
ဘိုင်ယန်မြူးနစ်ဂိုးသမားမန်နူရယ်နူအာဟာထိတ်လန့်စရာဘောလုံးရှင်းထုတ်မှု
မအောင်မြင်မှုနဲ့ကြုံခြ့ရပါတယ်။ဒါပေမယ့်နူအာဟာဂိုးတိုင်ကြောင့်
ကံကောင်းထောက်မသွားခဲ့ပါတယ်။
ဂျာမန်ဂိုးသမားဟာမနေ့ညတုန်းကဒိုင်နမိုကိဗ်ကိုဘိုင်ယန်မြူးနစ်က
၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာရယ်စရာကောင်းတဲ့အမှားလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာဘိုင်ယန်မြးနစ်ဟာရောဘတ်လီဝန်ဒေါ့စကီး၊
ကိုးမန်းတို့ရဲ့ဂိုးဖြင့်ချန်ပီယံလိဂ်မှာရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်ဘိုင်ယန်မြူးနစ်ဟာပွဲချိန်၂၈မိနစ်မှာနူအာရဲ့အမှားကြောင့်
ခက်ခဲတဲ့ပွဲတစ်ပွဲကြုံရလုနီးပါးဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်ကဒိုင်နမိုရဲ့တိုက်စစ်ကိုခုခံချိန်မှာဘောလုံးကနူအာရဲ့
ခြောက်ကိုက်စည်းအတွင်းသို့ရောက်လာပါတယ်။
ဂိုးသမားချက်ချင်းပြေးထွက်ပြီးဆီးနှင်းများပြည့်နေတဲ့မြက်ခင်းမှာ
ဘောလုံးကိုရှင်းထုတ်ခဲ့ပါတယ်။ဒါပေမယ့်နူအာရဲ့ကန်ချက်က
လွဲချော်သွားပြီးဘောလုံးကဂိုးပေါက်ဆီသို့ဦးတည်လိမ့်သွားပါတယ်။
ဂိုးသမားဟာဘောလုံးကိုငေးကြည့်ရုံသာတတ်နိုင်ပြီးဒိုင်နမိုတို့ဂိုးရမယ့်
အနေအထားဖြစ်ခဲ့ပါတယ်။ကံကောင်းချင်တော့ဘောလုံးကတိုင်ထိသွားခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ပြီး၁၄မိနစ်အကြာမှာလီဝန်ဒေါ့စကီးက Overhead Kick ဖြင့်
ဘိုင်ယန်အတွက်ဦးဆောင်ဂိုးစတင်သွားခဲ့ပါတယ်။
လီဝန်ဒေါ့စကီးဟာဖိနပ်ကြိုးဖြေနေချိန်မှာယင်းဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်အတွက်ဒုတိယဂိုးကိုပထမပိုင်းမပြီးခင်ကိုးမန်းကထပ်မံသွင်းယူခဲ့ကာ
ဒိုင်နမိုအတွက်နှစ်သိမ့်ဂိုးကိုဒုတိယပိုင်းမှာသွင်းယူခဲ့ပါတယ်။
zawgyi
ဘယ္လိုျဖစ္ရသလဲ ႏူအာရယ္.. ဂိုးတိုင္ကယ္ေပလို႔သာေပါ့…
ဘိုင္ယန္ျမဴးနစ္ဂိုးသမားမန္ႏူရယ္ႏူအာဟာထိတ္လန႔္စရာေဘာလုံးရွင္းထုတ္မႈ
မေအာင္ျမင္မႈနဲ႔ႀကဳံျခ့ရပါတယ္။ဒါေပမယ့္ႏူအာဟာဂိုးတိုင္ေၾကာင့္
ကံေကာင္းေထာက္မသြားခဲ့ပါတယ္။
ဂ်ာမန္ဂိုးသမားဟာမေန႔ညတုန္းကဒိုင္နမိုကိဗ္ကိုဘိုင္ယန္ျမဴးနစ္က
၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာရယ္စရာေကာင္းတဲ့အမွားလုပ္ခဲ့တာျဖစ္ပါတယ္။
အဆိုပါပြဲစဥ္မွာဘိုင္ယန္ျမးနစ္ဟာေရာဘတ္လီဝန္ေဒါ့စကီး၊
ကိုးမန္းတို႔ရဲ႕ဂိုးျဖင့္ခ်န္ပီယံလိဂ္မွာရာႏႈန္းျပည့္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ဘိုင္ယန္ျမဴးနစ္ဟာပြဲခ်ိန္၂၈မိနစ္မွာႏူအာရဲ႕အမွားေၾကာင့္
ခက္ခဲတဲ့ပြဲတစ္ပြဲႀကဳံရလုနီးပါးျဖစ္ခဲ့ပါတယ္။
ဘိုင္ယန္ကဒိုင္နမိုရဲ႕တိုက္စစ္ကိုခုခံခ်ိန္မွာေဘာလုံးကႏူအာရဲ႕
ေျခာက္ကိုက္စည္းအတြင္းသို႔ေရာက္လာပါတယ္။
ဂိုးသမားခ်က္ခ်င္းေျပးထြက္ၿပီးဆီးႏွင္းမ်ားျပည့္ေနတဲ့ျမက္ခင္းမွာ
ေဘာလုံးကိုရွင္းထုတ္ခဲ့ပါတယ္။ဒါေပမယ့္ႏူအာရဲ႕ကန္ခ်က္က
လြဲေခ်ာ္သြားၿပီးေဘာလုံးကဂိုးေပါက္ဆီသို႔ဦးတည္လိမ့္သြားပါတယ္။
ဂိုးသမားဟာေဘာလုံးကိုေငးၾကည့္႐ုံသာတတ္ႏိုင္ၿပီးဒိုင္နမိုတို႔ဂိုးရမယ့္
အေနအထားျဖစ္ခဲ့ပါတယ္။ကံေကာင္းခ်င္ေတာ့ေဘာလုံးကတိုင္ထိသြားခဲ့ပါတယ္။
ယင္းအျဖစ္အပ်က္ၿပီး၁၄မိနစ္အၾကာမွာလီဝန္ေဒါ့စကီးက Overhead Kick ျဖင့္
ဘိုင္ယန္အတြက္ဦးေဆာင္ဂိုးစတင္သြားခဲ့ပါတယ္။လီဝန္ေဒါ့စကီးဟာ
ဖိနပ္ႀကိဳးေျဖေနခ်ိန္မွာယင္းဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္အတြက္ဒုတိယဂိုးကိုပထမပိုင္းမၿပီးခင္ကိုးမန္းကထပ္မံသြင္းယူခဲ့ကာ
ဒိုင္နမိုအတြက္ႏွစ္သိမ့္ဂိုးကိုဒုတိယပိုင္းမွာသြင္းယူခဲ့ပါတယ္။