ဘယ်လို အခြေအနေမှာ ဘိုင်လီက မက်ဂွိုင်းယားရဲ့ အကောင်းဆုံး အတွဲအဖက်ဖြစ်လာမယ်ဆိုတာ ပြောပြလိုက်တဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က နောက်ခံလူ ဘိုင်လီသာ ဒဏ်ရာကင်းစင်နေမယ်ဆိုရင် မက်ဂွိုင်းယားရဲ့အတွဲအဖက်ကောင်းဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

ဘိုင်လီဟာ ၂၀၁၆ ခုနှစ် ဗီလာရီးရဲလ်ကနေ ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ အိုင်ဗရီကို့စ်သားဟာ ယူနိုက်တက်နဲ့ပထမရာသီမှာပဲ အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား နဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

၂၀၁၉ – ၂၀ ရာသီမှာတော့ ဘိုင်လီဟာ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းမှာ ၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ်တို့အတွဲနောက်မှသာ ပါဝင်ခွင့်ရရှိတော့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတော့ ဘိုင်လီတစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ အသက် ၂၆ နှစ်သားကို ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ ပွဲထုတ်ခဲ့ပြီး ပြီးခဲ့တဲ့သောကြာနေ့က ဗီလာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ဘိုင်လီဟာ အဆိုပါပွဲမှာ ဗီလာအသင်းချေပဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကို ကာကွယ်နိုင်ခဲ့သလို အသင်းနောက်တန်းကိုလည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ ဖာဒီနန်ကတော့ ဘိုင်လီသာကြံ့ခိုင်မှုပြည့်ဝနေရင် မက်ဂွါရီနဲ့အကောင်းဆုံးအတွဲအဖက်ဖြစ်လာနိုင်တယ်လို့ ထင်မြင်နေပါတယ်။

“ယူနိုက်တက်နောက်တန်းမှာ ဘိုင်လီသာ ကြံ့ခိုင်မှုပြည့်ဝနေရင် မက်ဂွိုင်းယားနဲ့ အဆင်ပြေနိုင်ပါတယ်။ ဘိုင်လီက ကြံ့ခိုင်မှုအပိုင်းပဲ လိုအပ်နေတာပါ။

သူဒဏ်ရာပြဿနာတွေနဲ့ပဲ ရုန်းကန်နေရတာက တော်တော်ဆိုးပါတယ်။ မက်ဂွါရီ နဲ့ ဘိုင်လီတွဲလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ ဒီနေ့ခေတ်မော်ဒန်ဘောလုံးလောကမှာ နောက်တန်းကစားသမားတွေက လျင်မြန်ဖို့ လိုအပ်ပါတယ်။ ဘိုင်လီမှာ အဲ့စွမ်းဆောင်ရည်တွေရှိနေပါတယ်။ ကံဆိုးတာက သူ့ရဲ့ကြံ့ခိုင်မှုအပိုင်းက အကောင်းဆုံးအနေအထားမှာ ရှိမနေတာပါ”လို့ ဖာဒီနန်းက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဗီလာကိုအနိုင်ရရှိခဲ့တာကြောင့် လီဗာပူးနဲ့ အမှတ်တူအနေအထားကို ရောက်လာခဲ့ပြီး ဘန်လေအသင်းနဲ့ပွဲကစားဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။

ဖာဒီနန်က ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကို ထိန်းနိုင်မယ်ဆိုရင် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ယူနိုက်တက်မှာ ပေါ့ဂ်ဘာ ၊ မာရှယ် ၊ ရက်ရ်ှဖို့ဒ် ၊ မေဆင်ဂရင်းဝုဒ်တို့လို ထိပ်တန်းကစားသမားတွေရှိနေပါတယ်။ သူတို့သာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ရင် ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာ သေချာပါတယ်”လို့ ဖာဒီနန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘယ္လို အေျခအေနမွာ ဘိုင္လီက မက္ဂြိဳင္းယားရဲ႕ အေကာင္းဆံုး အတြဲအဖက္ျဖစ္လာမယ္ဆိုတာ ေျပာျပလိုက္တဲ့ ဖာဒီနန္

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က ေနာက္ခံလူ ဘိုင္လီသာ ဒဏ္ရာကင္းစင္ေနမယ္ဆုိရင္ မက္ဂြိဳင္းယားရဲ႕အတြဲအဖက္ေကာင္းျဖစ္လာမယ္လို႔ ယံုၾကည္ေနပါတယ္။ ဘိုင္လီဟာ ၂၀၁၆ ခုႏွစ္ ဗီလာရီးရဲလ္ကေန ေရာက္ရွိလာျပီးေနာက္ ေျခစြမ္းေကာင္းေတြျပသႏုိင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔သာ ရင္ဆိုင္ခဲ့ရပါတယ္။ အိုင္ဗရီကုိ႔စ္သားဟာ ယူႏုိက္တက္နဲ႔ပထမရာသီမွာပဲ အသင္းနဲ႔အတူ ယူရိုပါလိဂ္ဖလား နဲ႔ လိဂ္ဖလားတို႔ကို ရယူႏုိင္ခဲ့ပါတယ္။

၂၀၁၉ – ၂၀ ရာသီမွာေတာ့ ဘိုင္လီဟာ ဆိုးလ္ရွားရဲ႕ယူႏုိက္တက္အသင္းမွာ ၄ ပြဲသာ ပါ၀င္ကစားခြင့္ရရွိခဲ့ျပီး မက္ဂြါရီ ၊ လင္ဒီေလာ့ဖ္တို႔အတြဲေနာက္မွသာ ပါ၀င္ခြင့္ရရွိေတာ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီဇင္ဘာလေနာက္ပိုင္းမွာေတာ့ ဘိုင္လီတစ္ေယာက္ စြမ္းေဆာင္ရည္ေကာင္းေတြဆက္တိုက္ျပသႏိုင္ခဲ့ပါတယ္။ ဆုိးလ္ရွားဟာ အသက္ ၂၆ ႏွစ္သားကို ျပိဳင္ပြဲစံုေနာက္ဆံုး ၄ ပြဲမွာ ပြဲထုတ္ခဲ့ျပီး ျပီးခဲ့တဲ့ေသာၾကာေန႔က ဗီလာကို ၂-၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲမွာလည္း ပါ၀င္ခဲ့ပါတယ္။ ဘိုင္လီဟာ အဆိုပါပြဲမွာ ဗီလာအသင္းေခ်ပဂိုးရႏုိင္ေလာက္တဲ့ အခြင့္အေရးကို ကာကြယ္ႏုိင္ခဲ့သလို အသင္းေနာက္တန္းကိုလည္း ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဖာဒီနန္ကေတာ့ ဘုိင္လီသာၾကံ့ခိုင္မႈျပည့္၀ေနရင္ မက္ဂြိဳင္းယားနဲ႔အေကာင္းဆံုးအတြဲအဖက္ျဖစ္လာႏိုင္တယ္လို႔ ထင္ျမင္ေနပါတယ္။ “ယူႏိုက္တက္ေနာက္တန္းမွာ ဘုိင္လီသာ ၾကံ့ခိုင္မႈျပည့္၀ေနရင္ မက္ဂြါရီနဲ႔ အဆင္ေျပႏိုင္ပါတယ္။ ဘိုင္လီက ၾကံ့ခိုင္မႈအပိုင္းပဲ လိုအပ္ေနတာပါ။ သူဒဏ္ရာျပႆနာေတြနဲ႔ပဲ ရုန္းကန္ေနရတာက ေတာ္ေတာ္ဆိုးပါတယ္။ မက္ဂြိဳင္းယား နဲ႔ ဘိုင္လီတြဲလိုက္ရင္ အဆင္ေျပႏုိင္ပါတယ္။
ဒီေန႔ေခတ္ေမာ္ဒန္ေဘာလံုးေလာကမွာ ေနာက္တန္းကစားသမားေတြက လ်င္ျမန္ဖို႔ လိုအပ္ပါတယ္။ ဘိုင္လီမွာ အဲ့စြမ္းေဆာင္ရည္ေတြရွိေနပါတယ္။ ကံဆိုးတာက သူ႕ရဲ႕ၾကံ့ခုိင္မႈအပိုင္းက အေကာင္းဆံုးအေနအထားမွာ ရွိမေနတာပါ”လို႔ ဖာဒီနန္းက ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဗီလာကိုအႏုိင္ရရွိခဲ့တာေၾကာင့္ လီဗာပူးနဲ႔ အမွတ္တူအေနအထားကို ေရာက္လာခဲ့ျပီး ဘန္ေလအသင္းနဲ႔ပြဲကစားဖို႔ က်န္ရွိေနတာျဖစ္ပါတယ္။ ဖာဒီနန္က ဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ တည္ျငိမ္တဲ့စြမ္းေဆာင္ရည္ကို ထိန္းႏိုင္မယ္ဆိုရင္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ “ယူႏုိက္တက္မွာ ေပါ့ဂ္ဘာ ၊ မာရွယ္ ၊ ရက္ရ္ွဖို႔ဒ္ ၊ ေမဆင္ဂရင္း၀ုဒ္တို႔လို ထိပ္တန္းကစားသမားေတြရွိေနပါတယ္။ သူတို႔သာ တည္ျငိမ္တဲ့စြမ္းေဆာင္ရည္ကိုျပသႏိုင္ရင္ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္မွာ ေသခ်ာပါတယ္”လို႔ ဖာဒီနန္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။