ဘန်လေနဲ့ပွဲမှာ ယူနိုက်တက် ဘယ်လိုနည်းဗျူဟာ၊ ဘယ်လိုလူစာရင်း အသုံးပြုလာနိုင်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းမွန်နေတဲ့ ယူနိုက်တက်ဟာ ယနေ့ညမှာ ဘန်လေနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ မရှုံးအောင်ကစားနိုင်ရင် အခါးသီးဆုံးပြိုင်ဘက် လီဗာပူးကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ။

ယူနိုက်တက်ဟာ ရာသီအစရလဒ်တွေဆိုးရွားခဲ့မှုနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရမှုတွေကို အနောက်မှာထားကာ အခုဆိုရင် ပရီးမီးယားလိဂ်မှာ မထင်မှတ်ဘဲ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အဆင့် ရောက်လာပြီး အာဆင်နယ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ၁၀ပွဲဆက်ရှုံးပွဲမရှိကစားထားပါတယ်။

နည်းပြဆိုးလ်ရှားအနေနဲ့လည်း အခုလိုအရေးကြီးတဲ့ပွဲမှာ အတောင့်တင်းဆုံးလူစာရင်း ထုတ်သုံးလာဖွယ်ရှိပြီး ဝက်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ ဖာနန်ဒက်စ်အပါအဝင် အဓိကကစားသမားအများစုကို အနားပေးခဲ့ပါတယ်။

ဒီပွဲမှာ ဒဏ်ရာပြဿနာတွေကြောင့် လင်ဒီလော့ဖ်၊ လုခ်ရှောနဲ့ ပေါ့ဂ်ဘာတို့ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပြီး ကြံ့ခိုင်မှုအပြည့်ရဖို့ သူတို့ကိ ုအနားပေးဖွယ်ရှိနေပါတယ်။

လူမျိုးရေးခွဲခြားတဲ့သဘောသက်ရောက်သွားတဲ့ မှတ်ချက်ကြောင့် ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ကာဗာနီ ပြစ်ဒဏ်စေ့သွားပြီဖြစ်လို့ ဒီပွဲမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

ကိုယ်က ဦးဆောင်တိုက်စစ်ဆင်ရမယ့်ပွဲမျိုးမှာ ဆိုးလ်ရှား အသုံးပြုဖို့ ဖြစ်နိုင်ခြေအများဆုံးနည်းဗျူဟာက ၄-၂-၃-၁ ဖြစ်ပြီး ဂိုးသမားနေရာမှာ ဒီဂီယာ၊ နောက်တန်းမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့အတူ ဘိုင်လီ ဆက်လက်ပါဝင်လာနိုင်ပါတယ်။

ညာနောက်ခံလူနေရာမှာ အငြင်းပွားဖွယ်မရှိ ဝမ်ဘစ်ဆာကာနဲ့ ဘယ်နောက်ခံလူအဖြစ် တယ်လက်စ်တို့ ပါဝင်လာနိုင်ပြီး ယူနိုက်တက်အနေနဲ့ ဘန်လေရဲ့အမြင့်ဘောခြိမ်းခြောက်မှုတွေကို ထိန်းချုပ်ကစားဖို့ လိုအပ်နေပါတယ်။

အထောင်တိုက်စစ်မှူးအဖြစ် မာရှယ်အစား ကာဗာနီကို အသုံးပြုလာနိုင်ပြီး သူ့နောက်မှာ မာရှယ်၊ ဘရူနိုနဲ့ ရက်ရှ်ဖို့ဒ်တို့က လိုက်ပါရံကစားဖွယ်ရှိကာ ကွင်းလယ်အတွဲအဖြစ် ပြေးအား၊ လိုက်အားကောင်းတဲ့ ဖရက်ဒ်နဲ့ မက်တိုမီနေးတို့ ပါဝင်လာနိုင်ပါတယ်။

ခံစစ်ပိတ်ကစားတဲ့ပြိုင်ဘက်နဲ့ပွဲမှာ ယူနိုက်တက်အသင်း နောက်ထပ်အသုံးပြုနိုင်တဲ့ နည်းဗျူဟာကတော့ ၄-၄-၂ (စိန်ပွင့်ပုံစံ)ဖြစ်ပြီး ခံစစ်ပိုင်းက ၄-၂-၃-၁ နဲ့အတူတူပဲဖြစ်ပါတယ်။

တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ရဲ့အနောက်မှာ ကွင်းလယ်ဖန်တီးရှင်အဖြစ် ဘရူနိုကို မြင်တွေ့ရဖွယ်ရှိပြီး ကွင်းလယ်ဘယ်နဲ့ ညာဘက်တွေမှာ ဖရက်ဒ်နဲ့ ဗန်ဒီဘိခ်၊ ကွင်းလယ်ခံစစ်နေရာမှာ မက်တိုမီနေးတို့ပါဝင်လာနိုင်ပါတယ်။

၃-၅-၂ ပုံစံက ခံစစ်နည်းနည်းအားပြုကစားတဲ့နည်းဗျူဟာဖြစ်ပြီး ဗဟိုခံစစ် ၃ယောက်အဖြစ် ဘိုင်လီ၊ မက်ဂွိုင်းယားနဲ့ တွမ်ဇီဘီ၊ ဘယ်ညာ တောင်ပံကစားသမားတွေအဖြစ် တယ်လက်စ်နဲ့ ဝမ်ဘစ်ဆာကာ၊ ကွင်းလယ်မှာ ဖရက်ဒ်၊ မက်တိုမီနေးနဲ့ ဘရူနို၊ တိုက်စစ်မှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ထုတ်သုံးနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘန္ေလနဲ႔ပြဲမွာ ယူႏုိက္တက္ ဘယ္လုိနည္းဗ်ဴဟာ၊ ဘယ္လုိလူစာရင္း အသုံးျပဳလာႏုိင္မလဲ

ပရီးမီးယားလိဂ္မွာ ရလဒ္ေတြေကာင္းမြန္ေနတဲ့ ယူႏုိက္တက္ဟာ ယေန႔ညမွာ ဘန္ေလနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ မ႐ံႈးေအာင္ကစားႏိုင္ရင္ အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးကို ေက်ာ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာပါ။ ယူႏုိက္တက္ဟာ ရာသီအစရလဒ္ေတြဆုိးရြားခ့ဲမႈနဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရမႈေတြကို အေနာက္မွာထားကာ အခုဆုိရင္ ပရီးမီးယားလိဂ္မွာ မထင္မွတ္ဘဲ ခ်န္ပီယံဆုစိန္ေခၚႏိုင္တဲ့အဆင့္ ေရာက္လာၿပီး အာဆင္နယ္ကို အိမ္ကြင္းမွာ အေရးနိမ့္ခဲ့ၿပီးခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ ၁၀ပဲြဆက္႐ံႈးပြဲမရွိကစားထားပါတယ္။ နည္းျပဆုိးလ္ရွားအေနနဲ႔လည္း အခုလိုအေရးႀကီးတဲ့ပြဲမွာ အေတာင့္တင္းဆုံးလူစာရင္း ထုတ္သုံးလာဖြယ္ရွိၿပီး ၀က္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့အက္ဖ္ေအဖလားပြဲမွာ ဖာနန္ဒက္စ္အပါအ၀င္ အဓိကကစားသမားအမ်ားစုကို အနားေပးခဲ့ပါတယ္။

ဒီပြဲမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ လင္ဒီေလာ့ဖ္၊ လုခ္ေရွာနဲ႔ ေပါ့ဂ္ဘာတုိ႔ ပါ၀င္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေနၿပီး ႀကံ့ခိုင္မႈအျပည့္ရဖို႔ သူတုိ႔ကိ ုအနားေပးဖြယ္ရွိေနပါတယ္။ လူမ်ိဳးေရးခြဲျခားတဲ့သေဘာသက္ေရာက္သြားတဲ့ မွတ္ခ်က္ေၾကာင့္ ၃ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ တုိက္စစ္မွဴး ကာဗာနီ ျပစ္ဒဏ္ေစ့သြားၿပီျဖစ္လုိ႔ ဒီပြဲမွာ ျပန္လည္ပါ၀င္လာႏုိင္ပါတယ္။ ကုိယ္က ဦးေဆာင္တုိက္စစ္ဆင္ရမယ့္ပြဲမ်ိဳးမွာ ဆုိးလ္ရွား အသုံးျပဳဖုိ႔ ျဖစ္ႏိုင္ေျခအမ်ားဆုံးနည္းဗ်ဴဟာက ၄-၂-၃-၁ ျဖစ္ၿပီး ဂိုးသမားေနရာမွာ ဒီဂီယာ၊ ေနာက္တန္းမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔အတူ ဘုိင္လီ ဆက္လက္ပါ၀င္လာႏိုင္ပါတယ္။

ညာေနာက္ခံလူေနရာမွာ အျငင္းပြားဖြယ္မရွိ ၀မ္ဘစ္ဆာကာနဲ႔ ဘယ္ေနာက္ခံလူအျဖစ္ တယ္လက္စ္တို႔ ပါ၀င္လာႏုိင္ၿပီး ယူႏိုက္တက္အေနနဲ႔ ဘန္ေလရဲ႕အျမင့္ေဘာၿခိမ္းေျခာက္မႈေတြကို ထိန္းခ်ဳပ္ကစားဖို႔ လိုအပ္ေနပါတယ္။ အေထာင္တုိက္စစ္မွဴးအျဖစ္ မာရွယ္အစား ကာဗာနီကို အသုံးျပဳလာႏိုင္ၿပီး သူ႕ေနာက္မွာ မာရွယ္၊ ဘ႐ူႏိုနဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔က လုိက္ပါရံကစားဖြယ္ရွိကာ ကြင္းလယ္အတြဲအျဖစ္ ေျပးအား၊ လုိက္အားေကာင္းတဲ့ ဖရက္ဒ္နဲ႔ မက္တုိမီေနးတုိ႔ ပါ၀င္လာႏိုင္ပါတယ္။ ခံစစ္ပိတ္ကစားတဲ့ၿပိဳင္ဘက္နဲ႔ပြဲမွာ ယူႏုိက္တက္အသင္း ေနာက္ထပ္အသုံးျပဳႏိုင္တဲ့ နည္းဗ်ဴဟာကေတာ့ ၄-၄-၂ (စိန္ပြင့္ပုံစံ)ျဖစ္ၿပီး ခံစစ္ပိုင္းက ၄-၂-၃-၁ နဲ႔အတူတူပဲျဖစ္ပါတယ္။

တုိက္စစ္မွဴးေတြျဖစ္တဲ့ ရက္ရွ္ဖုိ႔ဒ္နဲ႔ မာရွယ္တုိ႔ရဲ႕အေနာက္မွာ ကြင္းလယ္ဖန္တီးရွင္အျဖစ္ ဘ႐ူႏိုကို ျမင္ေတြ႕ရဖြယ္ရွိၿပီး ကြင္းလယ္ဘယ္နဲ႔ ညာဘက္ေတြမွာ ဖရက္ဒ္နဲ႔ ဗန္ဒီဘိခ္၊ ကြင္းလယ္ခံစစ္ေနရာမွာ မက္တုိမီေနးတုိ႔ပါ၀င္လာႏိုင္ပါတယ္။ ၃-၅-၂ ပုံစံက ခံစစ္နည္းနည္းအားျပဳကစားတဲ့နည္းဗ်ဴဟာျဖစ္ၿပီး ဗဟိုခံစစ္ ၃ေယာက္အျဖစ္ ဘုိင္လီ၊ မက္ဂြိဳင္းယားနဲ႔ တြမ္ဇီဘီ၊ ဘယ္ညာ ေတာင္ပံကစားသမားေတြအျဖစ္ တယ္လက္စ္နဲ႔ ၀မ္ဘစ္ဆာကာ၊ ကြင္းလယ္မွာ ဖရက္ဒ္၊ မက္တုိမီေနးနဲ႔ ဘ႐ူႏို၊ တုိက္စစ္မွာ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ ထုတ္သုံးႏိုင္ပါတယ္။