ဘယ်လင်ဂမ်အတွက် အသင့်တော်ဆုံးက ယူနိုက်တက်အသင်းပဲ

လီဗာပူးလ်အသင်းဂန္ထဝင်ကစားသမားမက်မန်နာမန်က ဒေ့ါမွန်လူငယ်ကွင်းလယ်လူ

ဘယ်လင်ဂမ်အတွက် အသင့်တော်ဆုံးကလပ်က မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပြီး

သူ့ကိုခေါ်ယူဖို့ကြိုးပမ်းသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်ကွင်းလယ်လူ

ဘယ်လင်ဂမ်ဟာ အခုအချိန်မှာ ဒေ့ါမွန်အသင်းမှာသာမက လက်ရွေးစင်အသင်းမှာပါ

အဓိက,ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိနေသူဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကလည်း ကွင်းလယ်ကို ပြင်ဆင်အားဖြည့်ဖို့အတွက်

ဘယ်လင်ဂန်ကို ပစ်မှတ်ထားနေပြီး မက်မန်နာမန်က ဘယ်လင်ဂန်ရဲ့ကစားသမားဘဝ

အခုထက်ပိုတိုးတက်လာဖို့အတွက် အသင့်တော်ဆုံးက

ယူနိုက်တက်သာဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

မက်မန်နာမန်က “ဘယ်လင်ဂမ်ဟာ ထိပ်တန်းအဆင့်ကစားသမားဖြစ်လာဖို့

အရည်အချင်းအားလုံးပိုင်ဆိုင်ထားပါတယ်။

သူ့ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့အသင်းတွေထဲမှာ

ယူနိုက်တက်အသင်းက ကွင်းလယ်ကို မဖြစ်မနေအားဖြည့်ရမှာဖြစ်ပြီး

မန်စီးတီးအသင်းကတော့ ရိုဒရီ၊ ဂွမ်ဒိုဂမ်၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ တောင့်တင်းနေပါပြီ။

လီဗာပူးလ်အသင်းမှာလည်း ဟန်ဒါဆင်၊ ဖာဘင်ဟိုတို့ရှိနေတာကြောင့်

ယ်လင်ဂမ်အတွက် အသင့်တော်ဆုံးက ယူနိုက်တက်အသင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

zawgyi


လီဗာပူးလ်အသင်းဂန္ထဝင်ကစားသမားမက်မန်နာမန်က ဒေါ့မွန်လူငယ်ကွင်းလယ်လူ




ဘယ်လင်ဂမ်ဟာ အခုအချိန်မှာ ဒေါ့မွန်အသင်းမှာသာမက လက်ရွေးစင်အသင်းမှာပါ












ဘယ်လင်ဂမ်အတွက် အသင့်တော်ဆုံးက ယူနိုက်တက်အသင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။