ဘယ်လင်ဂမ်ဟာ ဆိုင်းဘုတ်ထောင်ပြီးအင်္ကျီတောင်းတဲ့ပရိသတ်ကိုမပေးဘဲ အခြားပရိသတ်တစ်ဦးကိုပေးခဲ့
ဂျူ့ဘယ်လင်ဂမ်ဟာဆန်မာရီနိုအားအနိုင်ရရှိတဲ့ပွဲအပြီးမှာ
သူ့ရဲ့ အင်္ဂလန်အသင်းအင်္ကျီကိုဆိုင်းဘုတ်ထောင်ပြီးတောင်းတဲ့ပရိသတ်ကိုမပေးဘဲ
ယင်းပရိသတ်ဘေးနားမှအခြားလူတစ်ဦးကိုအံ့ဩသင့်ဖွယ်ပေးခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာဆန်မာရီနိုအား၁၀-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်
အင်္ဂလန်အသင်းအတွက်ပထမဆုံးအကြိမ်အဖြစ်ပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။
ဒေါ့မွန်ကွင်းလယ်ကစားသမားဟာအင်္ဂလန်အသင်းအတွက်၁၀ပွဲတည်းသာ
ကစားခွင့်ရရှိထားပေမယ့်လည်းပရိသတ်များအကြားလူချစ်လူခင်များတဲ့
ကစားသမားတစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။ယင်းပွဲမှာပရိသတ်တစ်ဦးဟာ
အသက်၁၈နှစ်အရွယ်ရှိဘာမင်ဂမ်ကစားသမားဟောင်းကိုမြင်တွေ့ရမှုကြောင့်
အလွန်ပျော်ရွှင်နေမှာဖြစ်ပြီးသူဟာဆိုင်းဘုတ်ကိုင်ကာဘယ်လင်ဂမ်ရဲ့
အင်္ကျီကိုရရှိလိုကြောင်းတောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်ဘယ်လင်ဂမ်ဟာယင်းဆိုင်းဘုတ်ထောင်ပြီးအင်္ကျီတောင်းတဲ့ပရိသတ်ကို
မပေးဘဲအခြားပရိသတ်တစ်ဦးကိုပေးခဲ့ပါတယ်။
zawgyi