ဘင်ဖီကာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်ခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ်


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်လူငယ်ကစားသမားဟောင်း အိန်ဂျယ်ဂိုးမက်စ်ဟာ ပြီးခဲ့တဲ့ညက ဘင်ဖီကာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘိုအာဗစ်စတာအသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်စီနီယာအသင်းအတွက် ၁၀ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ဂိုးမက်စ်ဟာ နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၀ အရွယ်ကစားသမားဟာ လိုင်လီအသင်းထံ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ချက်ချင်းဆိုသလို ဘိုအာဗစ်စတာအသင်းထံအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂိုးမက်စ်ဟာ ပေါ်တူဂီမြေမှာ ရင်းနှီးပြီးသားဖြစ်တာကြောင့် အလျင်အမြန်ပဲအထိုင်ကျခဲ့ပါတယ်။


တနင်္ဂနွေနေ့ညနေခင်းမှာတော့ ဂိုးမက်စ်က ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော် အဲလ်ဘက်အဲလစ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုအာဗစ်စတာအတွက် အနိုင်သေချာစေမယ့်ဂိုးကို ဒုတိယပိုင်းမှာ ယာနစ်ဟာမာချီက သွင်းယူပေးခဲ့ပြီး ဒီရာသီဘင်ဖီကာကို ပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။


ဂိုးမက်စ်ဟာ ဘိုအာဗစ်စတာအတွက် ပထမ ၄ ပွဲမှာ ၂ ဂိုးသွင်း ၄ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်လူငယ်ကစားသမားလေးဟာ ပထမဆုံးပွဲဦးထွက်မှာပဲ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဂိုးမက်စ်ရဲ့စွမ်းဆောင်ရည်ကို ယူနိုက်တက်ပရိသတ်တွေက နှမြောတသဖြစ်နေကြပြီး အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေရဲ့လုပ်ရပ်ကို ပေါက်ကွဲနေကြပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘင္ဖီကာကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ၁ ဂိုးသြင္း ၁ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ အိန္ဂ်ယ္ဂိုးမက္စ္
===============
ယူႏိုက္တက္လူငယ္ကစားသမားေဟာင္း အိန္ဂ်ယ္ဂိုးမက္စ္ဟာ ၿပီးခဲ့တဲ့ညက ဘင္ဖီကာအသင္းကို ၃-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘိုအာဗစ္စတာအသင္းအတြက္ ပါဝင္ကစားေပးခဲ့ၿပီး ၁ ဂိုးသြင္း ၁ ဂိုးဖန္တီးႏိုင္တဲ့အထိ ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္စီနီယာအသင္းအတြက္ ၁၀ ပြဲအထိ ပါဝင္ကစားေပးခဲ့တဲ့ ဂိုးမက္စ္ဟာ ေႏြရာသီက ယူႏိုက္တက္ကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။
အသက္ ၂၀ အ႐ြယ္ကစားသမားဟာ လိုင္လီအသင္းထံ ၅ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ခ်က္ခ်င္းဆိုသလို ဘိုအာဗစ္စတာအသင္းထံအငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ဂိုးမက္စ္ဟာ ေပၚတူဂီေျမမွာ ရင္းႏွီးၿပီးသားျဖစ္တာေၾကာင့္ အလ်င္အျမန္ပဲအထိုင္က်ခဲ့ပါတယ္။
တနဂၤေႏြေန႔ညေနခင္းမွာေတာ့ ဂိုးမက္စ္က ပင္နယ္တီကေန အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့သလို အသင္းေဖာ္ အဲလ္ဘက္အဲလစ္ရဲ႕ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘိုအာဗစ္စတာအတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ဒုတိယပိုင္းမွာ ယာနစ္ဟာမာခ်ီက သြင္းယူေပးခဲ့ၿပီး ဒီရာသီဘင္ဖီကာကို ပထမဆုံးရႈံးပြဲႀကဳံေတြ႕ေစခဲ့ပါတယ္။
ဂိုးမက္စ္ဟာ ဘိုအာဗစ္စတာအတြက္ ပထမ ၄ ပြဲမွာ ၂ ဂိုးသြင္း ၄ ဂိုးအထိ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အဂၤလန္လူငယ္ကစားသမားေလးဟာ ပထမဆုံးပြဲဦးထြက္မွာပဲ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
ဂိုးမက္စ္ရဲ႕စြမ္းေဆာင္ရည္ကို ယူႏိုက္တက္ပရိသတ္ေတြက ႏွေျမာတသျဖစ္ေနၾကၿပီး အသင္းကေန ထြက္ခြာခြင့္ေပးခဲ့တဲ့ တာဝန္ရွိသူေတြရဲ႕လုပ္ရပ္ကို ေပါက္ကြဲေနၾကပါတယ္။