
ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်ထောက်နည်းပြဟောင်းကားလို့စ်ကွီရော့ဇ်ဟာ
ဒေးဗစ်ဘက်ဟမ်းနဲ့ဖြစ်ပျက်ခဲ့တဲ့နာမည်ကျော်ဖိနပ်ဖြစ်ရပ်နှင့်ပတ်သက်ပြီး
နောက်ကွယ်မှအမှန်တရားကိုဖွင့်ဟပြောကြားလာပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြဟာဒေးဗစ်ဘက်ဟမ်းနှင့်အကြိမ်ကြိမ်
ပြဿနာတက်ခဲ့ဖူးပြီး၂၀၀၃ခုနှစ်၊ဖေဖော်ဝါရီလမှာတော့ အမှတ်ရစရာ
အကောင်းဆုံးရန်ပွဲဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ကို၂-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့
အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အပြီးမှာဖာဂူဆန်ဟာ
စိတ်အသက်မသာဖြစ်နေခဲ့ပါတယ်။
ယင်းပွဲ ဂိုးမရှိသရေကျနေချိန်မှာရိုင်ယန်ဂစ်အပိုင်အခွင့်အရေးဖြုန်းတီးခဲ့
ပါတယ်။ဒါပေမယ့်ဖာဂူဆန်ရဲ့ဒေါသအားလုံးကိုဒေးဗစ်ဘက်ဟမ်းကိုစုပြုံကျခဲ့ပါတယ်။
စကော့တလန်လူမျိုးနည်းပြဟာဘက်ဟမ်းနဲ့အချင်းများပြီးနောက်ဖိနပ်
တစ်ဖက်ကိုကန်လိုက်ရာဘက်ဟမ်းရဲ့မျက်နှာတည့်တည့်သို့ထိမှန်သွားခဲပါတယ်။
ဘက်ဟမ်းဟာမျက်ခုံးမှဒဏ်ရာကိုချုပ်ခဲ့ရပြီးယင်းအဖြစ်အပျက်ဖြစ်တဲ့
နေ့ရက်များတွင်မျက်ခုံးဒဏ်ရာဖြင့်နေခဲ့ရပါတယ်။ဒါပေမဲ့ပေါ်တူဂီ
လူမျိုးနည်းပြကအဖြစ်အပျက်အားလုံးကလူများထင်သကဲ့မဟုတ်ကြောင်း
ဆိုလာပါတယ်။ ၎င်းက “ဒီအဖြစ်အပျက်နောက်ကွယ်ကအမှန်ကိုပြောဖို့
အချိန်ကျလာပြီ။တကယ်လို့တစ်ယောက်ယောက်ကသူ(ဖာဂီ)ဟာ
ဘက်ဟမ်းကိုရည်ရွယ်ပြီးကန်ခဲ့တယ်ဆိုရင်ဆာအဲလက်စ်ရဲ့ဘယ်ခြေက
စစ်မှန်တဲ့အရည်အသွေးရပါမယ်။အဲဒီနေ့တုန်းကကျွန်တော်လည်း
အဝတ်အစားလဲခန်းမှာပါ။ဖိနပ်ကိုကန်လိုက်တာကန်ချက်မကောင်းပါဘူး။
စားပွဲတစ်ခုကိုထိပြီးမှဘက်ဟမ်းဆီသို့ရောက်သွားတာ။
ဆာအဲလက်စ်၊စိတ်မကောင်းပါဘူး။ခင်ဗျားဘယ်ခြေကထင်ထား
သလောက်မကောင်းပါဘူး”လို့ Four Four Two သို့ပြောကြားခဲ့ပါတယ်။
ဘက်ဟမ်းဟာဖိနပ်ထိမှန်ပြီးနောက်အကြီးအကျယ်ဒေါသထွက်ခဲ့ပြီး
ကစားဖော်များဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်းသတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ကွီရော့ဇ်ကတော့ကျောနံပါတ်၇ကစားသမားကိုတမင်ရည်ရွယ်ပြီး
လုပ်ခဲ့တယ်လို့မထင်ပါဘူး။ ယင်းရာသီအပြီးမှာတော့ဆာအဲလက်စ်ဖာဂူဆန်ဟာ
ဘက်ဟမ်းကိုရီးရဲလ်မက်ဒရစ်သို့ပေါင်သန်း၃၀ဖြင့်ရောင်းချခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာဘက်ဟမ်းကိုရောင်းချလို့ရတဲ့ငွေမှတချို့ကို
ခရစ္စတီယာနိုရော်နယ်ဒိုအားဝယ်ယူကာကမ္ဘာ့အကောင်းဆုံးကစားသမား
တစ်ဦးဖြစ်အောင်မြေတောင်မြှောက်ပေးခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ကတော့သူ့ရဲ့ကိုယ်ရေးအတ္ထုပတ္တိစာအုပ်တွင်
ကလပ်ထက်အရေးပါတဲ့သူလို့ဒေးဗစ်ဘက်ဟမ်းကကိုယ့်ကိုယ်ကို
ယူဆနေခြင်းကြောင့်ရောင်းချရန်ဘုတ်အဖွဲ့ကိုပြောကြားခဲ့ကြောင်းဆိုခဲ့ပါတယ်။
Zawgyi
ဘက္ခမ္း / ဖာဂူဆန္နဲ႔ မ်က္ခုံးကိုဖိနပ္မွန္တဲ့ကိစၥ တစ္စခန္းထလာ
ဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေထာက္နည္းျပေဟာင္းကားလို႔စ္ကြီေရာ့ဇ္ဟာ
ေဒးဗစ္ဘက္ဟမ္းနဲ႔ျဖစ္ပ်က္ခဲ့တဲ့နာမည္ေက်ာ္ဖိနပ္ျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး
ေနာက္ကြယ္မွအမွန္တရားကိုဖြင့္ဟေျပာၾကားလာပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္နည္းျပဟာေဒးဗစ္ဘက္ဟမ္းႏွင့္အႀကိမ္ႀကိမ္
ျပႆနာတက္ခဲ့ဖူးၿပီး၂၀၀၃ခုႏွစ္၊ေဖေဖာ္ဝါရီလမွာေတာ့ အမွတ္ရစရာ
အေကာင္းဆုံးရန္ပြဲျဖစ္ခဲ့ပါတယ္။ အာဆင္နယ္ကို၂-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့
အက္ဖ္ေအဖလားပၪၥမအဆင့္ပြဲစဥ္အၿပီးမွာဖာဂူဆန္ဟာ
စိတ္အသက္မသာျဖစ္ေနခဲ့ပါတယ္။
ယင္းပြဲ ဂိုးမရွိသေရက်ေနခ်ိန္မွာ႐ိုင္ယန္ဂစ္အပိုင္အခြင့္အေရးျဖဳန္းတီးခဲ့
ပါတယ္။ဒါေပမယ့္ဖာဂူဆန္ရဲ႕ေဒါသအားလုံးကိုေဒးဗစ္ဘက္ဟမ္းကိုစုၿပဳံက်ခဲ့ပါတယ္။
စေကာ့တလန္လူမ်ိဳးနည္းျပဟာဘက္ဟမ္းနဲ႔အခ်င္းမ်ားၿပီးေနာက္ဖိနပ္
တစ္ဖက္ကိုကန္လိုက္ရာဘက္ဟမ္းရဲ႕မ်က္ႏွာတည့္တည့္သို႔ထိမွန္သြားခဲပါတယ္။
ဘက္ဟမ္းဟာမ်က္ခုံးမွဒဏ္ရာကိုခ်ဳပ္ခဲ့ရၿပီးယင္းအျဖစ္အပ်က္ျဖစ္တဲ့
ေန႔ရက္မ်ားတြင္မ်က္ခုံးဒဏ္ရာျဖင့္ေနခဲ့ရပါတယ္။ဒါေပမဲ့ေပၚတူဂီ
လူမ်ိဳးနည္းျပကအျဖစ္အပ်က္အားလုံးကလူမ်ားထင္သကဲ့မဟုတ္ေၾကာင္း
ဆိုလာပါတယ္။ ၎က “ဒီအျဖစ္အပ်က္ေနာက္ကြယ္ကအမွန္ကိုေျပာဖို႔
အခ်ိန္က်လာၿပီ။တကယ္လို႔တစ္ေယာက္ေယာက္ကသူ(ဖာဂီ)ဟာ
ဘက္ဟမ္းကိုရည္႐ြယ္ၿပီးကန္ခဲ့တယ္ဆိုရင္ဆာအဲလက္စ္ရဲ႕ဘယ္ေျခက
စစ္မွန္တဲ့အရည္အေသြးရပါမယ္။အဲဒီေန႔တုန္းကကြၽန္ေတာ္လည္း
အဝတ္အစားလဲခန္းမွာပါ။ဖိနပ္ကိုကန္လိုက္တာကန္ခ်က္မေကာင္းပါဘူး။
စားပြဲတစ္ခုကိုထိၿပီးမွဘက္ဟမ္းဆီသို႔ေရာက္သြားတာ။
ဆာအဲလက္စ္၊စိတ္မေကာင္းပါဘူး။ခင္ဗ်ားဘယ္ေျခကထင္ထား
သေလာက္မေကာင္းပါဘူး”လို႔ Four Four Two သို႔ေျပာၾကားခဲ့ပါတယ္။
ဘက္ဟမ္းဟာဖိနပ္ထိမွန္ၿပီးေနာက္အႀကီးအက်ယ္ေဒါသထြက္ခဲ့ၿပီး
ကစားေဖာ္မ်ားဝင္ေရာက္ထိန္းသိမ္းခဲ့ရေၾကာင္းသတင္းထြက္ခဲ့ပါတယ္။
ဒါေပမဲ့ကြီေရာ့ဇ္ကေတာ့ေက်ာနံပါတ္၇ကစားသမားကိုတမင္ရည္႐ြယ္ၿပီး
လုပ္ခဲ့တယ္လို႔မထင္ပါဘူး။ ယင္းရာသီအၿပီးမွာေတာ့ဆာအဲလက္စ္ဖာဂူဆန္ဟာ
ဘက္ဟမ္းကိုရီးရဲလ္မက္ဒရစ္သို႔ေပါင္သန္း၃၀ျဖင့္ေရာင္းခ်ခဲ့ပါတယ္။
ဆာအဲလက္စ္ဖာဂူဆန္ဟာဘက္ဟမ္းကိုေရာင္းခ်လို႔ရတဲ့ေငြမွတခ်ိဳ႕ကို
ခရစၥတီယာႏိုေရာ္နယ္ဒိုအားဝယ္ယူကာကမာၻ႔အေကာင္းဆုံးကစားသမား
တစ္ဦးျဖစ္ေအာင္ေျမေတာင္ေျမႇာက္ေပးခဲ့ပါတယ္။
ဆာအဲလက္စ္ဖာဂူဆန္ကေတာ့သူ႔ရဲ႕ကိုယ္ေရးအတၳဳပတၱိစာအုပ္တြင္
ကလပ္ထက္အေရးပါတဲ့သူလို႔ေဒးဗစ္ဘက္ဟမ္းကကိုယ့္ကိုယ္ကို
ယူဆေနျခင္းေၾကာင့္ေရာင္းခ်ရန္ဘုတ္အဖြဲ႕ကိုေျပာၾကားခဲ့ေၾကာင္းဆိုခဲ့ပါတယ္။