ဘဏ်စာရင်းမှာ (၅)ပေါင်သာကျန်ပြီး ထောင်ကနေ လွတ်လာခဲ့ချိန်မှာ ဘဝကို မှော်ဆန်တဲ့ ပြောင်းလဲမှုတွေနဲ့ ပြောင်းလဲပစ်လိုက်တဲ့ ရော်နယ်ဒင်ဟို ရဲ့ ဘ၀ နောက်ကွယ်က အမှန်တရား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာကြီးမှာ ၂၀၂၀ခုနှစ်ဟာ ပြောင်းလဲမှုများစွာနဲ့ကြုံတွေ့ခဲ့ရသလို ရော်နယ်ဒင်ဟိုရဲ့ဘဝမှာလည်းမေ့ပြစ်လို့မရနီုင်တဲ့အဖြစ်တွေနဲ့ ပြောင်းလဲမှုတွေရှိခဲ့တဲ့နှစ်တစ်နှစ်ပါ။

လှပညက်ညောတဲ့ကစားဟန်နဲ့အတူ ဘောလုံးကိုအနုပညာမြောက်စွာကစားတတ်သူတစ်ယောက်ဖြစ်သလို ဝင်ငွေကောင်းလွန်းခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင်ကြီးရဲ့ဘဝကလည်း အနိမ့်အမြင့်အတက်အကျများခဲ့ပါတယ်။

ရော်နယ်ဒင်ဟို ဟာ ပါရာဂွေး ထောင်ကနေ လွတ်မြောက်လာပြီးချိန်မှာ သူ့ရဲ့ပေတေလေလွင့်နေတဲ့ ဘဝကို လုံးဝပြောင်းလဲခဲ့လိုက်ပါတယ်။ စိတ်ထင်ရာတွေလုပ်ခွင့်ရတဲ့ သူကျင်လည်တဲ့ ပတ်ဝန်းကျင်မှာ မြှောက်ပင့်ပေးမှုတွေကနေ ကင်းကွာပြီး လေးလကြာအောင် ထောင်ထဲမှာနေလိုက်ရတာဟာ သူ့ရဲ့ဘဝကို ပြန်လည်စတင်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ခဲ့ပါတယ်။

သူဟာ ထောင်ထဲက ဘောလုံးပွဲတွေမှာလည်း ခြေစွမ်းပြနိုင်ခဲ့သူဖြစ်တာကတော့ ဘယ် ဂန္တဝင်ကစားသမားမှ မရနိုင်တဲ့မှတ်တမ်းတစ်ခုဖြစ်နေမှာပါ။

အသက်(၄၀)အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒင်ဟို ရဲ့ ပြစ်မှုကတော့ မနှစ်က သူ့ရဲ့အစ်ကိုနဲ့ အတူ ပါရာဂွေး နိုင်ငံကို ပတ်စပို့စ်အတု နဲ့ ဝင်ရောက်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဲသည်အချိန်မှာ ရော်နယ်ဒင်ဟိုရဲ့ ဘဏ္ဍာရေးအခြေအနေဟာလည်းစိုးရိမ်စရာအခြေအနေကိုရောက်နေပြီး သူ့ရဲ့ဘဝမှာအဆိုးဆုံး အချိန်တွေလို့ဆိုရမှာပါပဲ။ ဘရာဇီး အစိုးရကိုပေးစရာရှိတဲ့အခွန်ကြွေးတွေ မပေးနိုင်တာကြောင့် ပိုင်ဆိုင်မှုတွေအသိမ်းခံခဲ့ရကာ ဘဏ်စာရင်းထဲမှာ (၅)ပေါင်သာကျန်တော့တဲ့အထိ ဆိုးရွားနေခဲ့ပါတယ်။

ဩဂုတ်လမှာတော့ ပါရာဂွေး အာဏာပိုင်တွေနဲ့ ဒဏ်ကြေးသဘောတူညီမှုရရှိခဲ့ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ ဒဏ်ကြေးကတော့ ရော်နယ်ဒင်ဟိုနဲ့ အစ်ကိုဖြစ်သူတို့ဟာ ဒဏ်ငွေ ဒေါ်လာ(၉)သောင်း၊ ဒေါ်လာ(၁)သိန်း(၁)သောင်း အသီးသီးပေးဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။

ထောင်ကပြန်လွတ်လာပြီးတဲ့နောက်မှာ ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်ပါတော့တယ်။ သူဟာအရင်တုန်းကပါတီပွဲတိုင်းသို့တက်ရောက်ကာဘဝကို လူ ပေတစ်ဦးလိုအချိန်ဖြုန်းတီးနေခဲ့ ရာကနေ စီးပွားရေးဆိုတာကိုနားလည်သွားတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီး ငွေကိုကြိုးစားရှာဖွေလာခဲ့ပါတယ်။

Dario AS ရဲ့ဖော်ပြချက်အရ ရော်နယ်ဒင်ဟိုဟာထောင်မှလွတ်မြောက်လာပြီး လေးလအကြာမှာပဲ ပေါင် (၇)သိန်းကျော် အထိပြန်လည်ရှာဖွေနိုင်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်လည်း သူဟာအက်သလက်တီကိုမီနိုင်ရိုကွင်းအားဖွင့်လှစ်ပေးခြင်း၊ဘီလိုဟိုရီဇုန်တီရဲ့ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ခန့်အပ်ခံရခြင်းတို့ကနေ ဝင်ငွေတိုးပွားလာဦးမှာပါ။

ပါတီပွဲတွေနဲ့ ရင်နှီးခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီး သူဟာကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းစတင်လုပ်ကိုင်လာနေပြီး Vino De Campeones အမည်ရှိတဲ့ ဝိုင်ကို ထုတ်လုပ်ရောင်းချခဲ့သူလည်းဖြစ်ပါတယ်။

အခုအခါမှာ R-ONE လို့ အမည်ပေးထားတဲ့အမှတ်တံဆိပ်နဲ့ ဂျင်အရက်တွေကို ထုတ်လုပ်ရောင်းချလာနေပါပြီ။

ပုံရိပ်တိုးတက်မှုရှိလာတဲ့သူ့ကို အရင်ကစွန်ခွာခဲ့ကြတဲ့ စပွန်ဆာတွေက ပြန်လည်လက်တွဲလာခဲ့သလို ကြော်ငြာတွေလည်း ပြန်လည် ရိုက်ကူးခဲ့ပြီး FIFA 21 နဲ့ PES တို့လိုဂိမ်းတွေကနေလည်း ဝင်ငွေတွေ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

FIFA 21 မှာလည်း သူ့ရဲ့ကိုယ်ပိုင်အသင်းအဖြစ် R10 Team ကို ဖန်တီးခဲ့ပါတယ်။

သူဝါသနာပါတဲ့ ဂီတလောက ကိုလည်း ဝင်ရောက်ခဲ့ကာ စတီဒီယိုတစ်ခုဖွင့်လှစ်နိုင်ခဲ့သလို ရက်ပါ Djonga ၊ Recayd Mob တို့နဲ့အတူ MTV တစ်ပုဒ်လည်းရိုက်ခဲ့ပါသေးတယ်။

ဒါတွေဟာ ရော်နယ်ဒင်ဟိုလို ဘဝပျက်လုနီးပါးလူတစ်ယောက်အတွက် အံသြစရာ မှော်ဆန်တဲ့ လေးလတာ အချိန်တွေပဲဖြစ်ပါတယ်။

သူဒီလိုပြောင်းလဲလာခဲ့တာဟာ ပါရာဂွေးထောင်ထဲက မိတ်ဆွေတွေရဲ့ သူ့အပေါ်မှာထားခဲ့တဲ့ စိတ်ထားတွေကြောင့်လို့ ပြောရမှာပါပဲ။

(၂၀၂၁)ခုနှစ်ကတော့ ရော်နယ်ဒင်ဟိုအတွက် ပိုပြီးစိတ်ဝင်စားစရာနှစ်တစ်နှစ်ဖြစ်လာဦးမှာပါ။ သူ့အကြောင်းကို ရိုက်ကူးထားတဲ့ “The Happiest Man In The World” ဆို့တဲ့ documentary ဟာလည်း ထွက်လာဦးမှာပါ။ ဘဝမှာ အဆင်းရဲဆုံးကာလကိုကြုံတွေ့ဖူးသွားပြီး ငွေအကြောင်းကိုနားလည်သွားတဲ့ သူ့အတွက်ကတော့ ဒီ(၂၀၂၁)ခုနှစ်ဟာ အောင်မြင်မှုတွေဆက်လက်ရှာဖွေသွားနိုင်မယ့်ခရီးတစ်ခုရဲ့အစနှစ်တစ်ခုလို့ဆိုချင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘဏ္စာရင္းမွာ (၅)ေပါင္သာက်န္ၿပီး ေထာင္ကေန လြတ္လာခဲ့ခ်ိန္မွာ ဘ၀ကို ေမွာ္ဆန္တဲ့ ေျပာင္းလဲမႈေတြနဲ႕ ေျပာင္းလဲပစ္လိုက္တဲ့ ေရာ္နယ္ဒင္ဟို ရဲ႕ ဘ၀ ေနာက္ကြယ္က အမွန္တရား

ကမာၻႀကီးမွာ ၂၀၂၀ခုႏွစ္ဟာ ေျပာင္းလဲမႈမ်ားစြာနဲ႔ႀကဳံေတြ႕ခဲ့ရသလို ေရာ္နယ္ဒင္ဟိုရဲ႕ဘဝမွာလည္းေမ့ျပစ္လို႔မရႏီုင္တဲ့အျဖစ္ေတြနဲ႔ ေျပာင္းလဲမႈေတြရွိခဲ့တဲ့ႏွစ္တစ္ႏွစ္ပါ။ လွပညက္ေညာတဲ့ကစားဟန္နဲ႔အတူ ေဘာလုံးကိုအႏုပညာေျမာက္စြာကစားတတ္သူတစ္ေယာက္ျဖစ္သလို ဝင္ေငြေကာင္းလြန္းခဲ့တဲ့ ဘရာဇီးလ္ဂႏၴဝင္ႀကီးရဲ႕ဘဝကလည္း အနိမ့္အျမင့္အတက္အက်မ်ားခဲ့ပါတယ္။ ေရာ္နယ္ဒင္ဟို ဟာ ပါရာေဂြး ေထာင္ကေန လြတ္ေျမာက္လာၿပီးခ်ိန္မွာ သူ႔ရဲ႕ေပေတေလလြင့္ေနတဲ့ ဘဝကို လုံးဝေျပာင္းလဲခဲ့လိုက္ပါတယ္။ စိတ္ထင္ရာေတြလုပ္ခြင့္ရတဲ့ သူက်င္လည္တဲ့ ပတ္ဝန္းက်င္မွာ ေျမႇာက္ပင့္ေပးမႈေတြကေန ကင္းကြာၿပီး ေလးလၾကာေအာင္ ေထာင္ထဲမွာေနလိုက္ရတာဟာ သူ႔ရဲ႕ဘဝကို ျပန္လည္စတင္ဖို႔ အေကာင္းဆုံးေနရာတစ္ခုျဖစ္ခဲ့ပါတယ္။ သူဟာ ေထာင္ထဲက ေဘာလုံးပြဲေတြမွာလည္း ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္တာကေတာ့ ဘယ္ ဂႏၲဝင္ကစားသမားမွ မရႏိုင္တဲ့မွတ္တမ္းတစ္ခုျဖစ္ေနမွာပါ။

အသက္(၄၀)အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒင္ဟို ရဲ႕ ျပစ္မႈကေတာ့ မႏွစ္က သူ႔ရဲ႕အစ္ကိုနဲ႔ အတူ ပါရာေဂြး ႏိုင္ငံကို ပတ္စပို႔စ္အတု နဲ႔ ဝင္ေရာက္ခဲ့တာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာျဖစ္ပါတယ္။ အဲသည္အခ်ိန္မွာ ေရာ္နယ္ဒင္ဟိုရဲ႕ ဘ႑ာေရးအေျခအေနဟာလည္းစိုးရိမ္စရာအေျခအေနကိုေရာက္ေနၿပီး သူ႔ရဲ႕ဘဝမွာအဆိုးဆုံး အခ်ိန္ေတြလို႔ဆိုရမွာပါပဲ။ ဘရာဇီး အစိုးရကိုေပးစရာရွိတဲ့အခြန္ေႂကြးေတြ မေပးႏိုင္တာေၾကာင့္ ပိုင္ဆိုင္မႈေတြအသိမ္းခံခဲ့ရကာ ဘဏ္စာရင္းထဲမွာ (၅)ေပါင္သာက်န္ေတာ့တဲ့အထိ ဆိုး႐ြားေနခဲ့ပါတယ္။
ဩဂုတ္လမွာေတာ့ ပါရာေဂြး အာဏာပိုင္ေတြနဲ႔ ဒဏ္ေၾကးသေဘာတူညီမႈရရွိခဲ့ကာ ျပန္လည္လြတ္ေျမာက္လာခဲ့ၾကပါတယ္။ ဒဏ္ေၾကးကေတာ့ ေရာ္နယ္ဒင္ဟိုနဲ႔ အစ္ကိုျဖစ္သူတို႔ဟာ ဒဏ္ေငြ ေဒၚလာ(၉)ေသာင္း၊ ေဒၚလာ(၁)သိန္း(၁)ေသာင္း အသီးသီးေပးေဆာင္ခဲ့ရတာပဲျဖစ္ပါတယ္။

ေထာင္ကျပန္လြတ္လာၿပီးတဲ့ေနာက္မွာ ေရာ္နယ္ဒင္ဟိုဟာ သူ႔ရဲ႕ဘဝကို အႀကီးအက်ယ္ေျပာင္းလဲပစ္လိုက္ပါေတာ့တယ္။ သူဟာအရင္တုန္းကပါတီပြဲတိုင္းသို႔တက္ေရာက္ကာဘဝကို လူ ေပတစ္ဦးလိုအခ်ိန္ျဖဳန္းတီးေနခဲ့ ရာကေန စီးပြားေရးဆိုတာကိုနားလည္သြားတဲ့သူတစ္ေယာက္ ျဖစ္လာခဲ့ၿပီး ေငြကိုႀကိဳးစားရွာေဖြလာခဲ့ပါတယ္။ Dario AS ရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္ဒင္ဟိုဟာေထာင္မွလြတ္ေျမာက္လာၿပီး ေလးလအၾကာမွာပဲ ေပါင္ (၇)သိန္းေက်ာ္ အထိျပန္လည္ရွာေဖြႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ေနာက္ထပ္လည္း သူဟာအက္သလက္တီကိုမီႏိုင္႐ိုကြင္းအားဖြင့္လွစ္ေပးျခင္း၊ဘီလိုဟိုရီဇုန္တီရဲ႕ဂုဏ္ထူးေဆာင္ႏိုင္ငံသားအျဖစ္ခန႔္အပ္ခံရျခင္းတို႔ကေန ဝင္ေငြတိုးပြားလာဦးမွာပါ။ ပါတီပြဲေတြနဲ႔ ရင္ႏွီးခဲ့တဲ့ သူ႔ရဲ႕အေတြ႕အႀကဳံေတြကိုအသုံးခ်ၿပီး သူဟာကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ စီးပြားေရးလုပ္ငန္းတစ္ခုကိုလည္းစတင္လုပ္ကိုင္လာေနၿပီး Vino De Campeones အမည္ရွိတဲ့ ဝိုင္ကို ထုတ္လုပ္ေရာင္းခ်ခဲ့သူလည္းျဖစ္ပါတယ္။ အခုအခါမွာ R-ONE လို႔ အမည္ေပးထားတဲ့အမွတ္တံဆိပ္နဲ႔ ဂ်င္အရက္ေတြကို ထုတ္လုပ္ေရာင္းခ်လာေနပါၿပီ။

ပုံရိပ္တိုးတက္မႈရွိလာတဲ့သူ႔ကို အရင္ကစြန္ခြာခဲ့ၾကတဲ့ စပြန္ဆာေတြက ျပန္လည္လက္တြဲလာခဲ့သလို ေၾကာ္ျငာေတြလည္း ျပန္လည္ ႐ိုက္ကူးခဲ့ၿပီး FIFA 21 နဲ႔ PES တို႔လိုဂိမ္းေတြကေနလည္း ဝင္ေငြေတြ ျပန္လည္ရွာေဖြႏိုင္ခဲ့ပါတယ္။ FIFA 21 မွာလည္း သူ႔ရဲ႕ကိုယ္ပိုင္အသင္းအျဖစ္ R10 Team ကို ဖန္တီးခဲ့ပါတယ္။ သူဝါသနာပါတဲ့ ဂီတေလာက ကိုလည္း ဝင္ေရာက္ခဲ့ကာ စတီဒီယိုတစ္ခုဖြင့္လွစ္ႏိုင္ခဲ့သလို ရက္ပါ Djonga ၊ Recayd Mob တို႔နဲ႔အတူ MTV တစ္ပုဒ္လည္း႐ိုက္ခဲ့ပါေသးတယ္။ ဒါေတြဟာ ေရာ္နယ္ဒင္ဟိုလို ဘဝပ်က္လုနီးပါးလူတစ္ေယာက္အတြက္ အံၾသစရာ ေမွာ္ဆန္တဲ့ ေလးလတာ အခ်ိန္ေတြပဲျဖစ္ပါတယ္။ သူဒီလိုေျပာင္းလဲလာခဲ့တာဟာ ပါရာေဂြးေထာင္ထဲက မိတ္ေဆြေတြရဲ႕ သူ႔အေပၚမွာထားခဲ့တဲ့ စိတ္ထားေတြေၾကာင့္လို႔ ေျပာရမွာပါပဲ။ (၂၀၂၁)ခုႏွစ္ကေတာ့ ေရာ္နယ္ဒင္ဟိုအတြက္ ပိုၿပီးစိတ္ဝင္စားစရာႏွစ္တစ္ႏွစ္ျဖစ္လာဦးမွာပါ။ သူ႔အေၾကာင္းကို ႐ိုက္ကူးထားတဲ့ “The Happiest Man In The World” ဆို႔တဲ့ documentary ဟာလည္း ထြက္လာဦးမွာပါ။ ဘဝမွာ အဆင္းရဲဆုံးကာလကိုႀကဳံေတြ႕ဖူးသြားၿပီး ေငြအေၾကာင္းကိုနားလည္သြားတဲ့ သူ႔အတြက္ကေတာ့ ဒီ(၂၀၂၁)ခုႏွစ္ဟာ ေအာင္ျမင္မႈေတြဆက္လက္ရွာေဖြသြားႏိုင္မယ့္ခရီးတစ္ခုရဲ႕အစႏွစ္တစ္ခုလို႔ဆိုခ်င္ပါတယ္။