ဘတ်စ်ကားပိတ်လို့ဆိုပြီး မန်ယူရဲ့နည်းဗျူဟာပိုင်းကို ပြစ်တင်ဝေဖန်လိုက်တဲ့ ကလော့ပ်

ပြီးခဲ့တဲ့တနင်္ဂနွေည အန်ဖီးလ်က ဂိုးမရှိသရေပွဲမှာ ပြိုင်ဘက်မန်ယူအသင်းရဲ့နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ ပြစ်တင်ဝေဖန်ပြောကြားမှု ပြုလုပ်လိုက်ပါတယ်။

ဇယားထိပ်နှစ်သင်းတွေ့တဲ့ပွဲမှာ မန်ယူဘက်က ခံစစ်အသားပေးပုံစံချဉ်းကပ်လာမှုကို အဲဒီဂျာမန်သားနည်းပြက စောဒကတက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း လီဗာပူးဟာ ပွဲချိန်တစ်လျှောက်လုံးမှာ မန်ယူခံစစ်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အဲဒီအတွက်လည်း ပရီးမီးယားလိဂ်မှာ သူတို့အတွက် ဂိုးပေါက်ပျောက်မှု ဖြစ်လာခဲ့ရပါတယ်။

အဲဒီပွဲမှာ မန်ယူခံစစ်က လုခ်ရှောနဲ့လင်ဒီလော့ဖ်တို့ဟာ ဆိုးလ်ရှားအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပြီး ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ဒီလိုကစားသွားတာကို ကလော့ပ်က မကျေမချမ်းဖြစ်နေပါတယ်။

”ကျွန်တော်တို့က ဘောလုံးကစားဖို့ပဲ လုပ်ခဲ့တာပါ။ သူတို့ပင်နယ်တီဧရိယာထဲမှာ သူတို့ချောင်ပိတ်မိအောင် လုပ်နိုင်ခဲ့ပါတယ်။ ဘောလုံးမှာ ကြုံတွေ့ရနိုင်တဲ့ အဆိုးဆုံးအရာကတော့ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ရင်ဆိုင်ရချိန် သူတို့က Box ထဲမှာပဲ ဆင်းခုခံနေပြီး ကောင်တာနဲ့ ပြန်တိုက်ဖို့ပဲ လုပ်တာပါ”လို့ ကလော့ပ်က ဆိုတာပါ။

”အဲဒါဟာ အရမ်းကို ခက်ခဲပါတယ်။ ဒါက အကြီးဆုံးစိန်ခေါ်မှုပေါ့”လို့ ပွဲအပြီးမှာ ကလော့ပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မန်ယူဟာ ပွဲချိန်အများစုမှာ ခံစစ်အသားပေးခဲ့သလို ဘောလုံးပိုင်ဆိုင်မှုမှာ သုံးပုံတစ်ပုံပဲရှိခဲ့ပေမယ့် တစ်ပွဲလုံးရဲ့အကောင်းဆုံးအခွင့်အရေး ၂ ကြိမ်ကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူရဲ့အဓိကကွင်းလယ်လူတွေဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ဟာ လီဗာပူးဂိုးသမားအယ်လစ်ဆန်ကို မကျော်နိုင်ခဲ့ကြပါဘူး။

Zawgyi

ဘတ္စ္ကားပိတ္လုိ႔ဆုိၿပီး မန္ယူရဲ႕နည္းဗ်ဴဟာပိုင္းကို ျပစ္တင္ေ၀ဖန္လုိက္တဲ့ ကေလာ့ပ္

ၿပီးခဲ့တဲ့တနဂၤေႏြည အန္ဖီးလ္က ဂိုးမရွိသေရပြဲမွာ ၿပိဳင္ဘက္မန္ယူအသင္းရဲ႕နည္းဗ်ဴဟာပိုင္းနဲ႔ပတ္သက္လုိ႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ ျပစ္တင္ေ၀ဖန္ေျပာၾကားမႈ ျပဳလုပ္လုိက္ပါတယ္။

ဇယားထိပ္ႏွစ္သင္းေတြ႕တဲ့ပြဲမွာ မန္ယူဘက္က ခံစစ္အသားေပးပုံစံခ်ဥ္းကပ္လာမႈကို အဲဒီဂ်ာမန္သားနည္းျပက ေစာဒကတက္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း လီဗာပူးဟာ ပြဲခ်ိန္တစ္ေလွ်ာက္လုံးမွာ မန္ယူခံစစ္ကို ထုိးေဖာက္ႏိုင္ဖို႔ ရုန္းကန္ခဲ့ရၿပီး အဲဒီအတြက္လည္း ပရီးမီးယားလိဂ္မွာ သူတုိ႔အတြက္ ဂိုးေပါက္ေပ်ာက္မႈ ျဖစ္လာခဲ့ရပါတယ္။

အဲဒီပြဲမွာ မန္ယူခံစစ္က လုခ္ေရွာနဲ႔လင္ဒီေလာ့ဖ္တုိ႔ဟာ ဆုိးလ္ရွားအသင္းအတြက္ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ၾကၿပီး ကမာၻ႔အဆင့္ကစားသမားေတြနဲ႔ ဒီလုိကစားသြားတာကို ကေလာ့ပ္က မေက်မခ်မ္းျဖစ္ေနပါတယ္။

”ကၽြန္ေတာ္တို႔က ေဘာလုံးကစားဖို႔ပဲ လုပ္ခဲ့တာပါ။ သူတုိ႔ပင္နယ္တီဧရိယာထဲမွာ သူတို႔ေခ်ာင္ပိတ္မိေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ေဘာလုံးမွာ ႀကဳံေတြ႕ရႏိုင္တဲ့ အဆုိးဆုံးအရာကေတာ့ ကမာၻ႔အဆင့္ကစားသမားေတြနဲ႔ ရင္ဆိုင္ရခ်ိန္ သူတို႔က Box ထဲမွာပဲ ဆင္းခုခံေနၿပီး ေကာင္တာနဲ႔ ျပန္တုိက္ဖုိ႔ပဲ လုပ္တာပါ”လုိ႔ ကေလာ့ပ္က ဆုိတာပါ။

”အဲဒါဟာ အရမ္းကို ခက္ခဲပါတယ္။ ဒါက အႀကီးဆုံးစိန္ေခၚမႈေပါ့”လို႔ ပြဲအၿပီးမွာ ကေလာ့ပ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာ ပြဲခ်ိန္အမ်ားစုမွာ ခံစစ္အသားေပးခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈမွာ သုံးပုံတစ္ပုံပဲရွိခဲ့ေပမယ့္ တစ္ပြဲလုံးရဲ႕အေကာင္းဆုံးအခြင့္အေရး ၂ ႀကိမ္ကို ရရွိခဲ့ပါတယ္။

ဒါေပမဲ့ မန္ယူရဲ႕အဓိကကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဘရူႏိုဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာတုိ႔ဟာ လီဗာပူးဂိုးသမားအယ္လစ္ဆန္ကို မေက်ာ္ႏိုင္ခဲ့ၾကပါဘူး။