ဘန်လေကို အနိုင်ယူပြီး အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျော်လင့်ချက် အားကောင်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ ဘန်လေအသင်းကို ပေါ့ဘာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်ဒိုင် ကီဗင်ဖရန့်ရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာတော့ဖြစ်ခဲ့တယ်။ ၅၀-၅၀ အနေအထားမှာ ဂွတ်မန်ဆန်ကို ပြစ်ဒဏ်ကျုးလွန်ခဲ့လို့ လုခ်ရှောကို အဝါကတ်ပြခဲ့ပေမယ့် ကာဗာနီကို ဘောလုံးမထိဘဲ Foul လုပ်ခဲ့တဲ့ ဘရာဒီကို ဘာမှအရေးမယူတာတော့ စိတ်ပျက်စရာပါပဲ။ အဲဒီအချိန်မှာ ပွဲက In play ဖြစ်နေဆဲအနေအထားကြောင့် ဘရာဒီကိုလည်း အရေးယူသင့်တယ်လို့မြင်မိတယ်။

နောက်တစ်ခုကလည်း မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဂိုးကို ပြစ်ဒဏ်ဘောပေးခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က မှန်တယ်လို့ပြောလို့ရပေမယ့်လည်း နည်းနည်းတော့ ပြင်းထန်လွန်းပါတယ်။ ဒီပွဲမှာ ဘန်လေအသင်းကတော့ ထုံးစံအတိုင်းပဲ ခံစစ်ကို အခိုင်အမာတည်ဆောက်ခဲ့ပြီး တိုက်စစ်စရင် ပြိုင်ဘက်ဂိုးဧရိယာထဲ Direct Ball​​ တွေ တင်ပြီး ခြိမ်းခြောက်ဖို့ကြိုးပမ်းခဲ့တယ်။

ယူနိုက်တက်ခံစစ်ကလည်း အမြင့်ဘောတွေ ရှင်းထုတ်တဲ့နေရာမှာ အားနည်းလို့ ဘန်လေအသင်းရဲ့ အမြင့်ဘောတွေကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပါတယ်။ ခံစစ်ကို စနစ်တကျတည်ဆောက်ပြီး ကစားတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရရင် အသင်းကြီးတွေ ဒုက္ခရောက်တတ်တာကို ဒီရာသီ ပွဲတော်တော် များများမှာ မြင်တွေ့ခဲ့ရတယ်။ ယူနိုက်တက်-ဝု်လ်ဗ်၊ မန်စီးတီး-ဝက်စ်ဘရွန်း၊ ဆောက်သမ်တန်-လီဗာပူးလ် စတဲ့ပွဲတွေမှာ အသင်းကြီးတွေ တော်တော်လေး ရုန်းကန်ရတာကို အားလုံးအသိပါပဲ။ ခံစစ်ကို စနစ်တကျကစားနိုင်တဲ့အသင်းမျိုးကို ရင်ဆိုင်ရတဲ့အခါ တစ်ဦးချင်းစွမ်းရည်ကောင်းတဲ့ ကစားသမားမျိုး ရှိဖို့လိုအပ်ပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေကို Individual Skill နဲ့ ကျော်ဖြတ်၊ ၁၈ ကိုက်အတွင်း space တွေဖြစ်အောင် လုပ်ပြနိုင်တဲ့သူမျိုးကို ရည်ညွှန်းချင်တာပါ။

ဒီလိုမှမဟုတ်ရင်တော့ အဝေးကန်ချက် ဒါမှမဟုတ် အမြင့်ဘောတွေ တင်ပြီးတော့ ဂိုးရဖို့ ကြိုးစားရတော့တာပါပဲ။အဲဒီနည်းနဲ့မှ ဂိုးမရရင်တော့ အမှတ်တွေ ဆုံးရှုံးဖို့က သေချာသလောက်ရှိပါတယ်။ ယူနိုက်တက်အသင်းမှာ ပြိုင်ဘက်ခံစစ်တွေကို တစ်ဦးချင်း အလိမ်အခေါက်နဲ့ ကျော်ဖြတ်နိုင်တဲ့သူ မရှိလို့ အဝေးကန်ချက်၊ အမြင့်ဘောတွေကိုသာ အဓိကထား ကစားခဲ့ရပြီး ဘန်လေအသင်းခံစစ်နဲ့ ဂိုးသမားအတွက် ဖိအားသိပ်မရှိဘဲ ကာကွယ်နိုင်ခဲ့တယ်။

ဒါပေမဲ့ (၇၁)မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကနေ ပေါ့ဘာက Volley ကန်သွင်းခဲ့တာမှာ Deflect ဖြစ်သွားပြီး ဂိုးဝင်ခဲ့လို့ ယူနိုက်တက် ကံကောင်းသွားခဲ့တယ်။ ပွဲပြီးခါနီးမှာ ဘန်လေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ယူနိုက်တက်ခံစစ်အသည်းအသန် ဖျက်ထုတ်ခဲ့ရသလို မာစီယဲလ်ကလည်း အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူး။ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ဦးဆောင်ဂိုးကို ပွဲပြီးတဲ့အထိ ထိန်းထားနိုင်ခဲ့တာကြောင့် (၃)မှတ်ရရှိခဲ့ပြီး အဆင့်(၁)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ (၁၇)ပွဲ ကစားအပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ယူနိုက်တက်အသင်း ရပ်တည်နိုင်ခဲ့တာက (၈)ရာသီအတွင်း ပထမဆုံးအကြိမ်ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ေမ်ာ္လင့္ခ်က္ အားေကာင္းေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေဝးကြင္းမွာ ဘန္ေလအသင္းကို ေပါ့ဘာရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ယူၿပီး အမွတ္ျပည့္ရယူႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ကြင္းလယ္ဒိုင္ ကီဗင္ဖရန္႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြက အျငင္းပြားစရာေတာ့ျဖစ္ခဲ့တယ္။ ၅၀-၅၀ အေနအထားမွာ ဂြတ္မန္ဆန္ကို ျပစ္ဒဏ္က်ဳးလြန္ခဲ့လို႔ လုခ္ေရွာကို အဝါကတ္ျပခဲ့ေပမယ့္ ကာဗာနီကို ေဘာလုံးမထိဘဲ Foul လုပ္ခဲ့တဲ့ ဘရာဒီကို ဘာမွအေရးမယူတာေတာ့ စိတ္ပ်က္စရာပါပဲ။ အဲဒီအခ်ိန္မွာ ပြဲက In play ျဖစ္ေနဆဲအေနအထားေၾကာင့္ ဘရာဒီကိုလည္း အေရးယူသင့္တယ္လို႔ျမင္မိတယ္။ ေနာက္တစ္ခုကလည္း မက္ဂြိဳင္းယားရဲ႕ ေခါင္းတိုက္ဂိုးကို ျပစ္ဒဏ္ေဘာေပးခဲ့တာပဲျဖစ္ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္က မွန္တယ္လို႔ေျပာလို႔ရေပမယ့္လည္း နည္းနည္းေတာ့ ျပင္းထန္လြန္းပါတယ္။ ဒီပြဲမွာ ဘန္ေလအသင္းကေတာ့ ထုံးစံအတိုင္းပဲ ခံစစ္ကို အခိုင္အမာတည္ေဆာက္ခဲ့ၿပီး တိုက္စစ္စရင္ ၿပိဳင္ဘက္ဂိုးဧရိယာထဲ Direct Ball​​ ေတြ တင္ၿပီး ၿခိမ္းေျခာက္ဖို႔ႀကိဳးပမ္းခဲ့တယ္။

ယူႏိုက္တက္ခံစစ္ကလည္း အျမင့္ေဘာေတြ ရွင္းထုတ္တဲ့ေနရာမွာ အားနည္းလို႔ ဘန္ေလအသင္းရဲ႕ အျမင့္ေဘာေတြကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရပါတယ္။ ခံစစ္ကို စနစ္တက်တည္ေဆာက္ၿပီး ကစားတဲ့အသင္းေတြနဲ႔ ရင္ဆိုင္ရရင္ အသင္းႀကီးေတြ ဒုကၡေရာက္တတ္တာကို ဒီရာသီ ပြဲေတာ္ေတာ္ မ်ားမ်ားမွာ ျမင္ေတြ႕ခဲ့ရတယ္။ ယူႏိုက္တက္-ဝု္လ္ဗ္၊ မန္စီးတီး-ဝက္စ္ဘ႐ြန္း၊ ေဆာက္သမ္တန္-လီဗာပူးလ္ စတဲ့ပြဲေတြမွာ အသင္းႀကီးေတြ ေတာ္ေတာ္ေလး ႐ုန္းကန္ရတာကို အားလုံးအသိပါပဲ။ ခံစစ္ကို စနစ္တက်ကစားႏိုင္တဲ့အသင္းမ်ိဳးကို ရင္ဆိုင္ရတဲ့အခါ တစ္ဦးခ်င္းစြမ္းရည္ေကာင္းတဲ့ ကစားသမားမ်ိဳး ရွိဖို႔လိုအပ္ၿပီး ၿပိဳင္ဘက္ခံစစ္ကစားသမားေတြကို Individual Skill နဲ႔ ေက်ာ္ျဖတ္၊ ၁၈ ကိုက္အတြင္း space ေတြျဖစ္ေအာင္ လုပ္ျပႏိုင္တဲ့သူမ်ိဳးကို ရည္ၫႊန္းခ်င္တာပါ။ ဒီလိုမွမဟုတ္ရင္ေတာ့ အေဝးကန္ခ်က္ ဒါမွမဟုတ္ အျမင့္ေဘာေတြ တင္ၿပီးေတာ့ ဂိုးရဖို႔ ႀကိဳးစားရေတာ့တာပါပဲ။ အဲဒီနည္းနဲ႔မွ ဂိုးမရရင္ေတာ့ အမွတ္ေတြ ဆုံးရႈံးဖို႔က ေသခ်ာသေလာက္ရွိပါတယ္။

ယူႏိုက္တက္အသင္းမွာ ၿပိဳင္ဘက္ခံစစ္ေတြကို တစ္ဦးခ်င္း အလိမ္အေခါက္နဲ႔ ေက်ာ္ျဖတ္ႏိုင္တဲ့သူ မရွိလို႔ အေဝးကန္ခ်က္၊ အျမင့္ေဘာေတြကိုသာ အဓိကထား ကစားခဲ့ရၿပီး ဘန္ေလအသင္းခံစစ္နဲ႔ ဂိုးသမားအတြက္ ဖိအားသိပ္မရွိဘဲ ကာကြယ္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ (၇၁)မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ေပးပို႔မႈကေန ေပါ့ဘာက Volley ကန္သြင္းခဲ့တာမွာ Deflect ျဖစ္သြားၿပီး ဂိုးဝင္ခဲ့လို႔ ယူႏိုက္တက္ ကံေကာင္းသြားခဲ့တယ္။ ပြဲၿပီးခါနီးမွာ ဘန္ေလရဲ႕ ၿခိမ္းေျခာက္မႈေတြေၾကာင့္ ယူႏိုက္တက္ခံစစ္အသည္းအသန္ ဖ်က္ထုတ္ခဲ့ရသလို မာစီယဲလ္ကလည္း အပိုင္အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့ဘူး။ ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ဦးေဆာင္ဂိုးကို ပြဲၿပီးတဲ့အထိ ထိန္းထားႏိုင္ခဲ့တာေၾကာင့္ (၃)မွတ္ရရွိခဲ့ၿပီး အဆင့္(၁)ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ (၁၇)ပြဲ ကစားအၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ယူႏိုက္တက္အသင္း ရပ္တည္ႏိုင္ခဲ့တာက (၈)ရာသီအတြင္း ပထမဆုံးအႀကိမ္ပါပဲ။