ဘက်ပေ၊ ပေါ့ဘာနှင့် အန်တိုနီယိုရူဒီဂါတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် တပြိုင်တည်းခေါ်ဖို့ စိုင်းပြင်းနေတဲ့ မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ

ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားသုံးဦးကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်

ခေါ်ယူဖို့စိုင်းပြင်းလုပ်ဆောင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ

ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေး၊မန်ယူစတားပေါလ်ပေါ့ဘာနှင့်

ချဲလ်ဆီးစတားအန်တိုနီယိုရူဒီဂါတို့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စီစဉ်နေပါတယ်။

ကိုင်လီယန်ဘက်ပေးဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်ရဲ့အကြိမ်ကြိမ်

ကမ်းလှမ်းမှုရရှိခဲ့ပေမယ့်ပီအက်စ်ဂျီသို့ပယ်ချမှုကြောင့်အသင်း

မပြောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။သူဟာယခုရာသီအကုန်မှာပီအက်စ်ဂျီနှင့်

စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘဲထွက်ခွာမယ်လို့

တရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကလာမယ့်ဇန်နဝါရီတွင်

ဘက်ပေးကိုအကြိုစာချုပ်ချုပ်ဆိုနိုင်ရေးကြိုးစားသွားမယ်လို့တရားဝင်

ထုတ်ဖော်ပြောကြားထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ပေးအပြင်

သူ့ရဲ့ပြင်သစ်လက်ရွေးစင်ကစားဖော်ပေါ့ဘာကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်

ခေါ်ယူရန်မျှော်လင့်နေပါတယ်။ပေါ့ဘာဟာရီးရဲလ်မက်ဒရစ်ရဲ့ကာလရှည်ကြာ

ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပါတယ်။ပေါ့ဘာဟာလည်းယခုရာသီအကုန်တွင်မန်

ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

နွေရာသီတုန်းကမန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့ပေါ့ဘာဟာ

အစောပိုင်းတုန်းကမန်ယူတွင်မပျော်ပေမယ့်ယခုအခါမန်ယူတွင်ပျော်ရွှင်နေပြီး

ခရစ္စမတ်မတိုင်မီစာချုပ်သစ်ချုပ်ဆိုမယ်လို့သတင်းထွက်နေပါတယ်။

မန်ယူဟာဗာရိန်းနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ရှိနေမှုကြောင့်ပေါ့ဘာကို

အသင်းတွင်ဆက်ကစားရန်ဆွဲဆောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။

တစ်ဖက်တွင်ရီးရဲလ်မက်ဒရစ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့

ဈေးကွက်တွင်ချဲလ်ဆီးဗဟိုနောက်ခံလူရူဒီဂါကိုလည်းအကြိုစာချုပ်

ချုပ်ဆိုနိုင်ရေးအတွက်ဆွေးနွေးမှုပြုလုပ်မယ်လို့သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကထွက်ခွာသွားတဲ့ဗာရိန်းနှင့်ရာမို့စ်နေရာတွင်

ဘိုင်ယန်မြူးနစ်နောက်ခံလူအလာဘာတစ်ဦးတည်းဖြင့်သာအစားထိုးရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ကရူဒီဂါကိုအလာဘာနှင့်တွဲဖက်လိုက်ပါကပြီးပြည့်စုံတဲ့

ခံစစ်ပိုင်ဆိုင်လာမယ်လို့ယုံကြည်နေပါတယ်။

ရူဒီဂါဟာလည်းယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်း

ကုန်ဆုံးမည်ဖြစ်ပြီး ချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလား၊ယူရိုပါလိဂ်ဖလား၊

ဥရောပစူပါဖလားတို့ဆွတ်ခူးထားတဲ့သူဖြစ်ပါတယ်။သူဟာယခုရာသီတွင်

ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်၇ပွဲလုံးကိုပွဲချိန်ပြည့်ကစားထားသူလည်းဖြစ်ပါတယ်။

zawgyi

ဘက္ေပ၊ ေပါ့ဘာႏွင့္ အန္တိုနီယို႐ူဒီဂါတို႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ တၿပိဳင္တည္းေခၚဖို႔ စိုင္းျပင္းေနတဲ့ မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ

ကမာၻ႔အဆင့္ထိပ္တန္းကစားသမားသုံးဦးကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္

ေခၚယူဖို႔စိုင္းျပင္းလုပ္ေဆာင္ေနပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ

ပီအက္စ္ဂ်ီစတားကိုင္လီယန္ဘက္ေပး၊မန္ယူစတားေပါလ္ေပါ့ဘာႏွင့္

ခ်ဲလ္ဆီးစတားအန္တိုနီယို႐ူဒီဂါတို႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္စီစဥ္ေနပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္ရဲ႕အႀကိမ္ႀကိမ္

ကမ္းလွမ္းမႈရရွိခဲ့ေပမယ့္ပီအက္စ္ဂ်ီသို႔ပယ္ခ်မႈေၾကာင့္အသင္

းမေျပာင္းျဖစ္ခဲ့တာျဖစ္ပါတယ္။သူဟာယခုရာသီအကုန္မွာပီအက္စ္ဂ်ီႏွင့္

စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာမဟုတ္ဘဲထြက္ခြာမယ္လို႔

တရားဝင္ေျပာၾကားထားၿပီးျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ကလာမယ့္ဇန္နဝါရီတြင္

ဘက္ေပးကိုအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးႀကိဳးစားသြားမယ္လို႔တရားဝင္

ထုတ္ေဖာ္ေျပာၾကားထားပါတယ္။ ရီးရဲလ္မက္ဒရစ္ဘက္ေပးအျပင္

သူ႔ရဲ႕ျပင္သစ္လက္ေ႐ြးစင္ကစားေဖာ္ေပါ့ဘာကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္

ေခၚယူရန္ေမွ်ာ္လင့္ေနပါတယ္။ေပါ့ဘာဟာရီးရဲလ္မက္ဒရစ္ရဲ႕ကာလရွည္ၾကာ

ပစ္မွတ္ထားျခင္းခံလာခဲ့ရသူျဖစ္ပါတယ္။ေပါ့ဘာဟာလည္းယခုရာသီအကုန္တြင္မန္

ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။

ေႏြရာသီတုန္းကမန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့တဲ့ေပါ့ဘာဟာ

အေစာပိုင္းတုန္းကမန္ယူတြင္မေပ်ာ္ေပမယ့္ယခုအခါမန္ယူတြင္ေပ်ာ္႐ႊင္ေနၿပီ

းခရစၥမတ္မတိုင္မီစာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္လို႔သတင္းထြက္ေနပါတယ္။

မန္ယူဟာဗာရိန္းႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ရွိေနမႈေၾကာင့္ေပါ့ဘာကို

အသင္းတြင္ဆက္ကစားရန္ဆြဲေဆာင္ႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။

တစ္ဖက္တြင္ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ေဈးကြက္တြင္ခ်ဲလ္ဆီးဗဟိုေနာက္ခံလူ႐ူဒီဂါကိုလည္းအႀကိဳစာခ်ဳပ္

ခ်ဳပ္ဆိုႏိုင္ေရးအတြက္ေဆြးေႏြးမႈျပဳလုပ္မယ္လို႔သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကထြက္ခြာသြားတဲ့ဗာရိန္းႏွင့္ရာမို႔စ္ေနရာတြင္

ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူအလာဘာတစ္ဦးတည္းျဖင့္သာအစားထိုးရေသးပါဘူး။

ရီးရဲလ္မက္ဒရစ္က႐ူဒီဂါကိုအလာဘာႏွင့္တြဲဖက္လိုက္ပါကၿပီးျပည့္စုံတဲ့

ခံစစ္ပိုင္ဆိုင္လာမယ္လို႔ယုံၾကည္ေနပါတယ္။

႐ူဒီဂါဟာလည္းယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္း

ကုန္ဆုံးမည္ျဖစ္ၿပီး ခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ယူ႐ိုပါလိဂ္ဖလား၊

ဥေရာပစူပါဖလားတို႔ဆြတ္ခူးထားတဲ့သူျဖစ္ပါတယ္။သူဟာယခုရာသီတြင္

ခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္၇ပြဲလုံးကိုပြဲခ်ိန္ျပည့္ကစားထားသူလည္းျဖစ္ပါတယ္။