ဘက်ခမ်းနောက်ပိုင်း မန်ယူရဲ့အကောင်းဆုံးဖြတ်တင်သူဖြစ်လာနိုင်တဲ့ တဲလက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲလက်စ်တဲလက်စ်ရဲ့မန်ယူပွဲဦးထွက်ဟာ မျှော်လင့်ထားတာထက်ကို ပိုကောင်းခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့အဲဒီပွဲမှာ သူဟာ ကွင်းထဲ ၆၆ မိနစ်သာရှိခဲ့ပေမယ့် သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့တာပါ။

တဲလက်စ်ဟာ အဲဒီပွဲမှာ အခွင့်အရေး ၃ ကြိမ်ဖန်တီးနိုင်ခဲ့ပြီး ကွင်းထဲက ဘယ်ကစားသမားထက်မဆို ပိုမိုခဲ့ပါတယ်။ အဲဒီထဲက တစ်ခုဆိုရင် open play က ဘယ်ခြေနဲ့ သူ့ရဲ့ဖြတ်တင်ပေးပို့မှုဟာ သိပ်ကိုကောင်းမွန်ခဲ့တာပါ။

ဒါတောင် မန်ယူမှာ ခေါင်းတိုက်ဘောနဲ့ပတ်သက်လို့ အကောင်းဆုံးသူတွေလို့ ဆိုနိုင်တဲ့ ကာဗာနီနဲ့ မက်ဂွိုင်းယားတို့ မပါသေးပါဘူး။ သူတို့နဲ့ တဲလက်စ်ရဲ့ဖြတ်တင်ဘောတွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် မန်ယူအတွက် ဂိုးရဖို့  အခွင့်အရေးပိုများသွားမှာပါ။

အဲဒါဟာ အနည်းဆုံးတော့ မကြာသေးခင်နှစ်တွေအတွင်းမှာ မန်ယူအတွက် အသစ်တစ်ခုလိုပါပဲ။ ဒီအတိုင်းဆို တဲလက်စ်ဟာ ဘက်ခမ်းနောက်ပိုင်း မန်ယူရဲ့အကောင်းဆုံးဖြတ်တင်သူဖြစ်လာနိုင်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၀၃ မှာ ဘက်ခမ်းကို ရီးရဲလ်ထံရောင်းလိုက်ပြီးကတည်းက သူ့လိုဖြတ်တင်အရည်အသွေးရှိတဲ့ကစားသမားတစ်ယောက် လိုအပ်နေခဲ့တာပါ။ စီရော်နယ်ဒိုကျတော့ ဘက်ခမ်းနေရာရောက်လာပေမယ့် ဘက်ခမ်းနဲ့ကွဲပြားခြားနားပြီး တစ်နည်းတစ်ဖုံနဲ့ မန်ယူကို အောင်မြင်မှုတွေများစွာ ရယူပေးခဲ့သူပါ။

စီရော်နယ်ဒိုမရှိတော့ကတည်းက မန်ယူဟာ ဖြတ်တင်ဘောနဲ့ပတ်သက်လို့ ဒုက္ခများခဲ့ရပါတယ်။ ဖာဂူဆန်ခေတ်နောက်ပိုင်း မန်ယူဟာ ဘောလုံးကို ကောင်းကောင်းဖြတ်တင်ပေးနိုင်မယ့်ကစားသမားတစ်ယောက်ရှာဖွေဖို့ ရုန်းကန်ခဲ့ရတာပါ။

ဖာနန်ဒက်စ်ရဲ့ထောင့်ကန်ဘောတွေကတော့ သူ့မတိုင်ခင်ကလူတွေနဲ့ယှဉ်ရင် အများကြီးတိုးတက်မှုရှိလာတာပါ။ သူက အလယ်မှာကစားတဲ့အတွက် ဖြတ်တင်ဘောနဲ့ပတ်သက်လို့ open play ကနေ ဖာနန်ဒက်စ်ရဲ့စစ်မှန်တဲ့အရည်အသွေးကို သိပ်မမြင်ရပါဘူး။ တဲလက်စ်ရဲ့ဖြတ်တင်ဘောတွေကတာ့ ဖာနန်ဒက်စ်ထက်စာရင် ပိုပြီးအန္တာရယ်ပေးနိုင်ပုံပေါက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi







