
ရိုမီယိုဘက်ဟမ်းဟာ Puma နှင့်ချုပ်ဆိုလိုက်တဲ့စပွန်ဆာစာချုပ်ကြောင့်
ပေါင်၁.၂သန်းအထိအကျိုးခံစားခွင့်ရရှိလာတော့မှာဖြစ်ပါတယ်။
ဆယ်ကျော်သက်ကစားသမားလေးဟာဖခင်ဖြစ်သူရဲ့ခြေရာနင်းကို
ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားတစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။
သူဟာ ဖခင်ဖြစ်သူရဲ့ကွင်းတွင်းအောင်မြင်မှုကိုလိုက်မမီနိုင်တော့ပေမယ့်
ကွင်းပြင်ပမှာတော့ဖခင်ဖြစ်သူရဲ့အစွမ်းအစကို လိုက်မီလာနိုင်မလား
စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။အသက်၁၉နှစ်ရှိရိုမီယိုဟာ
ယခုအခါမှာတော့ဒေးဗစ်ဘက်ဟမ်းရဲ့သားသမီးလေးဦးထဲမှာ
အချမ်းသာဆုံးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ရိုမီယိုဘက်ဟမ်းဟာ Puma နှင့်ချုပ်ဆိုလိုက်တဲ့စပွန်ဆာစာချုပ်ကြောင့်
ပေါင်၁.၂သန်းအထိရရှိလာမှာဖြစ်ပါတယ်။
အမည်မဖော်လိုသူတစ်ဦးက “ရိုမီယိုဟာ Puma ရဲ့
ဂလိုဘယ်မျက်နှာသစ်ဖြစ်လာမှုအတွက် ပေါင်၁.၂သန်းရရှိပါမယ်။
အခုဆိုရင်သူဟာဘက်ဟမ်းရဲ့သားသမီးတွေထဲမှာအချမ်းသာဆုံးဖြစ်သွားပါပြီ။
သူ့အဖေလိုဘဲကြယ်ပွင့်တစ်ဦးအလျှင်အမြန်ဖြစ်လာဖို့လမ်းကြောင်းပေါ်မှာရှိနေပါပြီ။
ရိုမီယိုကအလုပ်လည်းကြိုးစားတယ်။ပြီးတော့ Fort Lauderdale CF မှာ
ကစားနေရင်း အောင်မြင်မှုရဖို့လည်းတွန်းလုပ်နေတယ်။
ကြော်ငြာရှင်တွေအကြားမှာလည်းနာမည်တခုရရှိထားပြီးသားဖြစ်ပါတယ်။
သူ့အဖေဒေးဗစ်ဆိုရင် Adidas နဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်တောင်လက်တွဲခဲ့တယ်။
ရိုမီယိုလည်းဒီလိုပဲ Puma နဲ့လက်တွဲလာပါလိမ့်မယ်။သူကငယ်ရွယ်တယ်။
ဒီတော့ Puma ကရှာဖွေနေတဲ့ပစ်မှတ်နဲ့လည်းကိုက်တယ်။
ဒါကရိုမီယိုရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝသစ်မှာပထမဆုံးကြီးမားတဲ့
ကော်မရှင်စာချုပ်ပါ”လို့ပြောကြားသွားပါတယ်။ဒါ့အပြင် ဒီဇိုင်နာဘရန်းတစ်ခုဖြစ်တဲ့
Yves Saint Laurent ကလည်း နွေရာသီတုန်းက ရိုမီယိုနှင့်လက်တွဲခဲ့ပြီးနောက်
နောင်တွင်လည်း ဆက်လက်လက်တွဲမှုပြုလုပ်ရန်စီစဉ်နေပါတယ်။
ရိုမီယိုကယူနိုက်တက်နှင့်အင်္ဂလန်ကြယ်ပွင့်ဟောင်းဒေးဗစ်ဘက်ဟမ်းရဲ့
သားသမီးလေးဦးထဲမှာဒုတိယမြောက်သားဖြစ်ပါတယ်။
သူဟာဖခင်ဒေးဗစ်ဘက်ဟမ်းအခြေကျရာဗြိတိန်နှင့်အမေရိကန်ဘောလုံးလောက
နှစ်ခုလုံးတွင်ကျင်လည်လာသူလည်းဖြစ်ပါတယ်။
သူ့အစ်ကိုဖြစ်တဲ့အသက်၂၂နှစ်ရှိဘရွတ်ကလင်းဟာလည်း
အမေရိကန်တွင်နေထိုင်နေပြီး ချစ်သူ မော်ဒယ်နီကိုလာပတ်ဇ်နဲ့အတူ
အွန်လိုင်းဟင်းချက်ပြုတ်တဲ့အစီအစဉ်ကိုထုတ်လွှင့်ပြသနေပါတယ်။
အသက်၁၆နှစ်ရှိခရုဇ်နှင့်အသက်၁၀နှစ်ရှိဟာပါတို့ကတော့
ကျောင်းတက်နေကြတုန်း ဖြစ်ပါတယ်။
ရိုမီယိုဟာစက်တင်ဘာလတုန်းက ဖခင်ဒေးဗစ်ဘက်ဟမ်းပူးပေါင်းပိုင်ဆိုင်တဲ့
အင်တာမီယာမီရဲ့အရန်အသင်းဖြစ်တဲ့ Fort Lauderdale CF နှင့်
ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီးပွဲအချို့ကစားခဲ့ရပြီးဖြစ်ပါတယ်။
သူဟာ၂၀၁၁ခုနှစ်ကတည်းကဖက်ရှင်လောကထဲသို့ဝင်ရောက်ခဲ့သူဖြစ်ပြီး
အသက်၈နှစ်အရွယ်တွင်ဗြိတိန်ရဲ့စတိုင်အကျဆုံးဝတ်ဆင်နိုင်သူ
အမျိုးသားစာရင်းမှာအဆင့်၂၆ ချိတ်ခဲ့ပါတယ်။ယင်းနောက်၂နှစ်အကြာတွင်
သူဟာ Burberry နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီး Canada Goose နှင့်
L’Uomo Vogue တို့အတွက်လည်းမော်ဒယ်လုပ်ခဲ့ဖူးပါတယ်။
zawgyi
ဘက္ဟမ္းရဲ႕သားသမီးမ်ားထဲတြင္ အခ်မ္းသာဆုံးျဖစ္တဲ့ ႐ိုမီယို
႐ိုမီယိုဘက္ဟမ္းဟာ Puma ႏွင့္ခ်ဳပ္ဆိုလိုက္တဲ့စပြန္ဆာစာခ်ဳပ္ေၾကာင့္
ေပါင္၁.၂သန္းအထိအက်ိဳးခံစားခြင့္ရရွိလာေတာ့မွာျဖစ္ပါတယ္။
ဆယ္ေက်ာ္သက္ကစားသမားေလးဟာဖခင္ျဖစ္သူရဲ႕ေျခရာနင္းကို
ပေရာ္ဖက္ရွင္နယ္ေဘာလုံးကစားသမားတစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။
သူဟာ ဖခင္ျဖစ္သူရဲ႕ကြင္းတြင္းေအာင္ျမင္မႈကိုလိုက္မမီႏိုင္ေတာ့ေပမယ့္
ကြင္းျပင္ပမွာေတာ့ဖခင္ျဖစ္သူရဲ႕အစြမ္းအစကို လိုက္မီလာႏိုင္မလား
ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။အသက္၁၉ႏွစ္ရွိ႐ိုမီယိုဟာ
ယခုအခါမွာေတာ့ေဒးဗစ္ဘက္ဟမ္းရဲ႕သားသမီးေလးဦးထဲမွာ
အခ်မ္းသာဆုံးျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
႐ိုမီယိုဘက္ဟမ္းဟာ Puma ႏွင့္ခ်ဳပ္ဆိုလိုက္တဲ့စပြန္ဆာစာခ်ဳပ္ေၾကာင့္
ေပါင္၁.၂သန္းအထိရရွိလာမွာျဖစ္ပါတယ္။
အမည္မေဖာ္လိုသူတစ္ဦးက “႐ိုမီယိုဟာ Puma ရဲ႕
ဂလိုဘယ္မ်က္ႏွာသစ္ျဖစ္လာမႈအတြက္ ေပါင္၁.၂သန္းရရွိပါမယ္။
အခုဆိုရင္သူဟာဘက္ဟမ္းရဲ႕သားသမီးေတြထဲမွာအခ်မ္းသာဆုံးျဖစ္သြားပါၿပီ။
သူ႔အေဖလိုဘဲၾကယ္ပြင့္တစ္ဦးအလွ်င္အျမန္ျဖစ္လာဖို႔လမ္းေၾကာင္းေပၚမွာရွိေနပါၿပီ။
႐ိုမီယိုကအလုပ္လည္းႀကိဳးစားတယ္။ၿပီးေတာ့ Fort Lauderdale CF မွာ
ကစားေနရင္း ေအာင္ျမင္မႈရဖို႔လည္းတြန္းလုပ္ေနတယ္။
ေၾကာ္ျငာရွင္ေတြအၾကားမွာလည္းနာမည္တခုရရွိထားၿပီးသားျဖစ္ပါတယ္။
သူ႔အေဖေဒးဗစ္ဆိုရင္ Adidas နဲ႔ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ေတာင္လက္တြဲခဲ့တယ္။
႐ိုမီယိုလည္းဒီလိုပဲ Puma နဲ႔လက္တြဲလာပါလိမ့္မယ္။သူကငယ္႐ြယ္တယ္။
ဒီေတာ့ Puma ကရွာေဖြေနတဲ့ပစ္မွတ္နဲ႔လည္းကိုက္တယ္။
ဒါက႐ိုမီယိုရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝသစ္မွာပထမဆုံးႀကီးမားတဲ့
ေကာ္မရွင္စာခ်ဳပ္ပါ”လို႔ေျပာၾကားသြားပါတယ္။ဒါ့အျပင္ ဒီဇိုင္နာဘရန္းတစ္ခုျဖစ္တဲ့
Yves Saint Laurent ကလည္း ေႏြရာသီတုန္းက ႐ိုမီယိုႏွင့္လက္တြဲခဲ့ၿပီးေနာက္
ေနာင္တြင္လည္း ဆက္လက္လက္တြဲမႈျပဳလုပ္ရန္စီစဥ္ေနပါတယ္။
႐ိုမီယိုကယူႏိုက္တက္ႏွင့္အဂၤလန္ၾကယ္ပြင့္ေဟာင္းေဒးဗစ္ဘက္ဟမ္းရဲ႕
သားသမီးေလးဦးထဲမွာဒုတိယေျမာက္သားျဖစ္ပါတယ္။
သူဟာဖခင္ေဒးဗစ္ဘက္ဟမ္းအေျခက်ရာၿဗိတိန္ႏွင့္အေမရိကန္ေဘာလုံးေလာက
ႏွစ္ခုလုံးတြင္က်င္လည္လာသူလည္းျဖစ္ပါတယ္။
သူ႔အစ္ကိုျဖစ္တဲ့အသက္၂၂ႏွစ္ရွိဘ႐ြတ္ကလင္းဟာလည္း
အေမရိကန္တြင္ေနထိုင္ေနၿပီး ခ်စ္သူ ေမာ္ဒယ္နီကိုလာပတ္ဇ္နဲ႔အတူ
အြန္လိုင္းဟင္းခ်က္ျပဳတ္တဲ့အစီအစဥ္ကိုထုတ္လႊင့္ျပသေနပါတယ္။
အသက္၁၆ႏွစ္ရွိခ႐ုဇ္ႏွင့္အသက္၁၀ႏွစ္ရွိဟာပါတို႔ကေတာ့
ေက်ာင္းတက္ေနၾကတုန္း ျဖစ္ပါတယ္။
႐ိုမီယိုဟာစက္တင္ဘာလတုန္းက ဖခင္ေဒးဗစ္ဘက္ဟမ္းပူးေပါင္းပိုင္ဆိုင္တဲ့
အင္တာမီယာမီရဲ႕အရန္အသင္းျဖစ္တဲ့ Fort Lauderdale CF ႏွင့္
ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီးပြဲအခ်ိဳ႕ကစားခဲ့ရၿပီးျဖစ္ပါတယ္။
သူဟာ၂၀၁၁ခုႏွစ္ကတည္းကဖက္ရွင္ေလာကထဲသို႔ဝင္ေရာက္ခဲ့သူျဖစ္ၿပီး
အသက္၈ႏွစ္အ႐ြယ္တြင္ၿဗိတိန္ရဲ႕စတိုင္အက်ဆုံးဝတ္ဆင္ႏိုင္သူ
အမ်ိဳးသားစာရင္းမွာအဆင့္၂၆ ခ်ိတ္ခဲ့ပါတယ္။ယင္းေနာက္၂ႏွစ္အၾကာတြင္
သူဟာ Burberry ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး Canada Goose ႏွင့္
L’Uomo Vogue တို႔အတြက္လည္းေမာ္ဒယ္လုပ္ခဲ့ဖူးပါတယ္။