ဘန်လေနဲ့အရေးကြီးပွဲမှာ သူ့ကိုယ်သူ ဗန်ဒိုက်အဖြစ် ပြောင်းလဲလိုက်တဲ့ ဖီးလစ်

လီဗာပူးနောက်ခံလူ နသန်နီရယ်ဖီးလစ်ဟာ ယမန်နေ့ညက ဘန်လေကို ဝ-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိတဲ့အထိအထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဖီးလစ်ဟာ အဲဒီပွဲမှာ နောက်ခံလူတစ်ဦးအတွက် အဓိကတာဝန်ဖြစ်တဲ့ ပေးဂိုးမရှိပွဲဖြစ်အောင် ကစားပြသွားသလို တစ်ချိန်တည်းမှာပဲ ကစားသမားဘဝတစ်လျှောက် သူ့ရဲ့ပထမဆုံးဂိုးလည်း သွင်းယူခဲ့ပါတယ်။

သူဟာ လီဗာပူးအတွက် ၂-၀ ဂိုးဖြစ်စေမယ့် ဒုတိယမြောက်ဂိုးကို ပြင်းထန်အားပါတဲ့ခေါင်းတိုက်ချက်နဲ့ ရယူပေးခဲ့သလို အရေးပါတဲ့ခံစစ်ကစားမှုလည်း ပြသသွားပါတယ်။
အင်္ဂလန်နိုင်ငံသား ဖီးလစ်ဟာ ဘန်လေအသင်း ဂိုးမသွင်းနိုင်ရေးအတွက် ဂိုးစည်းပေါ်ကနေ ခေါင်းတိုက်ရှင်းထုတ်ခဲ့ပြီး ဒီအချက်ကြောင့်လည်း အသင်းအနေနဲ့ အရေးကြီးချိန်မှာ ဘန်လေအသင်းဘက်ကို ဂိုးမပေးခဲ့ရတာပါ။

လီဗာပူးပရိသတ်တွေကတော့ ဘန်လေနဲ့ပွဲက ဖီးလစ်ရဲ့ခြေစွမ်းကို အထူးသဘောကျနေပြီး လူမှုမီဒီယာမှာ အသီးသီးချီးကျူးခဲ့ပါတယ်။
”ဖီးလစ်ဟာ အခုလိုအရေးကြီးတဲ့အချိန်မှာ သူ့ကိုယ်သူ ဗန်ဒိုက်အဖြစ် ပြောင်းလဲလိုက်ပါတယ်”လို့ ပရိသတ်တစ်ဦးက ချီးကျူးခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဖီးလစ်က ”ကျွန်တော်တို့အတွက် အရေးကြီးဆုံးကတော့ ၃ မှတ်ရရှိခဲ့တာပါပဲ”

”အခုလိုကာလမှာ အနိုင်ရဖို့ပဲ လိုတာပါ။ ဘယ်လိုနိုင်သွားတယ်ဆိုတာက အရေးမကြီးပါဘူး။ ခြေစွမ်းတစ်သမတ်တည်းဖြစ်နေဖို့လည်း အရေးကြီးပါတယ်”လို့ ပြောပါတယ်။
သွင်းယူခဲ့တဲ့ ပထမဆုံးသွင်းဂိုးနဲ့ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့တာတွေအနက် ဘယ်ဖြစ်ရပ်ကို ပိုဖြစ်စေချင်လဲဆိုတဲ့ မေးခွန်းကို ဖီးလစ်က ”ဂိုးစည်းပေါ်ကနေ ရှင်းထုတ်လိုက်တဲ့ဖြစ်ရပ်ပေ့ါဗျာ”


”ဒါက ကျွန်တော့်ရဲ့တာဝန်လေ။ ကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ရက်သတ္တပတ်ဖြစ်လာဖို့ မျှော်လင့်ပြီး အခုတော့ တနင်္ဂနွေနေ့အတွက် အဆင်သင့်ဖြစ်နေစေဖို့ အနားယူပါဦးမယ်”လို့ ပြောပါတယ်။

Zawgyi
ဘန္ေလနဲ႔အေရးႀကီးပြဲမွာ သူ႔ကိုယ္သူ ဗန္ဒိုက္အျဖစ္ ေျပာင္းလဲလိုက္တဲ့ ဖီးလစ္

လီဗာပူးေနာက္ခံလူ နသန္နီရယ္ဖီးလစ္ဟာ ယမန္ေန႔ညက ဘန္ေလကို ဝ-၃ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုရရွိတဲ့အထိအထူးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ဖီးလစ္ဟာ အဲဒီပြဲမွာ ေနာက္ခံလူတစ္ဦးအတြက္ အဓိကတာဝန္ျဖစ္တဲ့ ေပးဂိုးမရွိပြဲျဖစ္ေအာင္ ကစားျပသြားသလို တစ္ခ်ိန္တည္းမွာပဲ ကစားသမားဘဝတစ္ေလွ်ာက္ သူ႔ရဲ႕ပထမဆုံးဂိုးလည္း သြင္းယူခဲ့ပါတယ္။
သူဟာ လီဗာပူးအတြက္ ၂-၀ ဂိုးျဖစ္ေစမယ့္ ဒုတိယေျမာက္ဂိုးကို ျပင္းထန္အားပါတဲ့ေခါင္းတိုက္ခ်က္နဲ႔ ရယူေပးခဲ့သလို အေရးပါတဲ့ခံစစ္ကစားမႈလည္း ျပသသြားပါတယ္။
အဂၤလန္ႏိုင္ငံသား ဖီးလစ္ဟာ ဘန္ေလအသင္း ဂိုးမသြင္းႏိုင္ေရးအတြက္ ဂိုးစည္းေပၚကေန ေခါင္းတိုက္ရွင္းထုတ္ခဲ့ၿပီး ဒီအခ်က္ေၾကာင့္လည္း အသင္းအေနနဲ႔ အေရးႀကီးခ်ိန္မွာ ဘန္ေလအသင္းဘက္ကို ဂိုးမေပးခဲ့ရတာပါ။
လီဗာပူးပရိသတ္ေတြကေတာ့ ဘန္ေလနဲ႔ပြဲက ဖီးလစ္ရဲ႕ေျခစြမ္းကို အထူးသေဘာက်ေနၿပီး လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးခဲ့ပါတယ္။

”ဖီးလစ္ဟာ အခုလိုအေရးႀကီးတဲ့အခ်ိန္မွာ သူ႔ကိုယ္သူ ဗန္ဒိုက္အျဖစ္ ေျပာင္းလဲလိုက္ပါတယ္”လို႔ ပရိသတ္တစ္ဦးက ခ်ီးက်ဴးခဲ့ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ဖီးလစ္က ”ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးဆုံးကေတာ့ ၃ မွတ္ရရွိခဲ့တာပါပဲ”
”အခုလိုကာလမွာ အႏိုင္ရဖို႔ပဲ လိုတာပါ။ ဘယ္လိုႏိုင္သြားတယ္ဆိုတာက အေရးမႀကီးပါဘူး။ ေျခစြမ္းတစ္သမတ္တည္းျဖစ္ေနဖို႔လည္း အေရးႀကီးပါတယ္”လို႔ ေျပာပါတယ္။
သြင္းယူခဲ့တဲ့ ပထမဆုံးသြင္းဂိုးနဲ႔ ဂိုးစည္းေပၚကေန ရွင္းထုတ္ခဲ့တာေတြအနက္ ဘယ္ျဖစ္ရပ္ကို ပိုျဖစ္ေစခ်င္လဲဆိုတဲ့ ေမးခြန္းကို ဖီးလစ္က ”ဂိုးစည္းေပၚကေန ရွင္းထုတ္လိုက္တဲ့ျဖစ္ရပ္ေပ့ါဗ်ာ”
”ဒါက ကြၽန္ေတာ့္ရဲ႕တာဝန္ေလ။ ကြၽန္ေတာ္တို႔အတြက္ သိပ္ေကာင္းတဲ့ရက္သတၱပတ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ၿပီး အခုေတာ့ တနဂၤေႏြေန႔အတြက္ အဆင္သင့္ျဖစ္ေနေစဖို႔ အနားယူပါဦးမယ္”လို႔ ေျပာပါတယ္။