ဘန်လေ ဝ-၁ မန်ယူပွဲပြီး အဓိကပြောစရာအချက်(၅)ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘန်လေနဲ့အဝေးကွင်းပွဲမှာ ပေါဂ့်ဘာရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကြောင့် မန်ယူဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ခက်ခက်ခဲခဲကစားခဲ့ရပေမယ့် ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး စိုးမိုးကစားနိုင်ခဲ့တဲ့ ဒုတိယပိုင်းရဲ့ပွဲပြီးဖို့ ၁၉ မိနစ်အလိုမှာ အဲဒီပြင်သစ်သားကွင်းလယ်လူက အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

ဒီနေ့ပွဲစဉ်အနိုင်ရယူနိုင်ခဲ့မှုမှာလည်း မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်ပီသလုပ်ဆောင်မှုတွေရှိခဲ့ပြီး ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကိုထောက်ပြ ဝေဖန်မှုတွေကိုလည်းပြုလုပ်ခဲ့သလိုပထမပိုင်းကတည်းက မန်ယူအသင်း ဦးဆောင်ဂိုးစရနိုင်စေမယ့် သွင်းဂိုးတစ်ဂိုးကိုလည်းသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က မက်ဂွိုင်းယားဟာ ပြိုင်ဘက်နောက်ခံလူကို ဖိပြီးခေါင်းတိုက်ဂိုးသွင်းတယ်ဆိုကာ ဂိုးအဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။ ဒုတိယပိုင်းက ခြေစွမ်းကောင်းဟာ မန်ယူ အမှတ်ပြည့်ရဖို့ လုံလောက်ခဲ့ပါတယ်။ အဲဒီပွဲက အဓိကပြောစရာအချက်တွေကို ထုတ်နှုတ်ရမယ်ဆိုရင်….

အမှတ်ပေးဇယားထိပ်ဆုံး

ဘန်လေနဲ့ ပွဲကျန်မှာ အမှတ်ပြည့်ယူနိုင်ခဲ့တာကြောင့် မန်ယူဟာ ဆိုးလ်ရှားလလ်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးရောက်ခဲ့တာပါ။ အဲဒီမတိုင်ခင် အမှတ်ပေးဇယားကို နောက်ဆုံးဦးဆောင်နိုင်ခဲ့တာက ၂၀၁၇ စက်တင်ဘာမှာ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့အစမှာ အမှတ်ပေးဇယားကို နောက်ဆုံးဦးဆောင်နိုင်ခဲ့တာက ၂၀၁၂-၁၃ ရာသီကဖြစ်ပြီး အဲဒီတုန်းက ရာသီအဆုံးသတ်မှာ စံချိန်တင်အကြိမ် ၂၀ မြောက်အဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်ရော အဲဒီလိုထပ်ဖြစ်နိုင်ဦးမလား။

မန်ယူအတွက် ဆန့်ကျင်ဘက်ဒိုင်အဆုံးအဖြတ်တွေ

အထူးသဖြင့် ပထမပိုင်းမှာ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တွေဆီက အဓိကဆုံးဖြတ်ချက်တွေဟာ မန်ယူအတွက် ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ကာဗာနီဟာ ဘန်လေခံစစ်တန်း နောက်ဆုံးလူရဲ့ဖျက်ထုတ်မှုနဲ့ကြုံခဲ့ရပါတယ်။ ဘန်လေပင်နယ်တီဧရိယာစပ်နား ဖရီးကစ်ရမှာဖြစ်သလို ပြိုင်ဘက်နောက်ခံလူဟာ အဝါကနေ အနီထိဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့တာပါ။

ဒါပေမဲ့ အဲဒီမတိုင်ခင် လုခ်ရှောက ၅၀-၅၀ အနေအထားမှာ ပြိုင်ဘက်ကစားသမားဂတ်မန်ဆန်ကို တားဆီးမှုလုပ်ခဲ့ပါတယ်။ အဲဒီတော့ မန်ယူဟာ ဖရီးကစ်ရမယ့်အစား ဖရီးကစ်ပေးလိုက်ရတယ်။

အဲဒီနောက် လုခ်ရှောရဲ့ဖြတ်တင်မှုကနေ မက်ဂွိုင်းယားဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားဖိတိုက်တယ်ဆိုပြီး ဂိုးအဖြစ် အသိအမှတ်ပြုခံရခြင်း မရှိခဲ့ဘူး။

ဘန်လေရဲ့ကြံ့ကြံ့ခံမှုကို ထိုးဖောက်ကျော်ဖြတ်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ဂိုး

မိနစ် ၇၀ တိုင် မန်ယူတိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တာကြောင့် အဲဒီအချိန်မှာ ဘန်လေဟာ သူတို့လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိနေမှာပါ။

ဒါပေမဲ့ ပေါ့ဂ်ဘာရဲ့ မြေမကျကန်ချက်ပြင်းပြင်း ဘန်လေအတွက် ဘယ်လိုမှ မတတ်သာ ဖြစ်သွားပါတယ်။ ဧရိယာအစပ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ဖြတ်တင်ဘောကနေ ရရှိတဲ့ဘောလုံးကို ပေါ့ဂ်ဘာက ပါဝါအပြည့်နဲ့ကန်ခဲ့ရာမှာ ဘန်လေဂိုးသမားအတွက် ဘယ်လိုမှ အခွင့်အရေးမရှိခဲ့ဘူး။

တစ်သင်းလုံးနီးပါးအပြောင်းအလဲနဲ့

ပြိုင်ပွဲအရပ်ရပ် ၉ ပွဲကစားရမယ့် လတစ်ခုမှာ အသင်း လန်းလန်းဆန်းဆန်းရှိဖို့က အရေးပါပြီး ဘန်လေနဲ့ပွဲဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနောက်ပိုင်း မန်ယူကစားရတဲ့ တတိယမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ ဝက်ဖို့ဒ်နဲ့အက်ဖ်အေဖလားပွဲက လူစာရင်းကို ၁၀ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာဟာ အံ့အားသင့်စရာ မရှိပါဘူး။

အဲဒီမှာ ပြန်ပါလာတဲ့တစ်ယောက်တည်းသောသူက နောက်ခံလူအဲရစ်ဘိုင်လီပါ။ အဲဒီအိုင်ဗရီကို့စ်သားဟာ အခုဆို မန်ယူရဲ့နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲစလုံးမှာ ပါဝင်ခဲ့ပြီး သူပါဝင်တဲ့ အဲဒီ ၄ ပွဲမှာ ၂ ပွဲတိုင် ဂိုးမပေးခဲ့ရပါဘူး။

ခါးသီးပြိုင်ဘက်နဲ့ရင်ဆိုင်ခြင်း

အခုတော့ မန်ယူဟာ ကာလရှည် ခါးသီးပြိုင်ဘက်လည်းဖြစ်၊ လက်ရှိချန်ပီယံပြိုင်ဘက်လည်းဖြစ်တဲ့ အဆင့် ၂ နေရာက လီဗာပူးနဲ့ လာမယ့်တနင်္ဂနွေ အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရတော့မှာပါ။ လက်ရှိထိပ်ဆုံးနှစ်သင်းတွေ့ကြမှာဆိုတော့ ပိုလို့တောင် စိတ်ဝင်စားစရာကောင်းသွားတယ်။

လီဗာပူးကို ပူပူနွေးနွေးကျော်တက်ပြီး ဇယားထိပ်ရောက်လာတဲ့ မန်ယူဟာ အန်ဖီးလ်မှာသာ အောင်ပွဲဆင်နိုင်မယ်ဆိုရင် လက်ရှိချန်ပီယံအသင်းကို ၆ မှတ်ဖြတ်နိုင်မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘန္ေလ ဝ-၁ မန္ယူပြဲၿပီး အဓိကေျပာစရာအခ်က္(၅)ခ်က္

ဘန္ေလနဲ႔အေဝးကြင္းပြဲမွာ ေပါဂ့္ဘာရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးေၾကာင့္ မန္ယူဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ ခက္ခက္ခဲခဲကစားခဲ့ရေပမယ့္ ထိုက္တန္တဲ့ႏိုင္ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး စိုးမိုးကစားႏိုင္ခဲ့တဲ့ ဒုတိယပိုင္းရဲ႕ပြဲၿပီးဖို႔ ၁၉ မိနစ္အလိုမွာ အဲဒီျပင္သစ္သားကြင္းလယ္လူက အႏိုင္ဂိုးသြင္းယူေပးခဲ့တာပါ။ ဒီေန႔ပြဲစဥ္အႏိုင္ရယူႏုိင္ခဲ့မႈမွာလည္း မက္ဂြိဳင္းယားဟာ အသင္းေခါင္းေဆာင္ပီသလုပ္ေဆာင္မႈေတြရွိခဲ့ၿပီး ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ေတြကိုေထာက္ျပ ေဝဖန္မႈေတြကိုလည္းျပဳလုပ္ခဲ့သလိုပထမပိုင္းကတည္းက မန္ယူအသင္း ဦးေဆာင္ဂိုးစရႏိုင္ေစမယ့္ သြင္းဂိုးတစ္ဂိုးကိုလည္းသြင္းယူခဲ့ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ဒိုင္က မက္ဂြိဳင္းယားဟာ ၿပိဳင္ဘက္ေနာက္ခံလူကို ဖိၿပီးေခါင္းတိုက္ဂိုးသြင္းတယ္ဆိုကာ ဂိုးအျဖစ္ အသိအမွတ္မျပဳခဲ့ပါဘူး။ ဒုတိယပိုင္းက ေျခစြမ္းေကာင္းဟာ မန္ယူ အမွတ္ျပည့္ရဖို႔ လုံေလာက္ခဲ့ပါတယ္။ အဲဒီပြဲက အဓိကေျပာစရာအခ်က္ေတြကို ထုတ္ႏႈတ္ရမယ္ဆိုရင္….

အမွတ္ေပးဇယားထိပ္ဆုံး – ဘန္ေလနဲ႔ ပြဲက်န္မွာ အမွတ္ျပည့္ယူႏိုင္ခဲ့တာေၾကာင့္ မန္ယူဟာ ဆိုးလ္ရွားလလ္ထက္ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ထိပ္ဆုံးေရာက္ခဲ့တာပါ။ အဲဒီမတိုင္ခင္ အမွတ္ေပးဇယားကို ေနာက္ဆုံးဦးေဆာင္ႏိုင္ခဲ့တာက ၂၀၁၇ စက္တင္ဘာမွာ ျဖစ္ပါတယ္။ ႏွစ္တစ္ႏွစ္ရဲ႕အစမွာ အမွတ္ေပးဇယားကို ေနာက္ဆုံးဦးေဆာင္ႏိုင္ခဲ့တာက ၂၀၁၂-၁၃ ရာသီကျဖစ္ၿပီး အဲဒီတုန္းက ရာသီအဆုံးသတ္မွာ စံခ်ိန္တင္အႀကိမ္ ၂၀ ေျမာက္အျဖစ္ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္ေရာ အဲဒီလိုထပ္ျဖစ္ႏိုင္ဦးမလား။

မန္ယူအတြက္ ဆန႔္က်င္ဘက္ဒိုင္အဆုံးအျဖတ္ေတြ – အထူးသျဖင့္ ပထမပိုင္းမွာ ကြင္းလယ္ဒိုင္နဲ႔ VAR ဒိုင္ေတြဆီက အဓိကဆုံးျဖတ္ခ်က္ေတြဟာ မန္ယူအတြက္ ဆန႔္က်င္ဘက္ျဖစ္ခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔ ကာဗာနီဟာ ဘန္ေလခံစစ္တန္း ေနာက္ဆုံးလူရဲ႕ဖ်က္ထုတ္မႈနဲ႔ႀကဳံခဲ့ရပါတယ္။ ဘန္ေလပင္နယ္တီဧရိယာစပ္နား ဖရီးကစ္ရမွာျဖစ္သလို ၿပိဳင္ဘက္ေနာက္ခံလူဟာ အဝါကေန အနီထိျဖစ္သြားႏိုင္တဲ့ အေနအထားမွာ ရွိခဲ့တာပါ။ ဒါေပမဲ့ အဲဒီမတိုင္ခင္ လုခ္ေရွာက ၅၀-၅၀ အေနအထားမွာ ၿပိဳင္ဘက္ကစားသမားဂတ္မန္ဆန္ကို တားဆီးမႈလုပ္ခဲ့ပါတယ္။ အဲဒီေတာ့ မန္ယူဟာ ဖရီးကစ္ရမယ့္အစား ဖရီးကစ္ေပးလိုက္ရတယ္။ အဲဒီေနာက္ လုခ္ေရွာရဲ႕ျဖတ္တင္မႈကေန မက္ဂြိဳင္းယားဂိုးသြင္းခဲ့ေပမယ့္ ၿပိဳင္ဘက္ကစားသမားဖိတိုက္တယ္ဆိုၿပီး ဂိုးအျဖစ္ အသိအမွတ္ျပဳခံရျခင္း မရွိခဲ့ဘူး။

ဘန္ေလရဲ႕ႀကံ့ႀကံ့ခံမႈကို ထိုးေဖာက္ေက်ာ္ျဖတ္ခဲ့တဲ့ ေပါ့ဂ္ဘာရဲ႕ဂိုး – မိနစ္ ၇၀ တိုင္ မန္ယူတိုက္စစ္ကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တာေၾကာင့္ အဲဒီအခ်ိန္မွာ ဘန္ေလဟာ သူတို႔လုပ္ႏိုင္မယ္လို႔ ယုံၾကည္မႈရွိေနမွာပါ။ ဒါေပမဲ့ ေပါ့ဂ္ဘာရဲ႕ ေျမမက်ကန္ခ်က္ျပင္းျပင္း ဘန္ေလအတြက္ ဘယ္လိုမွ မတတ္သာ ျဖစ္သြားပါတယ္။ ဧရိယာအစပ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ျဖတ္တင္ေဘာကေန ရရွိတဲ့ေဘာလုံးကို ေပါ့ဂ္ဘာက ပါဝါအျပည့္နဲ႔ကန္ခဲ့ရာမွာ ဘန္ေလဂိုးသမားအတြက္ ဘယ္လိုမွ အခြင့္အေရးမရွိခဲ့ဘူး။

တစ္သင္းလုံးနီးပါးအေျပာင္းအလဲနဲ႔ – ၿပိဳင္ပြဲအရပ္ရပ္ ၉ ပြဲကစားရမယ့္ လတစ္ခုမွာ အသင္း လန္းလန္းဆန္းဆန္းရွိဖို႔က အေရးပါၿပီး ဘန္ေလနဲ႔ပြဲဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေနာက္ပိုင္း မန္ယူကစားရတဲ့ တတိယေျမာက္ပြဲစဥ္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ဝက္ဖို႔ဒ္နဲ႔အက္ဖ္ေအဖလားပြဲက လူစာရင္းကို ၁၀ ေယာက္အထိ အေျပာင္းအလဲလုပ္ခဲ့တာဟာ အံ့အားသင့္စရာ မရွိပါဘူး။ အဲဒီမွာ ျပန္ပါလာတဲ့တစ္ေယာက္တည္းေသာသူက ေနာက္ခံလူအဲရစ္ဘိုင္လီပါ။ အဲဒီအိုင္ဗရီကို႔စ္သားဟာ အခုဆို မန္ယူရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ ၄ ပြဲစလုံးမွာ ပါဝင္ခဲ့ၿပီး သူပါဝင္တဲ့ အဲဒီ ၄ ပြဲမွာ ၂ ပြဲတိုင္ ဂိုးမေပးခဲ့ရပါဘူး။

ခါးသီးၿပိဳင္ဘက္နဲ႔ရင္ဆိုင္ျခင္း – အခုေတာ့ မန္ယူဟာ ကာလရွည္ ခါးသီးၿပိဳင္ဘက္လည္းျဖစ္၊ လက္ရွိခ်န္ပီယံၿပိဳင္ဘက္လည္းျဖစ္တဲ့ အဆင့္ ၂ ေနရာက လီဗာပူးနဲ႔ လာမယ့္တနဂၤေႏြ အန္ဖီးလ္မွာ သြားေရာက္ရင္ဆိုင္ရေတာ့မွာပါ။ လက္ရွိထိပ္ဆုံးႏွစ္သင္းေတြ႕ၾကမွာဆိုေတာ့ ပိုလို႔ေတာင္ စိတ္ဝင္စားစရာေကာင္းသြားတယ္။ လီဗာပူးကို ပူပူေႏြးေႏြးေက်ာ္တက္ၿပီး ဇယားထိပ္ေရာက္လာတဲ့ မန္ယူဟာ အန္ဖီးလ္မွာသာ ေအာင္ပြဲဆင္ႏိုင္မယ္ဆိုရင္ လက္ရွိခ်န္ပီယံအသင္းကို ၆ မွတ္ျဖတ္ႏိုင္မွာပါ။