
မန်ယူအသင်းရဲ့နောက်ခံလူ ဘစ်ဆာကာကို UEFA ကနေ ပွဲပယ်
ပြစ်ဒဏ် ဖြေလျော့ပေးလိုက်ပြီလို့သိရပါတယ်
ဘစ်ဆာကာဟာ ယမ်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ
တိုက်ရိုက် အနီကဒ်ပြသခံခဲ့ရတာကြောင့် ချန်ပီယံလိဂ် ပွဲစဉ် (၂) ပွဲ ကို
ပွဲပယ်ပြစ်ဒဏ်ကျခံဖို့ UEFA က ဆုံးဖြတ်ခဲ့တာပါ။
အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ဘစ်ဆာကာဟာ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်အသင်းနဲ့
ပွဲစဉ်ကို လွဲချော်ခဲ့သလို နောက်လာမယ့် အတ္တလန်တာအသင်းနဲ့
ပွဲစဉ်ကိုပါ လွဲချော်ရမလိုဖြစ်ခဲ့တာပါ။
ဒါပေမယ့် UEFA က ဘစ်ဆာကာရဲ့ (၂) ပွဲပယ် ပြစ်ဒဏ်ကို (၁) ပွဲသာ
ပြောင်းလဲသတ်မှတ်ပေးလိုက်တာကြောင့် အတ္တလန်တာ အသင်းနဲ့
ပွဲစဉ်ကို ပြန်လည်ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။
မန်ယူအသင်းဟာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လာမယ့်
ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဓိက ကစားသမားတွေ ဒဏ်ရာရနေတဲ့
မန်ယူအသင်းရဲ့ ခံစစ်ပိုင်းအတွက်တော့ ဘစ်ဆာကာရဲ့ သတင်းက
အနည်းငယ် အသက်ရှုချောင်စရာဖြစ်ခဲ့ပါတယ်။
zawgyi
ဘစ္ဆာကာကို UEFA ကေန ပြဲပယ္ျပစ္ဒဏ္ ေျဖေလ်ာ့ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရ
မန္ယူအသင္းရဲ႕ေနာက္ခံလူ ဘစ္ဆာကာကို UEFA ကေန ပြဲပယ္
ျပစ္ဒဏ္ ေျဖေလ်ာ့ေပးလိုက္ၿပီလို႔သိရပါတယ္
ဘစ္ဆာကာဟာ ယမ္းဘြိဳင္းစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာ
တိုက္႐ိုက္ အနီကဒ္ျပသခံခဲ့ရတာေၾကာင့္ ခ်န္ပီယံလိဂ္ ပြဲစဥ္ (၂) ပြဲ ကို
ပြဲပယ္ျပစ္ဒဏ္က်ခံဖို႔ UEFA က ဆုံးျဖတ္ခဲ့တာပါ။
အဆိုပါ ဆုံးျဖတ္ခ်က္ေၾကာင့္ ဘစ္ဆာကာဟာ ၿပီးခဲ့တဲ့ ဗီလာရီးရဲလ္အသင္းနဲ႔
ပြဲစဥ္ကို လြဲေခ်ာ္ခဲ့သလို ေနာက္လာမယ့္ အတၱလန္တာအသင္းနဲ႔
ပြဲစဥ္ကိုပါ လြဲေခ်ာ္ရမလိုျဖစ္ခဲ့တာပါ။
ဒါေပမယ့္ UEFA က ဘစ္ဆာကာရဲ႕ (၂) ပြဲပယ္ ျပစ္ဒဏ္ကို (၁) ပြဲသာ
ေျပာင္းလဲသတ္မွတ္ေပးလိုက္တာေၾကာင့္ အတၱလန္တာ အသင္းနဲ႔
ပြဲစဥ္ကို ျပန္လည္ပါဝင္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။
မန္ယူအသင္းဟာ အတၱလန္တာအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လာမယ့္
ၾကာသပေတးေန႔မွာ ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး အဓိက ကစားသမားေတြ ဒဏ္ရာရေနတဲ့
မန္ယူအသင္းရဲ႕ ခံစစ္ပိုင္းအတြက္ေတာ့ ဘစ္ဆာကာရဲ႕ သတင္းက
အနည္းငယ္ အသက္ရႈေခ်ာင္စရာျဖစ္ခဲ့ပါတယ္။