ဘန်လေကိုအနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ဖလားနဲ့ ပတ်သက်ပြီး လီဗာပူးကို မာတစ် သတိပေးစကားဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ မာတစ်က ဘန်လေအသင်းကို အနိုင်ရရှိပြီးနောက် ချန်ပီယံကို စိန်ခေါ်ဖို့အသင့်ဖြစ်နေပြီလို့ ဆိုခဲ့သလို လီဗာပူးနဲ့ပွဲအတွက်လည်း အသင့်ပဲလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေအသင်းကို ပေါ့ဂ်ဘာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိပြီး ဒုတိယနေရာက လီဗာပူးကို ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုအမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့တာဟာ ၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပြီး နဗီးလ်ကတော့ ယူနိုက်တက်အနေနဲ့ ချန်ပီယံဆုအတွက် ဖြစ်နိုင်ချေမရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။

မာတစ်ကတော့ လက်ရှိအနေအထားကိုသာ ဆက်ထိန်းနိုင်ရင် လီဗာပူး ၊ မန်စီးတီးတို့နဲ့အတူ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဘန်လေနိုင်ပွဲက ကျွန်တော်တို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတာကို ပြသခဲ့တာပါ။ တစ်ခါတလေမှာ အသင်းအတွက်အနိုင်ရရှိဖို့က အရေးကြီးပါတယ်။

ဒီနေ့ပွဲမှာ ရင့်ကျက်မှုကိုပြသနိုင်ခဲ့ပါတယ်။ ဘန်လေနဲ့ပွဲက ထင်ထားတာထက်ပိုခက်ခဲခဲ့ပါတယ်။ ပေးဂိုးမပေးခဲ့ရတဲ့အတွက် ကျေနပ်မိပါတယ်။

အနိုင် ၃ မှတ်နဲ့ ကျွန်တော်တို့ ထိုက်တန်ခဲ့ပါတယ်”လို့ မာတစ်က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အသင်းမှာ အရည်အချင်းပြည့်ဝတဲ့ကစားသမားတွေအများကြီးပါ။ မိနစ် ၉၀ ပြည့်တဲ့အထိ စိတ်ရှည်ရှည်ကစားခဲ့ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ လီဗာပူးနဲ့ပွဲအတွက် အာရုံစိုက်ရတော့မှာပါ”လို့ မာတစ်က ဆိုပါတယ်။

မာတစ်ကတော့ ယူနိုက်တက်အနေနဲ့ လက်ကျန်ပွဲစဉ်တွေရှိသေးတာကြောင့် အနားယူလို့မရသေးကြောင်း ထုထ်ဖော်ပြောကြားခဲ့ပါတယ်။  “၁၇ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်ပိုင်းရောက်နေပေမယ့် အနားယူလို့မရသေးပါဘူး။ အခြားအသင်းတွေကလည်း ကြိုးစားနေဆဲဖြစ်တာကြောင့် အာရုံအပြည့်စိုက်ရမှာပါ။ လီဗာပူးနဲ့ပွဲက အရေးကြီးပါတယ်”လို့ မာတစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘန္ေလကိုအႏုိင္ရရွိျပီးေနာက္ ပရီးမီးယားလိဂ္ဖလားန႔ဲ ပတ္သက္ျပီး လီဗာပူးကို မာတစ္ သတိေပးစကားဆို

ယူႏုိက္တက္ကြင္းလယ္လူ မာတစ္က ဘန္ေလအသင္းကို အႏုိင္ရရွိျပီးေနာက္ ခ်န္ပီယံကုိ စိန္ေခၚဖို႔အသင့္ျဖစ္ေနျပီလို႔ ဆိုခဲ့သလို လီဗာပူးနဲ႔ပြဲအတြက္လည္း အသင့္ပဲလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္ဟာ ဘန္ေလအသင္းကို ေပါ့ဂ္ဘာရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိျပီး ဒုတိယေနရာက လီဗာပူးကို ၃ မွတ္ျဖတ္ကာ အမွတ္ေပးဇယားထိပ္ဆံုးကို တက္ေရာက္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒီလုိအမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္ႏို္င္ခဲ့တာဟာ ၂၀၁၃ ခုႏွစ္ ဖာဂူဆန္ထြက္ခြာျပီးေနာက္ ပထမဆံုးအၾကိမ္ျဖစ္ျပီး နဗီးလ္ကေတာ့ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံဆုအတြက္ ျဖစ္ႏိုင္ေခ်မရွိေသးဘူးလို႔ ဆိုခဲ့ပါတယ္။

မာတစ္ကေတာ့ လက္ရွိအေနအထားကုိသာ ဆက္ထိန္းႏို္င္ရင္ လီဗာပူး ၊ မန္စီးတီးတို႔နဲ႔အတူ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ “ဘန္ေလႏိုင္ပြဲက ကြ်န္ေတာ္တို႔ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ အသင့္ျဖစ္ေနျပီဆုိတာကို ျပသခဲ့တာပါ။ တစ္ခါတေလမွာ အသင္းအတြက္အႏိုင္ရရွိဖုိ႔က အေရးၾကီးပါတယ္။ ဒီေန႔ပြဲမွာ ရင့္က်က္မႈကိုျပသႏိုင္ခဲ့ပါတယ္။ ဘန္ေလနဲ႔ပြဲက ထင္ထားတာထက္ပိုခက္ခဲခဲ့ပါတယ္။ ေပးဂိုးမေပးခဲ့ရတဲ့အတြက္ ေက်နပ္မိပါတယ္။ အႏိုင္ ၃ မွတ္နဲ႔ ကြ်န္ေတာ္တို႔ ထိုက္တန္ခဲ့ပါတယ္”လို႔ မာတစ္က ေျပာၾကားခဲ့ပါတယ္။

“ကြ်န္ေတာ္တို႔အသင္းမွာ အရည္အခ်င္းျပည့္၀တဲ့ကစားသမားေတြအမ်ားၾကီးပါ။ မိနစ္ ၉၀ ျပည့္တဲ့အထိ စိတ္ရွည္ရွည္ကစားခဲ့ပါတယ္။ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္ပါတယ္။ လီဗာပူးနဲ႔ပြဲအတြက္ အာရံုစိုက္ရေတာ့မွာပါ”လို႔ မာတစ္က ဆိုပါတယ္။ မာတစ္ကေတာ့ ယူႏုိ္က္တက္အေနနဲ႔ လက္က်န္ပြဲစဥ္ေတြရွိေသးတာေၾကာင့္ အနားယူလို႔မရေသးေၾကာင္း ထုထ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “၁၇ ပြဲကစားျပီးခ်ိန္မွာ အမွတ္ေပးဇယားထိပ္ပိုင္းေရာက္ေနေပမယ့္ အနားယူလို႔မရေသးပါဘူး။ အျခားအသင္းေတြကလည္း ၾကိဳးစားေနဆဲျဖစ္တာေၾကာင့္ အာရံုအျပည့္စိုက္ရမွာပါ။ လီဗာပူးနဲ႔ပြဲက အေရးၾကီးပါတယ္”လို႔ မာတစ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။