ဘန်ဇီးမားက ဘောလုံးမပေးဖို့ပြောထားတဲ့ ဗီနီစီးယပ်စ်နဲ့ အစ္စကိုကို အလိုက်ပေး ပြီး ဒိုင်ဘာလာကိုခေါ်ဖို့ ရီးရဲလ် ပြင်ဆင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တိုက်စစ်အတွက် ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာကို ကစားသမား ၂ ဦးအလိုက်ပေးပြီး ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်ဟာ လောလောဆယ် စပါးကိုအငှားချထားတဲ့ ဂါရတ်ဘေးလ် ကို လာမယ့်ရာသီမှာ အပြီးသတ်ရောင်းဖို့အတွက် ပြင်ဆင်ထားတာကြောင့် ဒိုင် ဘာလာကိုခေါ်ယူဖို့ အလိုရှိနေတာပါ။

ရီးရဲလ်နည်းပြဇီဒန်းဟာ ဘယ်တောင်ပံ တိုက်စစ်အတွက် ဟာဇက်ရှိနေတာကြောင့် ညာတောင်ပံတိုက်စစ်အတွက် ဒိုင် ဘာလာကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒိုင်ဘာလာဟာ နောက်ချန်တိုက်စစ်မှူးနေရာနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်တဲ့သူ ဖြစ်ပြီး ရီးရဲလ်အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။

လက်ရှိအချိန်မှာ ဒိုင်ဘာလာဟာ ဂျူဗင်တပ်နည်းပြသစ် ပီယာလိုနဲ့ ပြဿနာတချို့ရှိနေပြီး အသင်း မှာ ပုံမှန်ပွဲထွက်ခွင့် အာမခံချက်ကိစ္စ တိကျမှုမရှိတဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

ပီယာလိုဟာ ဖီအိုရင်တီးနားကနေ အငှားနဲ့ခေါ် ယူထားတဲ့ လူငယ်တိုက်စစ်မှူး ချီယေဆာကို ညာတောင်ပံတိုက်စစ်အတွက် အ ကြိုက်တွေ့နေပြီး အသုံးပြုနေတာကြောင့် ဒိုင်ဘာလာဟာ ပုံမှန်ပွဲထွက်ခွင့်မရတာ လည်း ဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ဘေးလ်နဲ့ ရိုဒရီဂွက်ဇ်တို့ ၂ ဦးမရှိတော့တဲ့အချိန်မှာ ညာခြမ်းတိုက်စစ်အတွက် ဒိုင်ဘာလာကိုခေါ်ယူဖို့ ပစ်မှတ် ထားလာတာလည်း ဖြစ်ပါတယ်။

လက်ရှိကစားသမားဈေးကွက်တန်ကြေးအရ ယူ ရိုသန်း ၁၀၀ ရှိတဲ့ ဒိုင်ဘာလာကို ရီးရဲလ်က ပေါင်သန်း ၆၀ ဝန်းကျင် ငွေသားနဲ့ ကစားသမား ၂ ဦးကို အလိုက်ပေးခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ရုပ်သံကင်မရာမှတ်တမ်းတွေအရ ဘန်ဇီးမားက ဗာရန်တီကို အသင်းတိုက်စစ်မှူး ဗီနီစီးယပ်စ်ကို ဘောလုံးမပေးဖို့ပြောဆိုတဲ့ ရုပ် သံထွက်ပေါ်လာခဲ့ပြီး ရီးရဲလ်က အသင်းလိုက်ကစားပုံအံမဝင်တဲ့ ဗီနီစီးယပ်စ်နဲ့ ကွင်းလယ်မှာ နေရာမရဖြစ်နေတဲ့ အစ္စကိုတို့ ၂ ယောက်ကို အလိုက်ပေးပြီး ဒိုင် ဘာလာကိုခေါ်ယူဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

ဒိုင်ဘာလာနဲ့ ဂျူဗင်တပ် တို့အကြား စာချုပ်သက်တမ်း ၂၀၂၂ အထိ ချုပ်ဆိုထားတာဖြစ်ပြီး လက်ရှိ ဘောလုံးရာသီအတွင်းမှာ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ရင် လာမယ့်နွေရာသီမှာ တစ် နှစ်ပဲကျန်တော့မယ့်အတွက် ဒိုင်ဘာလာကိစ္စဟာ ရီးရဲလ်နဲ့ဂျူဗင်တပ်အကြား ကျိန်းသေဆွေးနွေးမယ့်ကိစ္စ ဖြစ်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘန္ဇီးမားက ေဘာလံုးမေပးဖို႔ေျပာထားတဲ့ ဗီနီစီးယပ္စ္နဲ႔ အစၥကိုကို အလိုက္ေပး ၿပီး ဒိုင္ဘာလာကိုေခၚဖို႔ ရီးရဲလ္ ျပင္ဆင္ေန

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕တိုက္စစ္အတြက္ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ဒိုင္ဘာလာကို ကစားသမား ၂ ဦးအလိုက္ေပးၿပီး ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ရီးရဲလ္ဟာ ေလာေလာဆယ္ စပါးကိုအငွားခ်ထားတဲ့ ဂါရတ္ေဘးလ္ ကို လာမယ့္ရာသီမွာ အၿပီးသတ္ေရာင္းဖို႔အတြက္ ျပင္ဆင္ထားတာေၾကာင့္ ဒိုင္ ဘာလာကိုေခၚယူဖို႔ အလိုရွိေနတာပါ။

ရီးရဲလ္နည္းျပဇီဒန္းဟာ ဘယ္ေတာင္ပံ တုိက္စစ္အတြက္ ဟာဇက္ရိွေနတာေၾကာင့္ ညာေတာင္ပံတိုက္စစ္အတြက္ ဒိုင္ ဘာလာကို ေခၚယူခ်င္ေနတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ဒိုင္ဘာလာဟာ ေနာက္ခ်န္တိုက္စစ္မွဴးေနရာနဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြမွာ ကစားႏိုင္တဲ့သူ ျဖစ္ၿပီး ရီးရဲလ္အတြက္ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီေနပါတယ္။

လက္ရွိအခ်ိန္မွာ ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္နည္းျပသစ္ ပီယာလိုနဲ႔ ျပႆနာတခ်ဳိ႕ရွိေနၿပီး အသင္း မွာ ပံုမွန္ပြဲထြက္ခြင့္ အာမခံခ်က္ကိစၥ တိက်မႈမရွိတဲ့အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆိုင္းငံ့ထားတယ္လုိ႔ သိရပါတယ္။

ပီယာလိုဟာ ဖီအုိရင္တီးနားကေန အငွားနဲ႔ေခၚ ယူထားတဲ့ လူငယ္တိုက္စစ္မွဴး ခ်ီေယဆာကို ညာေတာင္ပံတုိက္စစ္အတြက္ အ ႀကိဳက္ေတြ႕ေနၿပီး အသံုးျပဳေနတာေၾကာင့္ ဒိုင္ဘာလာဟာ ပံုမွန္ပြဲထြက္ခြင့္မရတာ လည္း ျဖစ္ပါတယ္။ ရီးရဲလ္အေနနဲ႔ ေဘးလ္နဲ႔ ရိုဒရီဂြက္ဇ္တို႔ ၂ ဦးမရွိေတာ့တဲ့အခ်ိန္မွာ ညာျခမ္းတိုက္စစ္အတြက္ ဒိုင္ဘာလာကိုေခၚယူဖို႔ ပစ္မွတ္ ထားလာတာလည္း ျဖစ္ပါတယ္။

လက္ရွိကစားသမားေစ်းကြက္တန္ေၾကးအရ ယူ ရိုသန္း ၁၀၀ ရွိတဲ့ ဒိုင္ဘာလာကို ရီးရဲလ္က ေပါင္သန္း ၆၀ ၀န္းက်င္ ေငြသားနဲ႔ ကစားသမား ၂ ဦးကို အလိုက္ေပးေခၚယူဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရုပ္သံကင္မရာမွတ္တမ္းေတြအရ ဘန္ဇီးမားက ဗာရန္တီကို အသင္းတိုက္စစ္မွဴး ဗီနီစီးယပ္စ္ကို ေဘာလံုးမေပးဖို႔ေျပာဆိုတဲ့ ရုပ္ သံထြက္ေပၚလာခဲ့ၿပီး ရီးရဲလ္က အသင္းလိုက္ကစားပံုအံမ၀င္တဲ့ ဗီနီစီးယပ္စ္နဲ႔ ကြင္းလယ္မွာ ေနရာမရျဖစ္ေနတဲ့ အစၥကိုတုိ႔ ၂ ေယာက္ကို အလုိက္ေပးၿပီး ဒိုင္ ဘာလာကိုေခၚယူဖို႔ ျပင္ဆင္လာတာလည္း ျဖစ္ပါတယ္။

ဒိုင္ဘာလာနဲ႔ ဂ်ဴဗင္တပ္ တို႔အၾကား စာခ်ဳပ္သက္တမ္း ၂၀၂၂ အထိ ခ်ဳပ္ဆုိထားတာျဖစ္ၿပီး လက္ရွိ ေဘာလံုးရာသီအတြင္းမွာ စာခ်ဳပ္သစ္မခ်ဳပ္ဆုိႏိုင္ခဲ့ရင္ လာမယ့္ေႏြရာသီမွာ တစ္ ႏွစ္ပဲက်န္ေတာ့မယ့္အတြက္ ဒိုင္ဘာလာကိစၥဟာ ရီးရဲလ္နဲ႔ဂ်ဴဗင္တပ္အၾကား က်ိန္းေသေဆြးေႏြးမယ့္ကိစၥ ျဖစ္လာႏိုင္ပါတယ္။