာင္းဆုံးကစားခဲ့တာမို႔ ေခ်ပဂိုး ၃ဂိုးျပန္သြင္းႏိုင္ခဲ့ပါတယ္။

ဗီလာကစားသမားေတြရဲ႕ အႏိုင္မခံ၊ အရႈံးမေပးစိတ္ဓာတ္ကို ခ်ီးက်ဴးရမွာျဖစ္ေပမယ့္ အခုပြဲမွာ ပရိသတ္ေတြရဲ႕အသည္းႏွလုံးကို ဆြဲငင္သိမ္းပိုက္သြားသူကေတာ့ ေဆာက္သမ္တန္ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ဝပ္ဒ္ပေရာက္စီျဖစ္ပါတယ္။

ပေရာက္စီဟာ အဖြင့္ဂိုးကိုဖန္တီးေပးခဲ့ၿပီး ဖရီးကစ္ကေန သူ႔ရဲ႕ညာျခမ္းကျဖတ္တင္ေဘာဟာ တိက်ေကာင္းမြန္ လြန္းတာမို႔ ေနာက္ခံလူ ဗက္စ္တာဂတ္ဒ္က လြတ္လြတ္ကြၽတ္ကြၽတ္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းမၿပီးခင္မွာပဲ ေဆာက္သမ္တန္ရဲ႕ေနာက္ထပ္ ၂ဂိုးကို ပေရာက္စီက တစ္ဂိုးနဲ႔တစ္ဂိုး ၁၂မိနစ္သာျခားၿပီး သြင္းယူေပးခဲ့ပါတယ္။ ပေရာက္စီဟာ ၂ဂိုးစလုံးကို တိက်ေသသပ္တဲ့ ဖရီး ကစ္ကန္ခ်က္ေတြနဲ႔သြင္းယူေပးခဲ့တာပါ။

ပေရာက္စီရဲ႕ဖရီးကစ္ကန္ခ်က္ေတြဟာ ရင္သပ္ရႈေမာဖြယ္ လွပေကာင္းမြန္လြန္းတာမို႔ ၁၉၉ဝျပည့္လြန္ႏွစ္ေတြမွာ ယူႏိုက္တက္ရဲ႕ဖရီးကစ္စပယ္ရွယ္လစ္အျဖစ္ေက်ာ္ၾကားခဲ့တဲ့ ေဘာလုံးမင္းသား ေဒးဗစ္ဘက္ခမ္းကို ျပန္ေျပာင္းအမွတ္ရေစခဲ့ပါတယ္။

ဘက္ခမ္းရဲ႕ေလးညႇိဳ႕ကပစ္လႊတ္လိုက္တဲ့ ျမားပမာ ေကြးၫႊတ္ဂိုးထဲဝင္သြားတဲ့ ဖရီးကစ္ကန္ခ်က္မ်ိဳးကို ပရီးမီးယားလိဂ္ပရိသတ္ေတြ မျမင္ရတာၾကာခဲ့ၿပီမဟုတ္လား။

ပရီးမီးယားလိဂ္ဂႏၴဝင္ေတြျဖစ္တဲ့ စီေရာ္နယ္ဒို၊ ဒေရာ့ဘာ၊ ဂါရတ္ေဘးလ္တို႔ဟာလည္း အလြတ္တည္ကန္ေဘာ(ဖရီးကစ္)ကန္ရာမွာ ထက္ျမက္ထူးခြၽန္သူေတြျဖစ္ေပမယ့္ ဘက္ခမ္းေလာက္ေတာ့ ဖရီးကစ္ကန္ရာမွာ နာမည္မႀကီးခဲ့ပါဘူး။ အခုေတာ့ ဘက္ခမ္းရဲ႕ေျခရာကိုနင္းႏိုင္သူအျဖစ္ ပေရာက္စီက သက္ေသျပႏိုင္ခဲ့ပါၿပီ။

ပေရာက္စီဟာဘက္ခမ္းရဲ႕trademark ကန္ခ်က္ျဖစ္တဲ့ ေဘာလုံးရဲ႕လားရာကို ညာကေနဘယ္ေျပာင္းေစၿပီး ခံစစ္လူတံတိုင္းကိုေက်ာ္၊ ၿပိဳင္ဘက္ဂိုးသမားဘယ္လိုမွလိုက္မမီတဲ့ ဂိုးရဲ႕အေပၚေထာင့္ထဲေကြးၫႊတ္တန္းဝင္သြားတဲ့ ကန္ခ်က္မ်ိဳးကို ဗီလာနဲ႔ပြဲမွာ ၂ႀကိမ္တိုင္ကန္သြင္းျပခဲ့တာပါ။

ဒုတိယဖရီးကစ္ဆိုရင္ ဗီလာဂိုးသမား မာတီနက္ဇ္ ဘာမွမတုံ႔ျပန္ႏိုင္ခဲ့ပါဘူး။ ပေရာက္စီဟာ ဂႏၴဝင္ကစားသမားႀကီး လီတစ္စီယာတင္ထားတဲ့ ေဆာက္သမ္တန္အတြက္ တိုက္႐ိုက္ဖရီးကစ္ဂိုးအမ်ားဆုံး(၇ဂိုး)သြင္းယူႏိုင္သူဆိုတဲ့ဂုဏ္ပုဒ္ကိုလည္း တစ္ဂိုးအသာ(၈ဂိုး)နဲ႔ျဖတ္ေက်ာ္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ စပါးကြင္းလယ္လူေဟာင္း အဲရစ္ဆင္(၂၀၁၅ေအာက္တိုဘာ)ေနာက္ပိုင္း ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ပြဲတည္း တိုက္႐ိုက္ဖရီးကစ္ကေန၂ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။ အဲဒီလိုစြမ္းေဆာင္ႏိုင္တာ ၉ဦးသာရွိခဲ့ဖူးတာပါ။