
ကိုင်လီယန်ဘက်ပေးဟာရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီရဲ့
လက်အောက်တွင်ကစားလိုခြင်းမရှိဘဲဂျာဂင်ကလော့ပ်ရဲ့လက်အောက်တွင်သာ
ကစားလိုလျက်ရှိကြောင်းသိရပါတယ်။ ဘက်ပေးဟာနွေရာသီတုန်းက
ရီးရဲလ်မက်ဒရစ်သို့ပြောင်းရန်ကြိုးပမ်းခဲ့သူဖြစ်ပြီးပီအက်စ်ဂျီရဲ့စာချုပ်သစ်
ချုပ်ကမ်းလှမ်းမှုကိုပယ်ချခဲ့သူဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကဘက်ပေးကိုခေါ်ယူရန်သုံးကြိမ်တိုင်တိုင်
ကမ်းလှမ်းခဲ့တယ်လို့ယူဆရပြီးအမြင့်ဆုံးကမ်းလှမ်းမှုအဖြစ်ယူရိုသန်း၂၀၀ဖြင့်
ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီဟာသူတို့ရဲ့ကျောနံပါတ်၇
ကစားသမားကိုရောင်းချရန်ငြင်းပယ်ခဲ့ပါတယ်။
ဘက်ပေးဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်း
ကုန်ဆုံးမည်ဖြစ်ပြီးဇန်နဝါရီမှစတင်ကာနိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။
လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်ကဘက်ပေးကိုခေါ်ယူနိုင်ရန်ထိပ်ဆုံးက
ရေပန်းစားနေပါတယ်။ဒါပေမယ့် El National ကအသက်၂၂နှစ်ရှိ
ပြင်သစ်စူပါစတားဟာအန်ဆယ်လော့တီရဲ့လက်အောက်တွင်ကစားလိုခြင်းမရှိကြောင်းသိရပါတယ်။
ဝါရင့်အီတလီလူမျိုးနည်းပြဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်သို့
ဒုတိယအကြိမ်မြောက်ပြန်ရောက်လာသူဖြစ်ပြီးလာလီဂါ၁၂ပွဲတွင်၈ပွဲအနိုင်ရရှိထားကာ
လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။
ဒါပေမယ့်ဘက်ပေးဟာဇီဒန်းရဲ့နေရာတွင်အန်ဆယ်လော့တီအားခန့်အပ်မှုအပေါ်
စိတ်ပျက်နေပြီးနွေရာသီတွင်နည်းပြအပြောင်းအလဲဖြစ်လာရန်မျှော်လင့်နေပါတယ်။
သူဟာလီဗာပူးနည်းပြဂျာဂင်ကလော့ပ်လက်အောက်တွင်သာကစားလိုနေပါတယ်။
ဘက်ပေးကကလော့ပ်ရဲ့ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်ကြောင့်
သူ့အတွက်နေရာလွတ်ပိုမိုရရှိကာခြေစွမ်းပိုပြနိုင်မယ်လို့ယုံကြည်နေပါတယ်။
ဒါပေမယ့်ကလော့ပ်ဟာလီဗာပူးနှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီး
ယင်းကာလမတိုင်မီအန်ဖီးလ်မှထွက်ခွာမယ့်အစီအစဉ်မရှိပါဘူး။
ကလော့ပ်ဟာမိန့်ဇ်နှင့်ဒေါ့မွန်တို့ကိုကိုင်တွယ်စဉ်တုန်းကလည်း
စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
ဘက်ပေးဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်သို့ပြောင်းရန်ကြိုးပမ်းမှု
မအောင်မြင်ခဲ့ပေမယ့်ယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်မှာ
၁၆ပွဲကစားထားရာမှာ၇ဂိုးသွင်းထားပါတယ်။
zawgyi
ဘက္ေပးဟာ အန္ဆယ္ေလာ့တီရဲ႕ လက္ေအာက္တြင္ကစားလိုျခင္းမရွိဘဲဂ်ာဂင္ကေလာ့ပ္ရဲ႕လက္ေအာက္တြင္သာ ကစားလိုလ်က္ရွိ
ကိုင္လီယန္ဘက္ေပးဟာရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီရဲ႕
လက္ေအာက္တြင္ကစားလိုျခင္းမရွိဘဲဂ်ာဂင္ကေလာ့ပ္ရဲ႕လက္ေအာက္တြင္သာ
ကစားလိုလ်က္ရွိေၾကာင္းသိရပါတယ္။ ဘက္ေပးဟာေႏြရာသီတုန္းက
ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္ႀကိဳးပမ္းခဲ့သူျဖစ္ၿပီးပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္သစ္
ခ်ဳပ္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့သူျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကဘက္ေပးကိုေခၚယူရန္သုံးႀကိမ္တိုင္တိုင္
ကမ္းလွမ္းခဲ့တယ္လို႔ယူဆရၿပီးအျမင့္ဆုံးကမ္းလွမ္းမႈအျဖစ္ယူ႐ိုသန္း၂၀၀ျဖင့္
ကမ္းလွမ္းခဲ့ပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီဟာသူတို႔ရဲ႕ေက်ာနံပါတ္၇
ကစားသမားကိုေရာင္းခ်ရန္ျငင္းပယ္ခဲ့ပါတယ္။
ဘက္ေပးဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္း
ကုန္ဆုံးမည္ျဖစ္ၿပီးဇန္နဝါရီမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။
လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ကဘက္ေပးကိုေခၚယူႏိုင္ရန္ထိပ္ဆုံးက
ေရပန္းစားေနပါတယ္။ဒါေပမယ့္ El National ကအသက္၂၂ႏွစ္ရွိ
ျပင္သစ္စူပါစတားဟာအန္ဆယ္ေလာ့တီရဲ႕လက္ေအာက္တြင္ကစားလိုျခင္းမရွိေၾကာင္းသိရပါတယ္။
ဝါရင့္အီတလီလူမ်ိဳးနည္းျပဟာေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္သို႔
ဒုတိယအႀကိမ္ေျမာက္ျပန္ေရာက္လာသူျဖစ္ၿပီးလာလီဂါ၁၂ပြဲတြင္၈ပြဲအႏိုင္ရရွိထားကာ
လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနပါတယ္။
ဒါေပမယ့္ဘက္ေပးဟာဇီဒန္းရဲ႕ေနရာတြင္အန္ဆယ္ေလာ့တီအားခန႔္အပ္မႈအေပၚ
စိတ္ပ်က္ေနၿပီးေႏြရာသီတြင္နည္းျပအေျပာင္းအလဲျဖစ္လာရန္ေမွ်ာ္လင့္ေနပါတယ္။
သူဟာလီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္လက္ေအာက္တြင္သာကစားလိုေနပါတယ္။
ဘက္ေပးကကေလာ့ပ္ရဲ႕ေဘာလုံးပိုင္ဆိုင္မႈအသားေပးကစားဟန္ေၾကာင့္
သူ႔အတြက္ေနရာလြတ္ပိုမိုရရွိကာေျခစြမ္းပိုျပႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။
ဒါေပမယ့္ကေလာ့ပ္ဟာလီဗာပူးႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး
ယင္းကာလမတိုင္မီအန္ဖီးလ္မွထြက္ခြာမယ့္အစီအစဥ္မရွိပါဘူး။
ကေလာ့ပ္ဟာမိန႔္ဇ္ႏွင့္ေဒါ့မြန္တို႔ကိုကိုင္တြယ္စဥ္တုန္းကလည္း
စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။
ဘက္ေပးဟာေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္ႀကိဳးပမ္းမႈ
မေအာင္ျမင္ခဲ့ေပမယ့္ယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ
၁၆ပြဲကစားထားရာမွာ၇ဂိုးသြင္းထားပါတယ္။