ဘယ်တော့မှ ထပ်တွေ့ရဖို့ မလွယ်တဲ့ အသက်ရှူမှားလောက်ဖွယ် မက်ဆီရဲ့ ၂၀၁၂

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ လွန်ခဲ့တဲ့ ၈နှစ်က ဒီလိုနေ့မျိုးမှာ ၂၀၁၂ အတွင်း သူ့ရဲ့ ၉၁ ဂိုးမြောက်သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဆီကနေ အကြီးကျယ်ဆုံးနှစ်ကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။


အဲဒီအချိန်တုန်းက အသက် ၂၅နှစ်ပဲရှိသေးတဲ့ မက်ဆီဟာ ၂၀၁၂ အတွင်း ကလပ်နဲ့လက်ရွေးစင်အသင်းတို့အတွက် စုစုပေါင်း ၆၉ပွဲကစားခဲ့ပြီး ဗယ်လာဒိုးလစ်ကို အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


စုစုပေါင်း ၉၁ ဂိုးအနက် ၇၉ဂိုးကို ဘာစီလိုနာအတွက် သွင်းယူပေးခဲ့တာဖြစ်သလို ကျန် ၁၂ဂိုးကိုတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူခဲ့တာဖြစ်ပြီး ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ က စံချိန်တင်ခဲ့တဲ့ ဂျာမနီနဲ့ဘိုင်ယန်ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာရဲ့ ၈၅ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။


ရွှေဘောလုံးဆု စံချိန်တင် ၆ကြိမ်အထိရရှိထားတဲ့မက်ဆီဟာ ချန်ပီယံလိဂ် ၁၂ပွဲမှာ ၁၃ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီထဲမှာ လေဗာကူဆင်အသင်းဘက်ကို ၅ဂိုး၊ အာဆင်နယ်အသင်းဘက်ကို ၄ဂိုးသွင်းယူနိုင်ခဲ့တာတွေလည်း ပါဝင်ပါတယ်။

သူဟာ အဲဒီနှစ်က စပိန်ဘုရင့်ဖလား ၈ပွဲမှာ ၅ဂိုးသွင်းယူနိုင်ခဲ့ပြီး စပိန်စူပါဖလား ၂ပွဲမှာ ၂ဂိုးနဲ့ လာလီဂါ ၃၈ပွဲမှာ ၅၉ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ပင်နယ်တီ ၁၄ဂိုး၊ ဟက်ထရစ် ၉ကြိမ်နဲ့ တစ်ဂိုးသွင်းယူဖို့ ပျမ်းမျှကြာချိန်က ၆၆မိနစ်ပဲရှိသလို မက်ဆီ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ၄၇ပွဲအနက် ၂၁ပွဲမှာ ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။


သွင်းယူခဲ့တဲ့ ၉၁ဂိုးအနက် ၇၈ဂိုးက ပင်နယ်တီဧရိယာထဲကနေ သွင်းယူခဲ့တာဖြစ်သလို သွင်းဂိုး ၄၀ က မိနစ် ၆၀ နောက်ပိုင်းရောက်မှ သွင်းယူခဲ့တာဖြစ်ပါတယ်။

မှော်အစွမ်းတွေ တောက်ပခဲ့တဲ့ မက်ဆီရဲ့ ၂၀၁၂ စွမ်းဆောင်ရည်က ဘယ်တော့မှ ထပ်မံမြင်တွေ့ရဖို့မလွယ်ဘဲ အဲဒီနှစ်မှာ သူတစ်ယောက်တည်းရဲ့သွင်းဂိုးအရေအတွက် ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့တစ်သင်းလုံးပေါင်းသွင်းဂိုးအရေအတွက်ထက် ပိုများခဲ့ပါတယ်။


မက်ဆီရဲ့အံ့ဖွယ်သွင်းဂိုးအစွမ်းကို ပိုမိုထင်ပေါ်စေတာကတော့ ယခုနှစ်အတွင်း စီရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးတို့နှစ်ဦးပေါင်း ပွဲ ၈၀ကစားထားတဲ့အနက် သွင်းဂိုးက ၉၁ဂိုးရှိပါတယ်။


အဲဒီနှစ်မှာ ၄ကြိမ်ဆက် ရွှေဘောလုံးဆု ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ မက်ဆီဟာ ၂၀၁၂ အတွင်း အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု စုစုပေါင်း ၂၉ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဘယ္ေတာ့မွ ထပ္ေတြ႕ရဖုိ႔ မလြယ္တဲ့ အသက္႐ွဴမွားေလာက္ဖြယ္ မက္ဆီရဲ႕ ၂၀၁၂
ဘာစီလုိနာတုိက္စစ္မွဴး လီယြန္နယ္မက္ဆီဟာ လြန္ခဲ့တဲ့ ၈ႏွစ္က ဒီလိုေန႔မ်ိဳးမွာ ၂၀၁၂ အတြင္း သူ႕ရဲ႕ ၉၁ ဂိုးေျမာက္သြင္းဂိုး သြင္းယူႏုိင္ခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားတစ္ဦးဆီကေန အႀကီးက်ယ္ဆုံးႏွစ္ကို ေတြ႕ျမင္ခဲ့ရတာျဖစ္ပါတယ္။

အဲဒီအခ်ိန္တုန္းက အသက္ ၂၅ႏွစ္ပဲရွိေသးတဲ့ မက္ဆီဟာ ၂၀၁၂ အတြင္း ကလပ္နဲ႔လက္ေရြးစင္အသင္းတုိ႔အတြက္ စုစုေပါင္း ၆၉ပြဲကစားခဲ့ၿပီး ဗယ္လာဒိုးလစ္ကို အေ၀းကြင္းမွာ ၁-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဘာစီလုိနာအတြက္ တစ္ဂုိးသြင္းယူနုိင္ခဲ့ပါတယ္။
စုစုေပါင္း ၉၁ ဂိုးအနက္ ၇၉ဂိုးကို ဘာစီလုိနာအတြက္ သြင္းယူေပးခဲ့တာျဖစ္သလုိ က်န္ ၁၂ဂိုးကိုေတာ့ အာဂ်င္တီးနားအသင္းအတြက္ သြင္းယူခဲ့တာျဖစ္ၿပီး ျပကၡဒိန္တစ္ႏွစ္အတြင္း ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ က စံခ်ိန္တင္ခဲ့တဲ့ ဂ်ာမနီနဲ႔ဘုိင္ယန္ဂႏၳ၀င္တုိက္စစ္မွဴး ဂတ္မူလာရဲ႕ ၈၅ဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။
ေရႊေဘာလုံးဆု စံခ်ိန္တင္ ၆ႀကိမ္အထိရရွိထားတဲ့မက္ဆီဟာ ခ်န္ပီယံလိဂ္ ၁၂ပြဲမွာ ၁၃ဂိုးသြင္းယူႏုိင္ခဲ့ၿပီး အဲဒီထဲမွာ ေလဗာကူဆင္အသင္းဘက္ကို ၅ဂိုး၊ အာဆင္နယ္အသင္းဘက္ကို ၄ဂုိးသြင္းယူႏုိင္ခဲ့တာေတြလည္း ပါ၀င္ပါတယ္။
သူဟာ အဲဒီႏွစ္က စပိန္ဘုရင့္ဖလား ၈ပြဲမွာ ၅ဂိုးသြင္းယူနုိင္ခဲ့ၿပီး စပိန္စူပါဖလား ၂ပဲြမွာ ၂ဂိုးနဲ႔ လာလီဂါ ၃၈ပြဲမွာ ၅၉ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ သူဟာ ပင္နယ္တီ ၁၄ဂိုး၊ ဟက္ထရစ္ ၉ႀကိမ္နဲ႔ တစ္ဂိုးသြင္းယူဖို႔ ပ်မ္းမွ်ၾကာခ်ိန္က ၆၆မိနစ္ပဲရွိသလုိ မက္ဆီ ဂိုးသြင္းယူႏုိင္ခဲ့တ့ဲ ၄၇ပဲြအနက္ ၂၁ပဲြမွာ ဦးေဆာင္ဂိုးေတြသြင္းယူႏုိင္ခဲ့ပါတယ္။

သြင္းယူခဲ့တဲ့ ၉၁ဂိုးအနက္ ၇၈ဂိုးက ပင္နယ္တီဧရိယာထဲကေန သြင္းယူခဲ့တာျဖစ္သလုိ သြင္းဂိုး ၄၀ က မိနစ္ ၆၀ ေနာက္ပိုင္းေရာက္မွ သြင္းယူခဲ့တာျဖစ္ပါတယ္။
ေမွာ္အစြမ္းေတြ ေတာက္ပခဲ့တဲ့ မက္ဆီရဲ႕ ၂၀၁၂ စြမ္းေဆာင္ရည္က ဘယ္ေတာ့မွ ထပ္မံျမင္ေတြ႕ရဖုိ႔မလြယ္ဘဲ အဲဒီႏွစ္မွာ သူတစ္ေယာက္တည္းရဲ႕သြင္းဂိုးအေရအတြက္ ပီအက္စ္ဂ်ီ၊ ေဒါ့မြန္၊ ယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕တစ္သင္းလုံးေပါင္းသြင္းဂိုးအေရအတြက္ထက္ ပုိမ်ားခဲ့ပါတယ္။
မက္ဆီရဲ႕အ့ံဖြယ္သြင္းဂိုးအစြမ္းကို ပိုမိုထင္ေပၚေစတာကေတာ့ ယခုႏွစ္အတြင္း စီေရာ္နယ္ဒိုနဲ႔ လီ၀န္ေဒါစကီးတုိ႔ႏွစ္ဦးေပါင္း ပြဲ ၈၀ကစားထားတဲ့အနက္ သြင္းဂိုးက ၉၁ဂိုးရွိပါတယ္။
အဲဒီႏွစ္မွာ ၄ႀကိမ္ဆက္ ေရႊေဘာလုံးဆု ထိုက္ထိုက္တန္တန္ရရွိခဲ့တဲ့ မက္ဆီဟာ ၂၀၁၂ အတြင္း အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးမႈ စုစုေပါင္း ၂၉ႀကိမ္အထိ ျပဳလုပ္ေပးခဲ့ပါတယ္။